For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Saturday 22 February 2014

တိုင်စာ၊တောစာနှင့် စတုတ္ထမဏ္ဍိုင် >>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

ယခုနှစ်အတွင်း တိုင်စာ၊တောစာများနှင့် ပတ်သတ်၍
မြို့နယ်အလိုက်ရှိ သက်ဆိုင်ရာဝန်ထမ်းများက
တိုင်တောစာများကို တိကျမှန်ကန်မှုရှိမရှိ လိုက်လံကွင်းဆင်းစစ်ဆေးနေတာကို
မကြာခဏတွေ့နေ
ရပါတယ်။
          ထိုတိုင်စာ၊တောစာများကြောင့်လည်
း သက်ဆိုင်ရာ ၀န်ထမ်းများသည်
မိမိတို့၏ လုပ်ငန်းများကို
လည်း အထက်အကြီးအကဲများ၏ ညွှန်ကြားချက်များ၊ဒေသတိုးတက်ရေးနှင့်
ဆင်းရဲနွမးပါးမှုလျော့ချရေး
လုပ်ငန်းတွေကို လမ်းညွှန်မှာကြားချက်အရ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်
အဆိုပါလုပ်ငန်းများကို
ဆောင်ရါက်ချက်များ တင်ပြနိုင်ရန်အတွက် အားလပ်ရက်များမရှိအောင်
ဆောင်ရွက်နေကြသော်လည်း
ထိုလုပ်ငန်းများလုပ်ကိုင်နေစဉ် သက်ဆိုင်ရာဌာနများသို့
တိုင်စာ၊တောစာများကလည်း အဆက်မပြတ်
ရောက်ရှိနေသည့်အတွက် အထက်အကြီးအကဲများ၏ လမ်းညွှန်မှာကြားချက်
အမြန်ပြီးစီးနိုင်ရန်လည်း
ဆောင်ရွက်နေကြရပါတယ်။
          သက်ဆိုင်ရာဌာနများသို့ ရောက်ရှိလာသည့် တိုင်စာ၊ပစ်စာများတွင်
မှန်ကန်သည့် တိုင်စာ၊ပစ်စာများ
ရှိသလို မမှန်ကန်ဘဲ လူမှုရေးစီးပွားရေး မုန်းတီးချက်များကို
တိုင်ကြားခြင်း၊ တိုင်စာ၊ပစ်စာများတွင်
အများဆုံးတွေ့ရှိရပြီး တိုင်စာပစ်စာများတွင် ပေးပို့တိုင်ကြားသူ၏
အမည်နှင့်မှတ်ပုံတင်၊နေရပ်လိပ်စာ
လွှဲမှားနေခြင်း ၊တို့ကိုစီစစ်တွေ့ရှိရသည့်အတွက် တိုင်စာ/ပစ်စာများအား
မှန်ကန်မှုရှိ/မရှိ ကော်မတီများ
ဖွဲ့စည်း၍  ကွင်းဆင်းစစ်ဆေးနေရသည့်အတွက် အထက်အကြီးများ၏
လမ်းညွှန်မှာကြားချက်လုပ်ငန်း
များကို အကောင်ထည်ဖော် ဆောင်ရွက်ရာတွင် နှောင့်နေးကြံ့ကြာမှုများ
ဖြစ်ခဲ့ရတာကို သိရှိရပါတယ်။
       လွန်ခဲ့တဲ့(၃)လလောက်က ဂျာနယ်(၁)စောင်တွင် မြို့ပေါ်ရပ်ကွက်နှင့်
နီးစပ်လျှက်ရှိသည့်
ကျေးရွာကြီး တစ်ခုက ဒုက္ခအခက်အခဲကြုံတွေ့နေတဲ့ ပုဂ္ဂိုလ်အချို့ရဲ့
ရင်ဖွင့်သံပါ ပါပါတယ်။ ဘာလဲဆို
တော့ သူတို့ကျေးရွာထဲမှာ အနံ့အသက် တော်တော်ဆိုးဆိုးဝါးဝါး ထုတ်လွှတ်တဲ့
ပဲလှော်ဖိုတစ်ဖိုလာပြီး
တည်ဆောက်တဲ့အခါမှာ ကျန်းမာရေးနဲ့မညီညွှတ်တဲ့အနံ့တွေက်ု
ရှူရှိုက်နေရတဲ့အတွက်ပင် ကင်ဆာရောဂါဖြင့်
ခွဲစိတ်ထားသောလူနာများ၊ပန်းနာရင်ကြပ်အဆုတ်ရောဂါရှိကြသော သက်ကြီးရွယ်
အိုများ၊ ထိုပဲလှော်ဖိုအနံ့ကို ရှူရှိုက်ရသည့်အတွက် ညှော်နံ့ဝေးရာကို
ရှောင်ကွင်းနေရပါတယ် ဆိုပါတယ်။
        ဒီကိစ္စနဲ့ပတ်သတ်လို့ ကျေးရွာလူထုက ပဲလှော်ဖိုကို
တိုင်တယ်လို့ဆိုပါတယ်၊သို့သော် အကြောင်းမထူး။
အနံ့တွေက နံစမြဲလို့ဆိုပါတယ်။ဒီလိုနဲ့ ပုဂ္ဂိုလ် (၄) (၅)ဦးရဲ့
ရင့်ဖွင့်စကားတွေကို ဂျာနယ်မှာပါလာတာကို
ဖတ်ရှုလိုက်ရပါတယ်။ဒီတော့ စားကြည့်မယ်ဆိုရင် အနံ့ထွက်တာကို တိုင်တာမထိရောက်ဘူးလို့
ဆိုလိုပါတယ်၊သို့ပါ၍  ထိရောက်သောတိုင်စာ၏လုပ်ထုံးကို တင်ပြလိုပြီး
ယနေ့မျက်မှောက်ကာလ
 စတုတ္ထမဏ္ဍိုင်များရဲ့ သတင်းစာ၊ဂျာနယ်တို့က တိုင်စာကို သက်ဝင်အောင်
လုပ်ပေးပုံကို တင်ပြလို
ပါတယ်။
         မှတ်မှတ်ရရ လွန်ခဲ့တဲ့(၁၅)နှစ်လောက်တုန်းကတည်းက
တိုင်ကြတောကြတာတွေကို ကျွန်တော်
မြင်ဖူး၊ကြားဖူးသလို မထိရောက်သောတိုင်စာများလည်းရျိပါတယ်။ သို့သော်
ကျွန်တော့်မိတ်ဆွေတစ်ဦး
ကတော့  သူတိုင်လိုက်တဲ့စာမှန်သမျှကို သက်ဆိုင်ရာက အလေးနက်ထားပြီး
ကွင်းဆင်းစစ်ဆေးရပါတယ်
။ဒါကြောင့်သူ့တိုင်စာဟာ ထိရောက်အောင်လုပ်တဲ့နည်းလို့ ဆိုချင်ပါတယ်။
        သို့ဖြစ်၍  တိုင်စာ/ပစ်စာများနှင့် ပတ်သတ်၍
တိုင်စာနှင့်ပစ်စာမတူတာကိုရှင်းပြချင်ပါတယ်။
ပစ်စာကတော့ ပစ်စာရေးသူရဲ့ အမည်နဲ့လိပ်စာကို ဖော်ပြစရာမလိုဘဲ
အကြောင်းအရာကိုဘဲ ဖော်ပြရတာ
ဖြစ်ပြီး သက်ဆိုင်ရာက အရေးမယူလည်းရပါတယ်။  တိုင်စာကတော့ တိုင်သူရဲ့အမည်၊မှတ်ပုံတင်၊
လက်မှတ် နေရပ်လိပ်စာ၊ဖုန်းနံပတ်စတာတွေ သေသေချာချာ ရေးပြီး
တိုင်တာဖြစ်လို့ သက်ဆိုင်ရာက
စစ်ဆေးပေးရန်တာဝန်ရှိပါတယ်။ တိုင်စာတောစာများနှင့်ပတ်သတ်၍
ကိုယ့်ရှူးကိုယ်ပြန်မပတ်အောင် သတိရှိသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့
တိုင်ကြားမှုတစ်ခုမှာတိုင်ကြားသူကို တိုင်ကြားခံရသူက
အသရေဖျက်မှု နဲ့ တရားစွဲနိုင်တဲ့ အန္တရာယ် (Risk) တစ်ခုရှိတယ်ဆိုတာ
သတိပြုရပါမယ်။ ဒါ့ကြောင့် တိုင်စာများ၊ အဖြစ်အပျက်များကိုသာ အဓိကရေးပြီး
တစ်ဖက်သား၏ဂုဏ်သိက္ခာကို ထိုးနက်သော
မိမိ၏ စကားလုံးများကို ထိုးနှက်သော မိမိ၏စကားလုံးများကို
ထည့်သွင်းခြင်းမပြုရန် သတိရှိရပါမယ်။
         ဥပမာ-စက်ရုံ၊အလုပ်ရုံက အနံ့နံရင် နံတယ် စားသောက်ဆိုင်ကအနံ့နံတယ်
ကျန်းမာရေး
ထိခိုက်ပါတယ်ဆိုတာ အဖြစ်အပျက်ကိုသာတိုင်သင့်၏။ ဥပမာ-စားသောက်ဆိုင်က ညှော်နံ့တွေ
ထုတ်လွှင့်နေလို့ လူလိုမသိဘူး၊ ကိုယ်ချင်းစာတရားခေါင်းပါးတဲ့သူတွေ
ဖြစ်တယ်ဆိုတာမျိုး စာသား
တွေကိုတော့ တိုင်စာမှာမထည့်သင့်ပါဘူး။ တိုင်စာရေးပြီးရင် မိမိဘက်ကို
ပြန်လှည့်နိုင်အန္တရာယ်
ရှိမရှိ ဥပဒေပညာရှင်များနဲ့တိုင်ပင်ရင် ပိုကောင်းပါတယ်။
         တိုင်ရမယ့်နေရာအဆင့်ဆင့်တွေမှာ ရပ်ကွက်၊ကျေးရွာထဲက
ညှော်နံ့နံတာလောက်ကို တိုင်း
ဒေသကြီး ၀န်ကြီးချုပ်၊ပြည်ထောင်စုဝန်ကြီးစသဖြင့်
အဆင့်မြင့်ပုဂ္ဂိုလ်များထံ တိုက်ရိုက်လိပ်မူမပို့သင့်ပါ
ဘူး။ရပ်ကွက်၊ကျေးရွာထဲက ကိစ္စကို အနီးကပ်သိရှိစစ်ဆေးနိုင်တာ
ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးပဲ
ဖြစ်လို့ ရပ်ကွက်၊ကျေးရွာအုပ်ချပ်ရေးမှုးထံသို့ ပထမဆုံးလိပ်မူသင့်ပါတယ်။
အခုလိုတိုင်တဲ့အခါမှာ
တိုင်စာကိုမိတ္တူ(၂)စောင်ကူး၍ မူရင်းကို သက်ဆိုင်ရာသို့ မိတ္တူ(၁)စောင်ကို
တိုင်ကြားခံရသူသို့
ပေးသင့်ပြီး မိမိထံမှာ လက်ခံတစ်ခု ရှိသင့်ပါတယ်။
သက်ဆိုင်ရာရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးကို
တိုင်စာပေးသောအခါ ရပ်ကွက်၊ကျေးရွာ၊ရုံးတိုင်စာ၊၀င်စာ၊စာနံပတ်ကို
တောင်းထားရပါမယ့်။တိုင်စာ၏
ဝင်စာနံပတ်ကို တောင်းပြီး တိုင်စာကို ဘယ်နေ့ကလက်ခံရရှိကြောင်း
ပြေစာတောင်းပြီးပြီဆိုရင် ဤ
တိုင်စာသည် အသက်မ၀င်ဘဲလျစ်လျူရှုခံရပါက ဒီကိစ္စတင်မပြီးဘူးဆိုတာ
လူတိုင်းရိပ်မိလောက်ပါတယ်။
 အနည်းဆုံးတော့ လူမှုရေးအရ ရပ်ကွက်၊ကျေးရွာရုံးက ညှိနှိုင်းပေးခြင်းစသော
ကူညီဆောင်ရွက်မှုမျိုး
ကို ပြုလုပ်ရမှာဖြစ်ပါတယ်။
           ရပ်ကွက်၊ကျေးရွာလူကြီးတို့၏ ကူညီညှိနှိုင်းပေးမှုကြောင့်
ကြီးသောအမှုငယ်စေ၊ ငယ်သော
အမှုပပျောက်သွားကြတာ တွေ့ရှိရပါတယ်။ ရပ်ကွက်(သို့မဟုတ်) ကျေးရွာအဆင့်မှာ
ဖြေရှင်းမပေးလျှင်လည်းကောင်း၊ဖြေရှင်းမှုကို မကျေနပ်က
