For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Tuesday, 11 February 2014

နစ်နာမှုအားတာဝန်ယူဖြေရှင်ပေးမှုမရှိခြင်းအပေါ် တာဝန်ယူဖြေရှင်းပေးရန် တင်ပြခြင်း။ >>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

(၁.၁၂.၂၀၁၃) ရက်နေ့ တနင်္ဂနွေနေ့ ၂၃း၃၀ မိနစ်ခန့်အချိန်တွင် အိမ်အမှတ် ၄၀၀ ဗညားနွဲ့လမ်း ၃၈ ရပ်ကွက် မြောက်ဒဂုံနေ ယဉ်မောင်း ဇော်မင်းထွဋ် အရက်မူးပြီးမောင်းနှင်လာသော Taxi  ၉ဃ / ၃၅၆၅ Misubishi Colt Model 2007 မော်တော်ယာဉ်သည် အရှိန်များပြီး မထိန်းနိုင်ဘဲ (၂၈) ရပ်ကွက် မြောက်ဒဂုံ မြနန်းသစ်တည်းခိုခန်းနှင့် ပင်လုံဆေးရုံကြား တထောင်ဆစ်ကွေ့တွင် မကွေ့ဘဲ မြောင်းထဲသို့ အရှိန်နှင့်ထိုးကျသွားရာ ကားမှာအများကြီးပျက်ဆီးသွားပါသည်။
ကားပေါ်ပါယာဉ်မောင်းဇော်မင်းထွဋ်သည် ကားချောက်ထဲထိုးကျစဉ် ဦးခေါင်းတွင်ဒဏ်ရာရပြီး မြောက်ဥက္ကလာပဆေးရုံတွင် အိမ်ပေါ်မှ ပြုတ်ကျသည်ဟု ညာပြောကာ ၄င်းညတွင်၂၄ နာရီ ဆေးကုသမှုခံယူကာဦးခေါင်းအား ၆ ချက်ခန့်ချုတ်ခဲ့ရပါသည်။
ထိုသို့မော်တော်ယဉ်ချောက်ထဲကျစဉ် အမှတ် ၃၃၉/ က ကင်းဝန်လမ်း ၃၈ ရပ်ကွက် မြောက်ဒဂုံနေ သော်ထိုက်ဇော်နှင့်ဖြိုးမင်းသန့် ညီအစ်ကို နှစ်ဦးလိုက်ပါခဲ့ရာ ဖြိုးမင်းသန့်မှာ ရှေ့လေအိတ်ပွင့်ပြီး အပူထိရာမှ ညှပ်ရိုးနှင့်ဦးခေါင်းအနည်းငယ်ထိခိုက်ခဲ့ပြီး မြောက်ဒဂုံငြိမ်းဆေးခန်းတွင်ဆေးကုသမှုခံယူခဲ့ပါသည် သော်ထိုက်ဇော်မှာ ညာဘက်လက်ကောက်ဝတ် အဆစ်ဟပြီး အရိုးအက်သွားသောကြောင့် သင်္ကန်းကျွန်းမြို့နယ် စံပြဈေးအနီး နေ၀န်းနီတရုတ်တိုင်းရင်းဆေးခန်းတွင် မိမိငွေကြေးဖြင့်ဆေးကုသမှုခံယူ ခဲ့သော်လည်းယခုအခါငွေကြေးအခက်အခဲများစွာရှိနေသောကြောင့် ဆေးကုသမှုကိုရပ်ဆိုင်းထားရပါသည်။ယာဉ်မောင်းဇော်မင်းထွဋ်မှာလည်း ကြည့်ရှုထောက်ပံ့ပေးမှုလုံးဝ မရှိပါသောကြောင့် သတ်ဆိုင်ရာတာဝန်ရှိသူများမှ လိုအပ်သလို အရေးယူဆောင်ရွက်အကူအညီပေးပါရန် တင်ပြအပ်ပါသည်။

>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment