သမိုင်းတွင်ရစ် နိုင်ငံချစ်သည်
အမိမြန်မာ ပြည်တော်သာကို
တစိ တဆံ ကျူး ကျွံ မခံ
သူရဲကောင်းမည် အာဇာနည်အား
မီးရူး သန့်စင် ဖွားမြင်ခဲ့သည့်
နေ့ရက်(၁၃) တို့အားလုံး
ဘယ်သောခါမှမမေ့ သင့်ပြီ...
သို့ပါသော်ငြား ကျွန်တော့်နားမှာ
ပျို၊ မောင်၊ တို့ကြားရေပန်းစား သည်
ဗယ်လင်တိုင်းမည် ထို အမည် သာ
ထပ်ချည်းကြာရ ခါးလှပါသည်...
ကဲသူကကဲ ဆဲသူဆဲ နဲ့ ဗရမ်းဗတာ
ထိုနေ့ခါမှာ သောက်သူကသောက်
မှောက်သူမှောက်ပြီး ရောင်းသူဝယ်သူ
အသံတူခဲ့ အများညီတော့ ဤ ဖြစ်ပြီ...
အမေကိုကျော် ဒွေးတော်ကိုခ
ဘယ်သူကစ မျိုးစေ့ချခဲ့
ထို (၁၄) ရက် မထူးမြတ်အား
တမ်းတ ကာကြိုရောက်စေလိုသည်
(၁၃)ဘာနေ့မေ့ ခဲ့ ကြ ပြီ...
လွတ်လပ်ပျော်ပါး ထင်းတိုင်းသွားပြီး
လွတ်လပ်စွာနေ တို့ပြည်မြေအား
ချုပ်ခြာအာဏာ တည်တံ့ခိုင်ဖို့
ကြိုးစားခဲ့သူ သူမတူသည့်
နိုင်ငံ့ခေါင်းဆောင် ပြည်ဥသျှောင်ကို
ဖွားမြင် နေ့ ရက် (၁ ၃ ) ရက် အား
သတိတရ ဂုဏ်ပြုကြစို့......
ကြိုနေလျှက်ပါ(၁၃)သာ.......။
မုံရွာသား
>>>>>>>>>>>>>>>>>>>>>
အမိမြန်မာ ပြည်တော်သာကို
တစိ တဆံ ကျူး ကျွံ မခံ
သူရဲကောင်းမည် အာဇာနည်အား
မီးရူး သန့်စင် ဖွားမြင်ခဲ့သည့်
နေ့ရက်(၁၃) တို့အားလုံး
ဘယ်သောခါမှမမေ့ သင့်ပြီ...
သို့ပါသော်ငြား ကျွန်တော့်နားမှာ
ပျို၊ မောင်၊ တို့ကြားရေပန်းစား သည်
ဗယ်လင်တိုင်းမည် ထို အမည် သာ
ထပ်ချည်းကြာရ ခါးလှပါသည်...
ကဲသူကကဲ ဆဲသူဆဲ နဲ့ ဗရမ်းဗတာ
ထိုနေ့ခါမှာ သောက်သူကသောက်
မှောက်သူမှောက်ပြီး ရောင်းသူဝယ်သူ
အသံတူခဲ့ အများညီတော့ ဤ ဖြစ်ပြီ...
အမေကိုကျော် ဒွေးတော်ကိုခ
ဘယ်သူကစ မျိုးစေ့ချခဲ့
ထို (၁၄) ရက် မထူးမြတ်အား
တမ်းတ ကာကြိုရောက်စေလိုသည်
(၁၃)ဘာနေ့မေ့ ခဲ့ ကြ ပြီ...
လွတ်လပ်ပျော်ပါး ထင်းတိုင်းသွားပြီး
လွတ်လပ်စွာနေ တို့ပြည်မြေအား
ချုပ်ခြာအာဏာ တည်တံ့ခိုင်ဖို့
ကြိုးစားခဲ့သူ သူမတူသည့်
နိုင်ငံ့ခေါင်းဆောင် ပြည်ဥသျှောင်ကို
ဖွားမြင် နေ့ ရက် (၁ ၃ ) ရက် အား
သတိတရ ဂုဏ်ပြုကြစို့......
ကြိုနေလျှက်ပါ(၁၃)သာ.......။
မုံရွာသား
No comments:
Post a Comment