For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Saturday 22 February 2014

မိုးဆုံးဆည်အဖြစ် သတ်မှတ်ပေးသည့်အတွက် ယခုနစ် မိုးစပါးရိတ်သိမ်းခြွေလှေ့ ချိန် ဒေသခံတောင်းသူများအဆင်ပြေလျှက်ရှိ >>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

  စိုင်းလူမင်း..... စစ်ကိုင်းတိုင်းဒေကြီး ကောလင်းမြို့နယ်အတွင်း ရေချိုငါးဖမ်းလုပ်ငန်းမှနှစ်စဉ်
လေလံရောင်းချနေသော ဝါးကြီး၂၀၁၃ခုနစ် နိုဝင်ဘာမှ ၂၀၁၄ ဇနဝါရီထိ မိုးစပါးရိတ်သိမ်းခြွေလှေ့ချိန်တွင် ထိုဒေသရှိ လယ်ယာမြေများ ရာခိုင်နှုန်းအောင်မြင်ဖြစ်ထွန်းလျှက်ရှိသည်။ထို့ကြောင့် ၂၀၁၃ ခုနစ် မိုးရာသီတွင် ထိခိုက်နစ်နာခဲ့သော ဝါးရုံခုံ,အင်ပင်သာ,ဥမှင်ကုန်း,သပြေအိုင် အုပ်စုရှိ လယ်ယာမြေများသည် ယခုနှစ်မိုးရိတ်သိမ်းချိန် ကာလ၌ ရာခိုင်နှုန်းပြည့်အောင်မြင်ဖြစ်ထွန်းမှုရှိပါသဖြင့် တိုင်းဒေကြီးအစိုးရအဖွဲ့အား ဒေသခံတောင်းသူများမှဝမ်းမြှောက်ဝမ်းသာအထူးကျေးဇူးတင်လျှက် ရှိကြသည်ဟု သိရသည်။
      ကောလင်းမြို့နယ် ရေချိုငါးလုပ်ငန်းမှ နှစ်စဉ်လေလံတင်ရောင်းချနေသော ဝါးကြီးတောဆည်သည် ဒေါင်းမြူးချောင်း,ဒီးဒုတ်ချောင်း,စင်လင်းချောင်းအားလုံးပေါင်းဆုံစီးဆင်းလာသော ဒေါင်းမြူးချောင်းတွင် ငါးဖမ်းယူရန်အတွက် ဝါးကြီးတောဆည်ကို တည်ဆောက်ခြင်းကြောင့် အဆိုပါဆည်ပိတ်ဆို့ထားသည့်အတွက် နှစ်စဉ် လယ်ယာမြေဧက(၅၀၀၀)ကျော်ခန့် ရေနှစ်မြုပ်ပျက်ဆီးစေပြီး ၂၀၁၁-၂၀၁၂ခုနှစ်တွင် မိုးရာသီကာလတွင် စပါးစိုက်ပျိုးရာသီတွင် မိုးရွာသွန်းမှုများပြားလာသောကြောင့် (၅၀၉၀)ဧက ရေလွမ်းမိုးခံရပြီး(၁၇၇၇၁) ဧကမှာ ထိခိုက်ပျက်စီး၍ (၆၂၈)ဧကမှာ တံစဉ်လွတ်လုံးဝပျက်စီးခဲ့ရသည်ဟု ဒေသခံတောင်များပြောပြချက်အရ သိရသည်။
      ယခင်က ဝါးရုံခုံအုပ်စုတွင်းရှိ ဝါးကြီးတောဆည်နှင့် ဆက်ရက်ချောင်းဆည်တို့အားနှစ်စဉ် ငါးရစ် ငါးသန် ပေါက်ဖွားချိန်မှစပြီး ပိတ်ဆို့ ငါးဖမ်းဆီးမှုကြောင့် ရေစီးရေလာများပျက်ပြီး ဝါးရုံခုံအုပ်စု အင်ပင်သာအုပ်စု,သပြေအိုင်အုပ်စုတို့ရှိ လယ်ယာမြေများ ရေကြီးနှစ်မြုပ်ဆုံးရှုံးမှုများ ဖြစ်ပေါ်ပြီး ထိခိုက်နစ်နာမှုများဖြစ်ခဲ့ရပြီး(၆၈၂)ဧကခန့်မှာ တံစဉ် လွတ်ပျက်ဆီးဆုံးရှုံးများလည်း ဖြစ်ပေါ်ခဲ့သည်။ ထို့ကြောင့် တောင်သူလယ်သမားများအနေဖြင့် လယ်(၁)ဧက တင်း(၅၀)နှုန်းနှင့် တံစဉ်လွတ်ပျက်စီးမှုကို တွက်ချက်ပါက ကျပ်သိန်း(၁၀၀၀)ကျော်ခန့် ဆုံးရှုံးနစ်နာမှုရှိခဲ့သည်ဟု ဒေသခံများ အဆိုအရ သိရသည်။
      ထို့ကြောင့် ဝါးရုံခုံအုပ်ချုပ်ရေးမှူး ဦးတင့်လွင် နှင့် ဒေသခံတောင်သူများမှ တိုင်းဒေသကြီးလွတ်တော် ကိုယ်စလှယ် ဦးအောင်သန်းဦးမှ တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ရေချိုငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ဘဏ္ဍမှာ များစွာနစ်နာခဲ့ရကြောင်း ကျေးလက်ဒေသနေ တောင်သလယ်သမားများ ဆင်းရဲနွမ်းပါးမှုလျော့ချရေးကိုရှေးရှုပြီး ဝါးကြီးတောဆည်ကို မိုးဆုံးဆည်အဖြစ် သီတင်းကျွတ်လပြည့် မိုးကုန်မှသာ ဆည်ပိတ်ရန် စည်းကမ်းသတ်မှတ်၍ ရောင်းချပြုလုပ်နိုင်ရန် တင်ပြခဲ့သည့်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ မှ (၂၀၁၂/၁၃) နှစ်မှစတင်ပြီး ဝါးကြီးတောဆည်,ဇရပ်ချောင်းဆည်တို့အား မိုးဆုံးဆည်အဖြစ်သတ်မှတ် ပေးခဲ့ကြောင်း ဒေသခံ တောင်သူများထံမှသိရသည်။
စိုင်းလူမင်း(အထက်မြန်မာသတင်းထောက်)


>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment