For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Friday 28 February 2014

NDF သတင်းထုတ်ပြန်ချက် အမှတ် (၉-၂၀၁၄) >>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ
သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက် အမှတ် (၉-၂၀၁၄)
ရက်စွဲ။ ၂၆-၂-၂၀၁၄

NDF ပါတီ မန္တလေးတိုင်း စဥ့်ကိုင်မြို့နယ်ရုံးဖွင့်ပွဲ ကျင်းပ
         ၂၁-၂-၂၀၁၄ ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ စဥ့်ကိုင်မြို့နယ်၊ ဆီဆုံကျေးရွာ၊ ဦးတင်ထွန်းအောင်နေအိမ်တွင် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ စဥ့်ကိုင်မြို့နယ်စည်းရုံးရေး ကော်မတီ ရုံးဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
         ထိုအခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ  ပါတီဒုခေါင်းဆောင် ဦးတိုးပို၊ ဗဟိုအလုပ်အမှု ဆောင်ကော်မတီဝင်များဖြစ်ကြသော  လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်နှင့် ဦးအောင်ဇင်၊ ဦးခင်မောင်သန်းဦးဆောင်သော မန္တလေးတိုင်းစည်းရုံးရေးကော်မတီဝင်များ၊ လူငယ်အဖွဲ့ဝင်များ၊ စဥ့်ကိုင်မြို့နယ် ပါတီဝင်များ စုစုပေါင်း လူဦးရေ ၁၀၀ကျော် တက်ရောက်ခဲ့သည်။
         အခမ်းအနားတွင် သဘာပတိအဖြစ် ပါတီဒုခေါင်းဆောင် ဦးတိုးပိုက အမှစကားပြောကြားခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်က လယ်ယာမြေကိစ္စများနှင့်ပတ်သက်၍ ဆောင်ရွက်သင့်သည်များကို ရှင်းလင်းပြောကြားခဲ့သည်။ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က လွှတ်တော်တွင်း ဆောင်ရွက်နေမှု များကို ရှင်းလင်းပြောကြားခဲ့သည်။
         ထို့နောက် စဥ့်ကိုင်မြို့နယ်အတွင်းရှိ NDF ရပ်ကျေးဆိုင်းဘုတ်တင်မည့် ကျေးရွာ ၁၀ ရွာကို ပါတီဆိုင်း ဘုတ်နှင့် ပါတီအလံ ပေးအပ်ပွဲကို ဆက်လက်ပြုလုပ်ပြီး ပါတီခေါင်းဆောင်များက ကျေးရွာစည်းရုံးရေးဥက္ကဌများ ကို ပါတီအလံနှင့်ဆိုင်းဘုတ်များကို ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
         ညနေပိုင်းတွင် မန္တလေးတိုင်းစည်းရုံးရေးကော်မတီရုံးတွင် မန္တလေးတိုင်းစည်းရုံးရေးကော်မတီဝင်များ၊ မြို့နယ်စည်းများနှင့်တိုင်းလူငယ်အဖွဲ့ဝင်များနှင့် ဗဟိုဌာနချုပ်ခေါင်းဆောင်များ တွေ့ဆုံပွဲ ကျင်းပခဲ့ပြီး မန္တလေးတိုင်း အတွင်းရှိ ပါတီစည်းရုံးရေးအခြေအနေများနှင့် ရှေ့ဆက်လက်ဆောင်ရွက်သင့်သည်များကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။


နယ်သာလန်အခြေစိုက် MMDP နှင့် ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် FDA  တွေ့ဆုံမည်
         နယ်သာလန်အခြေစိုက် Myanmar Multiparty Democracy Programme. MMDP မှ ဌာနကိုယ်စားလှယ်နှင့် ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် FDA ပါတီကိုယ်စားလှယ်များ တွေ့ဆုံပွဲကို လာမည့် ၂၇-၂-၂၀၁၄ ရက်နေ့ နေ့လည် ၂း၀၀နာရီတွင် အင်းလျားလမ်းရှိ Happy Noddle Restaurant တွင် ကျင်းပပြုလုပ် မည် ဖြစ်သည်။ ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် ပါတီများကို ဖိတ်ကြားထားပြီးဖြစ်ပြီး NDF ပါတီမှ ပါတီဥက္ကဌ ဦးခင်မောင်ဆွေနှင့်အဖွဲ့ တက်ရောက်ရန် ရှိကြောင်း သိရှိရသည်။


NDFပါတီ ပဲခူးမြို့နယ် နန်းတော်ရာရပ်ကွက် ရုံးဖွင့်ပွဲပြုလုပ်
၂၃-၂-၂၀၁၄ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ နန်းတော်ရာရပ်ကွက် NDF ပါတီ ဆိုင်းဘုတ်တင်ပွဲ ကို ကျင်းပပြုလုပ်ခဲ့သည်။ ပဲခူးတိုင်းစည်း၊ ဗဟိုဦးစီးကော်မတီဝင် လမ်းပြကြယ်ဦးအေးမြင့်က အမှာစကားပြော ကြား၍ ဖွင့်လှစ်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။


NDF ပါတီ ကျောက်တံခါးမြို့နယ် ရပ်ကျေးဆိုင်းဘုတ်တင်ပွဲပြုလုပ်မည်
ပဲခူးတိုင်းဒေသကြီး ကျောက်တံခါး မြို့နယ် ဆီဆုံကုန်းကျေးရွာတွင် အမျိုးသားဒီမိုကရေစီအင် အားစုပါတီ ndf ၏ ရပ်ကျေး ရုံး ဖွင့်ပွဲ ကို ၁ .၃.၂၀၁၄ ရက်နေ့ တွင် ကျင်းပမည် ဖြစ်သည်။ ရန် ကုန် မန္တလေး အမြန် လမ်းမကြီးဘေး မိုင်တိုင် အမှတ် ၈၀ မိုင်တွင် ဖွင့်လှစ်မည် ဖြစ်သည်။ NDF ပါတီအနေုဖြင့် အမြန်လမ်းတစ်လျှောက်တွင် မိုင်တိုင် ၇၅ မိုင်နှင့် မိုင်တိုင် ၉၄ တွင် ပါတီရပ်ကျေးရုံးများ ဖွင့်လှစ်ထားပြီး ဖြစ်သည်။ ဗဟိုဌာနချုပ်မှ ဒုဥက္ကဌ ဦးစိန်လှဦးနှင့် အတွင်းရေးမှူးအဖွဲ့ဝင်များ၊ ပြန်ကြားရေးအဖွဲ့များ တက်ရောက် ရန်ရှိပါသည်။ 


>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment