For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Tuesday 25 February 2014

ကောလင်းမီဒီတာဂရု၏ အယ်ဒီတာအာဘော် >>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

   ယခုနှစ် ဇန်န၀ါရီလအတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊
ပင်လည်ဘူးမြို့နယ်အတွင်း တရားမ၀င်
သစ်ခိုးထုတ်နေမှုအပေါ် တွေ့ရှိနေသော တာဝန်သိ ပြည်သူအချို့မှ
တိုင်ကြားမှုအပေါ်အရေးယူ ဆောင်ရွက်မှု
နည်းပါးသဖြင့် သစ်ခိုးထုတ်မှုများ များပြားလာကာ သစ်တောဖြုန်းတီးမှုများ
ဖြစ်ပေါ်လာနိုင်သည့်အတွက်
အဆိုပါ ဒေသတွင် ဖွံ့ဖြိုးရေး လမ်း/တံတားများ အကြောင်းပြကာ
သစ်စက်(၅၀)ကျော်ခန့်ရှိနေပြီး
သစ်ခိုးထုတ်သူများသည် သစ်ထုတ်လေးလမ်းဟောင်းများကို အမှီပြု၍  သစ်စက်တည်ကြကာ
သစ်ထုတ်မည့် ကားလမ်း မရှိသဖြင့် ဒေသခံများစိုက်ပျိုးကြသည့်
ပဲခင်း၊နှမ်းခင်းတို့တွင် ခုတ်ပြီးသား
သစ်များကို ဆင်တွေငှားရမ်းပြီး ဆွဲတာကြောင့် ဒေသခံများနှင့်
သစ်ခိုးထုတ်ဿသူများ ပြဿ     နာမကြာခဏ
ဖြစ်ရကြောင်း သစ်ခိုးထုတ်သူများ တာဝန်သိပြည်သူအချို့မှ
သတင်းပေးတိုင်တန်းခြင်း၊သစ်ခိုး
ထုတ်
သည့်နေရာများအား လိုက်လံပြသပေးပါက ထိုသူများအား
ရန်ပြုခံရခြင်း၊ဓါးနှင့်လိုက်ခုတ်ခြင်းများ
ကြုံတွေ့ရပြီး တိုင်ကြားပါက ထိထိရောက်ရောက် အရေးယူခဲ့တာမျိုး
မရှိခဲ့ကြောင်းဟု အပတ်စဉ်ထုတ်
ဂျာနယ်များတွင် ဖတ်ရှုလိုက်ရသည်။
           သို့သော် သစ်တောပြုန်းတီးခြင်းနှင့် သစ်တောအဆင့်အတန်း
ကျဆင်းခြင်းကိုဖြစ်စေသော
တရားမ၀င် သစ်ထုတ်လုပ်ခြင်းအား ယခုနှစ်အတွင်း
ကောလင်း-၀န်းသို-ပင်လည်ဘူးမြို့နယ်များရှိ
သစ်တောဝန်ထမ်းများသည် ဆက်စပ်သည့်မြို့နယ်များအချင်းချင်း
ပူးပေါင်းဆောင်ရွက်ကာ နယ်မြေ
ရှင်းလင်းခြင်း၊စစ်ကြောင်းအသွင်ဖြင့် ဖမ်းဆီးခြင်းများ ဆောင်ရွက်ရာတွင်
တရားမ၀င်သစများအား
အများအပြား ဖမ်းဆီးရမိလျှက် ရှိကြောင်း သိရှိရပါသည်။
           ယုခုထက် ထိရောက်ရန်အတွက် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှု
လိုက်နာမှုရှိနေသေး
ကြောင်းလည်းတွေ့ရှိရပေသည်။ သစ်တောဦးစီးဌာနမှ တရားမ၀င်သစ်များ လျော့နည်းပပျောက်
ရေးအတွက် တစ်လလျှင် (၂)ကြိမ် ဟောပြောပွဲများပြုလုပ်လျှက်ရှိရာ ၎င်းဟောပြောပွဲများတွင်
သစ်ပင်သစ်တောများ၏ အကျိုးကျေးဇူးဟောပြောခြင်း၊သစ်တောဥပဒေအကြောင်း ဆွေးနွေး
အသိပေးခြင်း  ၊ သစ်ပင်စိုက်ရန် လုံ့ဆော်မှုများအဖြစ် လက်ကမ်းစာဆောင်များ ဖြန့်ဝေ
ဆောင်ရွက်ခဲ့သည်။ထို့အပြင် ကြိုးဝိုင်းကြိုးပြင် ကာကွယ်တောများအတွင်း
မီးရှို့ခြင်း၊
သစ်ပင်ခုတ်ခြင်း၊လယ်ယာချဲ့ ထွင်ခြင်း၊မီးသွေးဖုတ်ခြင်းမျာ
မဆောင်ရွက်နိုင်ရန်အတွက်
သတိပေးဆိုင်းဘုတ်များ၊ ကြိုးဝိုင်းဆိုင်းဘုတ်၊ ပညာပေးဆိုင်းဘုတ်များ စိုက်ထူအသိပေး
ထားကြောင်းလည်း တွေ့ရှိရသည်။
          သစ်တောပျက်စီးခြင်းနှင့် ဆင်းရဲနွမ်းပါးမှု
ဆက်စပ်လျှက်ရှိပေသည်။သစ်ပင်သစ်တောများသည်
ဘိုးဘွားများထံမှ ရရှိသော အမွေမဟုတ်ပါ၊ မိမိသားသမီး မြေး၊မြစ်များ ထံမှ
ချေးငှားထားခြင်း
ဖြစ်ပါသည်။ ထို့အတွက် အမှန်တကယ် လိုအပ်သလောက်သာ ထုတ်ယူသုံးစွဲသင့်သည်။
စီးပွားဖြစ်အလိုငှာ ထုတ်ယူရောင်းချမှုများကို ရှောင်ကြဉ်ရမည်ဖြစ်ပါသည်။
သစ်ပင်သစ်တော
မရှိ၍ ရာသီဥတု ဖောက်ပြန်မည်။ ရာသီဥတုဖောက်ပြန်၍ သီးနှံထွက်နှုန်းထိခိုက်ပါက မိသားစု
ဝင်ငွေ လျှော့နည်းသွားမည် ဖြစ်သည်။
         နှစ်စဉ် ပွင့်လင်းရာသီရောက်ပါက တရားမ၀င်သစ်ခိုးထုတ်သူများသည်
သစ်တောဝန်ထမ်း
များ၏ တာဝန်ယူရသည့် သစ်တောဧရိယာကျယ်ပြန့်ပြီး ၀န်ထမ်းအင်အားနည်းပါးခြင်း ၊သစ်တော
လုပ်ငန်းများပြားခြင်းတို့ကို အခွင့်ကောင်းယူကာ
အထိုင်ဖုန်း၊လက်ကိုင်ဖုန်းများဖြင့် ကြားခံပွဲစား
များနှင့် ခိုးထုတ်ယူနေခြင်းတို့ဖြစ်သည်။ထို့ကြောင့် သစ်တောဧရိယာသည်
ခြံစည်းရိုးကဲ့သို့
ခတ်ထားခြင်းမရှိသည့်အတွက် ဒေသခံပြည်သူများမှ သစ်တောဝန်ထမ်းများနှင့် ပူးပေါင်းမှသာ
ပြည်သူကောင်းမှ သစ်တောကောင်းမည် ဖြစ်ပေသည်။

             (စိုင်းလူမင်း-အယ်ဒီတာ)

             Kawlin Media Group
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
 

No comments:

Post a Comment