For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Tuesday 18 February 2014

ပဋိပက္ခတွေပိုကြီးမားလာမှာကိုစိုးရိမ်နေတဲ့ MyanmarDaily.net Admin >>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

အခုတလော ကိုမြအေး စာပေဟောပြောပွဲ တားဆီးခံရတဲ့ ပြသနာ နဲ့ပါတ်သက်ပြီး ဒီမိုတွေထဲက တစ်ချို့ဟာ သံဃာတော်တွေကို အသေဲအသန် ပစ်မှတ်ထားဝေဖန်တိုက်ခိုက်လာကြတာဟာ
ပြသနာကိုဖြေရှင်းနိုင်မယ့် နည်းလမ်းမဟုတ်ဘူးဆိုတာကို သတိထားကြစေချင်ပါတယ်။

တစ်ဖက်ကကြည့်ရင် အမျိုး ဘာသာ သာသနာ အတွက်စိုးရိမ်ပူပန်နေကြတဲ့ သံဃာ့ အင်အားစုတစ်ခုကို ဝိနည်းနဲ့မညီဘူး သံဃာအတုအယောင်တွေ လို့ အလွယ်တံဆိပ်တပ်ပြီး လွန်လွန်ကျူးကျူးး ဝေဖန်ပြောဆို ရှုတ်ချတိုက်ခိုက် နေကြခြင်းဟာ NLD အပါအဝင် နှစ်ဘက်လုံးအတွက် အကျိုးထက်အပြစ်က ပိုများလာလိမ့်မယ်လို့ပဲမြင်မိပါတယ်။

တစ်ဘက်က အမျိုးသားရေးဝါဒီတွေ ( စစ်တပ် ၊ ကြံ့ဖွံ့၊ ရခိုင်၊ ကချင် တိုင်းရင်းသားတွေအပြင် ၊ ၅၉ စ မပြင်လိုသူ အတိုက်အခံရဲ့ အတိုက်အခံအင်အားစုတွေ ) ၂၀၁၅ မတိုင်မီ တဖြေးဖြေး အင်အားကောင်းလာနေချိန်မှာ သံဃာတော်တွေ နဲ့ ပါထပ်ပြီး အိုးစားကွဲကုန်ရင် NLD နဲ့ ဒေါ်စုအတွက် ထပ်ပြီး" ဗူးလေး ရာဖရုံဆင့်" ဆိုသလိုဖြစ်နေပါလိမ့်မယ်။

သံဃာတော်တွေထဲမှာလည်း အချို့အတွင်းစည်းထဲဝင်ပြီး ပူးသတ်ဖို့ ကြိုးစားနေသူတွေလည်း ရှိကောင်းရှိနေနိုင်ပေမယ့် အားလုံးကို ဝါးလုံးနဲ့ ရမ်းပြီး ပြစ်တင် ရှုတ်ချတာမျိုး မလုပ်ကြဘဲ ဒါကိုဘယ်လိုဖြေရှင်းနိုင်မှာလည်းဆိုတာကို ပူးပေါင်းအဖြေရှာကြရမှာပါ။

အခုပြသာနာတွေကို အခွင့်ကောင်းယူပြီး ဝင်ထောင်းနေတဲ့ ဘာသာခြားတွေကိုတွေ့မြင်ရတာလည်း စိတ်မသက်သာစရာပါ ။
ဆရာ ဒကာ မညီညွတ်ခြင်းရဲ့ ရလဒ်ပေါ့။
အချင်းချင်း မညီမညွတ်ကြပဲ ရန်ဖြစ်နေကြတာနဲ့ " ယာလည်ညက် ကြက်လည်းမော" ဆိုတော့ အဘတို့ကတော့ပို သဘောတွေ့တာပေါ့။ဒီတော့ အာဏာရှင်စနစ်က ပိုပြီးသက်ဆိုးရှည်နိုင်ပြီလေ။

တကယ်ဆိုရင် ဒီမိုကရေစီစနစ်မှာ လူတစ်ဦးတစ်ယောက်ရဲ့ အသားအရောင် သူ့ရဲ့ ကိုးကွယ်ယုံကြည်မှုဟာ သူ့ရဲ့ Identity မဟုတ်ပါဘူး ။ လူသားတိုင်း သူယုံကြည်ရာကို လွတ်လပ်စွာ ကိုးကွယ်ခွင့် အပြည့်အဝရှိရမှာပါ။ မြတ်စွာဘုရားရှင် တောင်မှ ငါဘုရားကိုပဲ ကိုးကွယ် ဆည်းကပ်ရမယ်။ အခြားဘာသာတွေကို လက်မခံရဘူးလို့ ဘယ်တုန်းကမှ မဟောခဲ့ပါဘူး။
ဘယ်ဘာသာဝင်မို့လို့ ဘာမလုပ်ရဘူး ညာမလုပ်ရဘူးဆိုတာကတော့ အသားအရောင် လူမျိုးရေး ဘာသာရေးခွဲခြားမှုဖြစ်နေလို့ ဘုရားရှင်သက်တော်ထင်ရှား ရှိနေခဲ့ရင်လည်း လုံးဝကန့်ကွက် ရှုတ်ချတော်မူမှာပါဘဲ။လူတစ်ယောက်ကို သူ့အသားအရောင် သူကိုးကွယ်တဲ့ ဘာသာနဲ့တိုင်းလို့ မရစကောင်းပါဘူး။သူ့အရည်အချင်း ၊ သူ့လုပ်ရပ် ၊ သူ့စေတနာတွေ နဲ့ပဲတိုင်းတာရမှာပါ။

ဒါပေမယ့် ကျွန်တော်တို့နိုင်ငံမှာ စစ်အာဏာရှင်စနစ်ဆိုးကို မစွန့်လွှတ် ချင်သေးတဲ့ နောက်ကွယ်က ကြိုးကိုင်နေသူတွေရဲ့ စနက်နဲ့ ခိုးဝင် ဘင်ဂါလီ အရေးအခင်းတွေ တစ်ခုပြီးတစ်ခု ဆိုသလို ဆက်တိုက်ပေါ်လာကြတယ်။ အရင်က ဒီမိုကရေစီ ရရှိရေး တစ်ခုတည်းကို တစိုက်မတ်မတ် အော်လာခဲ့ ကြတဲ့ သူတွေတော်တော်များများဟာ ယခုအချိန်မှာ အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး ကို ပြောင်းအော်လာကြတာဟာ ဒီမိုတို့ အနေနဲ့ လစ်လျူ မရှု့ပဲ ထည့်သွင်း စဉ်းစားရမယ့် အနေအထားတစ်ခုကိုရောက်လာနေပြီမို့ ဒီမိုတို့ အနေနဲ့လည်း" ကံကိုယုံပြီး ဆူးပုံမနင်း " သင့်တော့ပါကြောင်း ။

ထို့အတူ ဝိနည်းတော်များကို လေးစားလိုက်နာမှု လုံးဝမရှိကြသော ရဟန်းအတု အယောင်များကိုလည်း ဓမ္မစက် ၊ အာဏာစက် တို့နှင့် ဖယ်ရှား ရှင်းလင်းကာ သာသနာတော် သန့်ရှင်းစင်ကြယ်ရေး လုပ်ဆောင်ကြဖို့ အချိန်တန်ပြီဟုလည်း ထင်မြင်မိပါသည် ။သို့မှသာ ဝိနည်းနှင့် အညီနေထိုင်ကြသော ဆရာတော် သံဃာတော်များကို ပြည်သူများက ယုံမှား သံသယကင်းစွာဖြင့် ကိုးကွယ်ဆည်းကပ် နိုင်ကြခြင်းဖြင့် မိမိတို့ သာသနာတော် ပိုမို စည်ပင်ပြန့်ပွားတိုးတက် လာနိုင်မည်ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။

ပဋိပက္ခတွေပိုကြီးမားလာမှာကိုစိုးရိမ်နေတဲ့
( Admin )

>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment