For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Thursday 20 February 2014

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ကောလင်း၊၀န်းသို၊ ပင်လည်ဘူး ဒေသများတွင် ကွန်ကရစ်အုတ်များ ပိုမိုထုတ်လုပ်သုံးစွဲသင့် >>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

စစ်ကိုင်းတိုင်းဒေသကြီး၊ကောလင်း
၊၀န်းသို၊ပင်လည်ဘူးဒေသများတွင်
ပွင့်လင်းရာသီရောက်သီရောက်လာသည်နှင့် နေအိမ်အဆောက်အဦးများ၊
သာသနိကအဆောက်အဦးများ၊
လမ်းတံတားများ နှစ်စဉ်ဆောက်လုပ်ရာတွင် လယ်မြေ၊ယာမြေများမှ
ရွံ့စေးမြေများကို ထင်းဖြင့် မီးဖုတ်၍
ထုတ်လုပ်ရသော အုတ်ဖုတ်လုပ်ငန်းများ အသုံးပြုမှုများလာသဖြင့်
နှစ်စဉ်သစ်တောပြုန်းတီးမှုများ
ကြုံတွေ့နေရသဖြင့် ယခုအခါ ကောလင်းမြို့ပေါ်တွင် မြေအုတ်များအစား
ကွန်ကရစ်အုတ်များ လုပ်ကိုင်
လာကြကြောင်း သိရသည်။
        " ကွန်ကရစ်အုတ်ကို ဘိလပ်မြေ၊သဲ၊ကျောက်မှုန့်တို့နှင့်
အချိုးကျရောစပ်ပြီး ရေနှင့်မာကျော
ခိုင်မာအောင်ပြုလုပ်ရတာကြောင့် ထင်းမီးလောင်စာတွေကို သုံးစွဲဖို့
မလိုတော့ဘူးဗျာ အဲ့ဒီတော့ ဘိလပ်မြေ
 ရဲ့ဆွဲအားကြောင့် အချိန်တန်ရာမာကျောပြီး ရက်ပိုင်းအတွင်းမှာ
အသုံးပြုနိုင်ပါတယ် ကျွန်တော်တို့ဆီမှာ
 ကွန်ကရစ်အုတ်ကို  ပုံစံခွက်များနှင့် အရွယ်အစားအတိအကျကို
သေသပ်ညီညာစွာထုတ်လုပ်ပါတယ် ကျွန်တော်ကတော့လတ်တလော
ပြည်တွင်းမှာတီတွင်ထုတ်လုပ်တဲ့ မန္တလေးစက်မှုဇုန်ကစက်တွေနဲ့
ထုတ်လုပ်ပါတယ်ယခုလက်ရှိ မြေအုတ်ဈေးနှုန်းက အုတ်(၁)ချပ်ကို
(၁၂၀)ဈေးပေါက်နေချိန်မှာ
 ကျွန်တော့်စက်ရုံကတော့ ကွန်ကရစ်အုတ်(၁)ချပ်ကို (၈၀)ကျပ်နဲ့ဝယ်ယူသူတွေရဲ့အိမ်ကိ
 အိမ်တိုင်ယာရောက် ပို့ဆောင်ပေးတဲ့စနစ်နဲ့ရောင်းချနေပါတယ်" ဟု KAT
မိသားစု အဆင့်မြင့်ကွန်ကရစ်လုပ်ငန်းလုပ်ကိုင်သူကိုသက်ထွန်းအောင်က
ရှင်းလင်းပြောကြားသည်။
         ယခုအခါ ကောလင်း၊၀န်းသို၊ ပင်လည်ဘူးဒေသများတွင် ကောလင်းမြို့တစ်ခုတည်းသာ
ကွန်ကရစ်အုတ်လုပ်ငန်းကို တွင်တွင်ကျယ်ကျယ်လုပ်ကိုင်နေကြသဖြင့် အလားတူ
ဝန်းသို ၊ပင်လည်ဘူး
ဒေသများတွင်လည်း ပြည်တွင်းမှတီတွင်သော
စက်မှုဇုန်မှစက်များဖြင့်လည်းကောင်း၊ခေတ်မီစက်မှု
နိုင်ငံများဖြစ်သော တရုတ်၊ကိုရီးယားစက်ကြီးများဖြင့်လည်း
တွင်တွင်ကျယ်ကျယ် ထုတ်လုပ်ပါက ဈေးနှုန်းသက်သာပြီးလူလည်း
သုံးစွဲနိုင်သောအဆင့်သို့ ရောက်ရှိလာမည်ဖြစ်သည်။
         ရွံ့စေးမြေဖြင့်ထုတ်လုပ်သော မြေအုတ်များသည် မိုးတွင်းကာလတွင်
လုပ်ငန်းများရပ်နားထား
ကြရပြီး နွေကာလတွင်ထုတ်လုပ်ထားသော နွေအုတ်များကို အုတ်ကုန်သည်များက
သိုလှောင်ထားကြပြီး
မိုးတွင်းကာလတွင် အုတ်မထုတ်နိုင်သဖြင့် အုတ်သိုလှောင်သည့်ကုန်သည်များက
ဈေးတင်ရောင်းချ
သဖြင့် ဈေးနှုန်းတည်ငြိမ်မှုမရှိကြောင်း ကွန်ကရစ်အုတ်လုပ်ငန်းသည်
ရာသီမရွေးထုတ်လုပ်နိုင်သဖြင့်
တစ်နှစ်ပတ်လုံး တည်ငြိမ်သော ဈေးနှုန်းဖြင့်
ထုတ်လုပ်ရောင်းချနိုင်သည်။ဈေးနှုန်းတည်ငြိမ်စွာဖြင့်
ရောင်းချရန်အတွက် ဘိလပ်မြေဈေးငြိမ်မှသာ ကွန်ကရစ်အုတ်ဈေးမှာလည်း
တည်ငြိမ်စွာဖြင့် ရောင်းချရန်
အတွက်  ဘိလပ်မြေဈေးငြိမ်မှသာ ကွန်ကရစ်အုတ်ဈေး တည်ငြိမ်နေမည်ဖြစ်သည်ဟု
ကွန်ကရစ်အုတ်
လုပ်ငန်းလုပ်ကိုင်သူလုပ်ငန်းရှင်များထံမှ သိရသည်။

                      စိုင်းလူမင်း

               Sailumin35@gmail.com
 
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment