For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Tuesday 25 February 2014

လယ်ယာမြေများပိုင်ဆိုင်မှုနှင့် ယာမြေအတွင်းကျောက်တွင်းတူးဖော်သဖြင် ဆုံးရှုံးပျက်စီးနစ်နာမှု မရှိစေရန် ဥပဒေနှင့်အညီ ဆောင်ရွက်ပေးစေလို >>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

စစ်ကိုင်းတိုင်းဒေသကြီး ၊ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ်၊
ကိုးတောင်ဘို့ကျေးရွာ အုပ်စုတွင် ဦးဆန်းလင်း၏ လုပ်ကိုင်ခွင့်ရကွင်းအမှတ်
(၃၉၀-ဃ)၊ ဦးပိုင်အမှတ် (N-၄၁) ရှိ ယာမြေ (၁၀)ဧကကို
 ဒေသခံ(၇)ဦးဖြစ်သော ဦးချစ်ပို၊ ဦးခင်မောင်စိုး၊
ဦးဝ်ငးနိုင်၊ဦးဖိုးအယ်၊ ဦးတိုင်းချစ်၊ ဦးချောလှ၊ ဦးကိုဦး
တို့မှ ကျူးကျော်၍ ကျောက်ကျင်းများတူးဖော်နေသဖြင့်
အချိန်မှီတားဆီးပေးရန် မြို့နယ်အုပ်ချုပ်ရေးမှုး
သို့ တင်ပြခဲ့ရာတင်ပြစာအရ ကျေးရွာလယ်ယာမြေစီမံခန့်ခွဲမှု
အဖွဲ့မှ ၂၀၁၃
ခုနှစ်၊ ဒီဇင်ဘာ(၃၀)ရက်နေ့
က စာအမှတ်၎/၃၁-၇/ဦး  ၁(၁၉)ဖြင့် အကြောင်းကြားခဲ့ပါသည်။
        ထိုသို့အကြောင်းကြားစာအရ ဦးဆန်းလင်းထံသို့ ရောက်ရှိလာသော
ဆုံးဖြတ်ချက်တွင် ဦးဆန်းလင်း
၏ လုပ်ပိုင်ခွင့်ရရှိထားသည့် ကွင်းအမှတ်(၃၉၀-ဃ)၊ ဦးပိုင်အမှတ်(N-၄၁)ရှိ
ယာမြေ(၁၀)ဧကကို ကျူးကျော်
လုပ်ကိုင်သူ(၇)ဦး၏ လုပ်ကွက်ကျောက်ကျင်းများ အပါအ၀င်နှင့် ၂၀၀၈ ခုနှစ်
မြေစာရင်းဌာန၏ ပုံစံ(၁၀၅/
၁၀၆) မြေပုံအရ (၉.၄၁)ဧကရှိ ယာမြေကို မြေလွတ်မြေရိုင်းအဖြစ်
ပြည်လည်တိုင်းထွာ ဖော်ထုတ်
သတ်မှတ်သွားမည်ဟု  ပါရှိပါသည်။
         ဦးဆန်းလင်းတွင် လယ်ယာကုန်ထုတ်မှတ်တမ်း ၂/၇၀၊
သီးစားမှတ်ပုံတင်စာရင်း ပြောင်းလဲပေးခဲ့
ပြီး မြေစာရင်းဌာနမှ နောက်တိုး(၅)ဧက၊ စုစုပေါင်း
(၁၀)ဧက၊စုစုပေါင်း(၁၀)ဧက၏  လယ်ခွန်တော်ပြေစာများ
တင်ပြထားသည်ကို မြေလွတ်မြေရိုင်းဟု ပြန်လည်ဖော်ထုတ်သတ်မှတ်ရန် ဆုံးဖြတ်သည့်အတွက်
ကျောက်တွင်အား ကျူးကျော်လုပ်ကိုင်သူ ဦးတိုင်းချစ်မှာ
ကျေးရွာအုပ်ချုပ်ရေးမှုး ဦးမြင့်ဦးနှင့်
 မယားညီအစ်ကို တော်စပ်နေသဖြင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့်
မြေတိုင်းစာရေး ဦးကျော်ခိုင်တို့
ပူးပေါင်းကာ လုပ်ပိုင်ခွင့်ရမည်ကို ပြန်လည်ပြီး မြေလွတ်မြေရိုင်းဟု
ဖော်ထုတ်သတ်မှတ်မည်ဟု
ဆုံးဖြတ်ကြသည်ဟု သိရသည်။
       ဦးဆန်လင်း၏ မြေယာအတွင်း အဓမ္မကျူးကျော်နေသည်ကို တွေ့ရှိပါလျှက်
ဆုံးရှုံးခြင်းမရှိ
မမှန်တိုင်ကြားသည်ဟု သတ်မှတ်ပြီး ဦးဆန်းလင်းလုပ်ပိုင်ခွင့်ရနေသည့်
မြေကွက်ကို ပြန်လည်တိုင်း
ထွာသတ်မှတ်ပေးမည်ဟု ဆုံးဖြတ်ချက်မှာလည်း ကျူးကျော်နေသူများဘက်မှ မမှန်ဘက်လိုက်
ခဲ့ကြောင်း ဥပဒေနှင့် ညီညွှတ်မှုမရှိဘဲ ဦးဆန်းလင်း၏ မြေလွတ်အတွင်းကျူ
းကျော်နေသူများကို
ကျောက်တူးလုပ်င်းမှ ရပ်ဆိုင်းထွက်ခွာပေးရန် ဆုံးဖြတ်ချက်မရှိဘဲ
ဦးဆန်းလင်း၏ မယားညီအစ်ကို
ပါဝင်နေသဖြင့် ၎င်းတို့ဘက်မှပင် ထုတ်လုပ်ခွင့်ရရှိရေးအား လမ်းညွှန်သွားမယ်ဟု
ဆုံးဖြတ်ခဲ့ကြ
သည်ဟု ဆိုပါသည်။
        ဦးဆန်းလင်း၏  မြေကွက်ထဲတွင် ကျူးကျော်မှုရှိ/မရှိအား
ကျေးရွာမြေယာကော်မတီက
မြင်တွေ့ သိရှိနေသော်လည်း ကျေးရွာအုပ်ချုပ်ရေးမှုး၏
မယားညီအစ်ကိုပါနေသဖြင့် ကျူးကျော်သူ
များဘက်မှ ဘက်လိုက်ဆုံးဖြတ်ခဲ့ကြောင်းနှင့် အခြားမြေနေရာအငြင်းပွားပါက
ကျေးရွာအုပ်ချုပ်ရေး
မှုးမှ ဖြေရှင်းမှုမပြုခင် နှစ်ဘက်ကို တားဆီးခဲ့သည်ဟု ဆိုပါသည်။
ယခုအမှုတွင်လည်း ဖြေရှင်းမှုများ
မပြုခြင်း တားဆီးခြင်းမပြုခြင်း ကျောက်တူးသမားများကို
လုပ်ကိုင်ခွင့်ပြုနေခဲ့သည်ဟု ဆိုပါသည်။
       ထို့ကြောင့် ဦးဆန်းလင်းမြေထဲ ကျူးကျော်နေခြင်းဟုတ်/မဟုတ်
စစ်ဆေးပြီး ကျူးကျော်နေပါက
မလုပ်ကိုင်ရန် တားမြစ်ရမည်ဖြစ်သည်။ သို့သော် ဦးဆန်းလင်းမြေကွက်ထဲ ကျူ
းကျော်နေသာများ
ဘက်မှပင် ကျောက်ထုတ်ခွင့်အား ဥပဒေနှင့် အညီ ပြန်လည်စီစစ်ပေးလျှက်
ထုတ်လုပ်ခွင့်ရရှိရေး
ကိုသာ ကူညီပေးမည့်သဘော ဆုံးဖြတ်ခဲ့သည်ဟု
ဆိုပါသည်။ကျေးရွာအုပ်ချုပ်ရေးမှုးနှင့် အဖွဲ့သည်
ဦးဆန်းလင်း၏တိုင်ကြားချက်ကို အမှန်တိုင်းမဟုတ်ဘဲ ဆုံးဖြတ်ထားသည်ဟု
ဆိုပါသည်။ ဦးဆန်းလင်း
၏ မြေကွက်သည် ၂၀၀၉ခုနစ်ကလည်း ကျူးကျော်သူများရှိသဖြင့် ထိုစဉ်က မြေတိုင်းစာရေး
 ဦးစိန်အောင်၊ဦးလင်းထင်တို့မှ ဦးဆန်လင်းမြေကွက်ကို
ပေအတိုင်းအတာလာရောက်ဆွဲခဲ့သည်။
ထိုစဉ်က မှတ်သားခဲ့သော ပေအတိုင်းတာနှင့် ကျူးကျော်သူများ
ရောက်ရှိနေသည့် မြေပုံကြမ်းကို
ရေးဆွဲတင်ပြထားသည်ဟု ဆိုပါသည်။
       ထို့ကြောင့် ကျေးရွာမြေယာစီမံခန့်ခွဲမှု အဖွဲ့၏
ဆုံးဖြတ်ချက်များနှင့် ကျူးကျော်နေသူများကို ဖယ်ရှား
ပေးနိုင်ရန် ဥက္ကဌ၊ မြို့ နယ်လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့(ကန့်ဘလူ)သို့
လိပ်မူပြီး  မိတ္တူ ကို ဒေါက်တာ
မြင့်နိုင်၊ အမျိုးသားလွတ်တော်ကိုယ်စလှယ်၊လယ်ယာမြေနှင့်
အခြားမြေများသိမ်းဆည်းမှု စုံစမ်းရေး
ကော်မတီဝန်ကြီးချုပ် တိုင်းဒေသကြီးအစိုးရအဖွဲ့၊မုံရွာမြို့ 
၊တိုင်းဦးစီးမှုး  တိုင်းမြေစာရင်း ဦးစီးဌာန၊
မုံရွာမြို့  နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ကန့်ဘလူမြို့  ၊မြို
့နယ်အုပ်ချုပ်ရေးမှုး ၊မြို့ နယ်အထွေထွေအုပ်
ချုပ်ရေးဦးစီးဌာန ၊ ကန့်ဘလူ၊ကျေးရွာမြေယာစီမံခန့်ခွဲမှု အဖွဲ့သို့
တင်ပြထားသည်ဟု ဆိုပါသည်။
       သို့ဖြစ်ပါ၍  လယ်ယာမြေပိုင်ဆိုင်မှု နှင့် ယာမြေအတွင်း ကျူ
းကျော်ကျောက်တွင်းတူးသဖြင့်
ဆုံးရုံးပျက်စီး နစ်နာမှုရှိသူ ဦးဆန်လင်းနှင့် ယာမြေပိုင်ဆိုင်မှု
အငြင်းပွားမှု ဖြစ်စဉ်များအား မြို့ နယ်
သက်ဆိုင်ရာ အဖွဲ့အစည်းများမှ ဥပဒေနှင့်အညီ ကွင်းဆင်းစစ်ဆေးပေးရန် ဆန္ဒ
ရှိကြသည်ဟု သိရသည်။
 မည်သူ့ကိုမှမနှစ်နာစေလိုသူများ
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
 

No comments:

Post a Comment