မြို့နယ်အဆင့်သို့တိုင်သင့်ပါတယ်။
မြို့နယ်အဆင့်မှာ မပြေလည်ါက တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်အဆင့်သို့
တိုင်ကြားနိုင်ပါတယ်။
မြို့နယ်အဆင့်မှာမပြေလည်ပါက
တိုင်းဒေသကြီး(သို့မဟုတ်)ပြည်နယ်အဆင့်သို့တိုင်ကြားနိုင်ပါတယ်။
တိုင်စာ၊ပစ်စာများနဲ့ပတ်သတ်၍ စတုတ္ထမဏ္ဍိုင် မီဒီယာကပေးသော
အကျိုးကျေးဇူးများမှာ အချို့နစ်နာ
သူတို့လျော်ကြေးရသော ဥပမာတွေရှိပါတယ်။ အချို့အယ်ဒီတာတွေကလည်း မှတ်သားထားပြီး မီဒီယာ
တို့နှင့်အာဏာပိုင်တွေက မသိတာကို သိကုန်ကြတာမျိုးလည်း
ရှိပါတယ်၊ထို့ကြောင့် တစ်ဖက်လည်းတိုင်ပြီး
တစ်ဖက်ကလည်း ဒယ်ဒီတာထံသွား၍ ရင်ဖွင့်တော့ ထိရောက်မှု ပိုပါတယ်။
         ယခုအခါ ခေတ်သစ်တိုင်ကြားနည်းများနှင့်
ခေတ်သစ်အခွင့်အရေးများရှိလာတာကိုတွေ့ရပါတယ်။
ယခုခေတ်တွင် လူ့အခွင့်အရေးကော်မရှင်ကိုလည်း ဖွဲ့စည်းပြီးဖြစ်ရာ
လူ့အခွင့်အရေးနဲ့ဆိုင်တဲ့ကိစ္စများကို
တိုင်ကြားနိုင်ပါတယ်။ တချို့ကလည်း မိမိတို့၏ လွှတ်တော်ကိုယ်စလှယ်နှင့်
မဲဆန္ဒရှင်တို့ တွေ့ဆုံပွဲ
လွှတ်တော်ကိုယ်စလှယ်ကို အသိပေးနိုင်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံသည်
၂၀၁၁ တွင် အံ့အားသင့်လောက်သော အကောင်းကဲ့သို့ ပြောင်းလဲမှုများ
ဖြစ်ပေါ်ခဲ့ပါတယ်။ နိုင်ငံတော်အစိုးရက
ပြည်သူတို့၏ အသံကို နားထောင်ခဲ့ပါတယ်။ ယခုအခါ အစိုးရဌာနများတွင်
ပြည်သူကို ဗဟိုပြုလာသည့်
စနစ်ကို ကျင့်သုံးလာသည်ကို တွေ့မြင်နေရပါတယ်။
          သိုသော် ကျေးရွာ၊ရပ်ကွက်အဆင့်တွင် ဖြစ်နေသော နစ်နာမှုမျိုးကို
နိုင်ငံတော်အဆင့်က သိရန်
မလွယ်ပါ။ဥပမာ-ဒီဘက်အိမ်က စက်မှုလုပ်ငန်း၊စားသောက်ဆိုင်လုပ်ငန်း
ထုတ်လွှတ်သောအနံ့ကြောင့်
ဟိုဘက်အိမ်က ပန်းနာ၊ရင်ကြပ်၊နှလုံး၊သွေးတိုးရောဂါရှိလို့
လူမမာဆေးရုံတက်ရတာမျိုးကို အစိုးရက
သိဖို့ရန်မလွယ်ပါ ။ ထို့ကြောင့် နိုင်ငံသားများသည် မိမိတို့၏
နစ်နာမှုများကို စနစ်တကျ ဖော်ထုတ်နိုင်
သော နည်းလမ်းများ သိသင့်ပါတယ်။

                         စိုင်းလူမင်း

                   Sailumin35@gmail.com
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment