For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Friday 28 February 2014

ကောလင်းမြို့နယ်၊အနောက်ခြမ်းဒေသ၊ကျေးရွာအချို့တွင် ရွှေတူးဖော်သည့်လုပ်ငန်းလုပ်ကိုင်ရာမှ တွက်ချေကိုက်မည့် သနပ်ခါးများ စိုက်ပျိုးလာ >>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

   စိုင်းလူမင်း.......
          စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၊ အနောက်ခြမ်းဒေသ၊
ရှမ်းကလုံးအုပ်စု၊ ရှမ်းကလုံး၊ကျွန်းကလုံး၊ ရွှေတွင်းစသည့် ကျေးရွာတို့တွင်
နှစ်စဉ်ရွှေတူးဖော်သည့် လုပ်ငန်းအား လုပ်ကိုင်ရာမှ အရှုံးပေါ်လာသည့်အတွက်
ယခုအခါ စီးပွားရေးတွက်ချေကိုက်မည့် အရာတော်မြို့နယ် ဇီးပင်လည်
ဦးစိန်မင်း (၅)နှစ်အာမခံ သနပ်ခါးပျိုးပင်များကို ပျိုးပင်(၁)ပင်လျှင်
ကျပ်(၃၀၀)ဖြင့် ၀ယ်ယူကာ အများအပြားစိုက်ပျိုးလျှက်ရှိေ
ကြာင်း
သိရသည်။
        "သနပ်ခါးပင်နဲ့ပတ်သတ်ပြီး မုံရွာမြို့နယ် ကျေက္ကာကျေးရွာ
သနပ်ခါးစိုက်ပျိုးတဲ့ခြံတွေကို သွားရောက်လေ့လာတဲ့အခါမှာ
သနပ်ခါးပင်က အကြမ်းခံသလို အသက်လည်းပြင်းတယ်၊
ဘာဖြစ်လို့လဲဆိုတော့ (၁)ပင်စိုက်လို့ကြီးလာရင် (၁၀)ပင်ဖြစ်တယ်
ပြောရမှာဘဲ၊ သနပ်ခါးပင်ရဲ့ ရေသောက်မြစ်မမှာ အမြစ်ပွား အမြစ်မွှာများ
က ပင်မကြီးရဲ့ ပတ်လည်တော်တော် ဝေးတဲ့အထိ ဖျာထွက်တဲ့အမျိုး
ဖြစ်တာကြောင့် အဲ့ဒီပင်မရဲ့ ပတ်လည်(၄)ပေ (၅)ပေကနေ (၁၂၀)ပေ
အကွာလောက် နေရာတွေကို တူးရွင်းတို့၊ ပေါက်ပြားတို့နဲ့ လျှောက်ပြီး
ပေါက်လိုက်တဲ့အခါ အမြစ်ပြတ်နေတဲ့နေရာကနေ အတက်တွေ
ထွက်လာခဲ့ကို  လေ့လာသိရှိရတဲ့အတွက် အခုလို ကျွန်တော်တို့နယ်မှာ
စိုက်ပျိုးဖြစ်သွားတာပါ"  ဟု သနပ်ခါးစိုက်ပျိုးသူ ကိုဇော်မင်းဦးက
ပြောပြသည်။
        အဆိုပါဒေသများတွင် လယ်ယာလုပ်ငန်းခွင်ပြီးစီးပါက
အခြားဝင်ငွေရရှိမည့် အလုပ်မရှိသောကြောင့် ရွှေတူးဖော်သည့်
လုပ်ငန်းများ လုပ်ကိုင်လျှက်ရှိရာ ရွှေရရှိသည့်ဦးရေမှာ နည်းပါးပြီး
ရွှေမရရှိသည့်ဒေသခံများမှာ လယ်ယာမြေများပါမကျန် ရွှေတူးဖော်
လုပ်ကိုင်နေကြသည့်အတွက် လယ်ယာမြေများပျက်စီးနေလျှက်ရှိသည်။
တချို့ မှာ ဒေသခံများသည် လယ်ယာမြေများကို ရောင်းချပြီး ရွှေတူးဖော်
နေသော်လည်း  ရွှေမရရှိသဖြင့် အကြွေးများတင်ရှိကြောင်း
သိရှိရပြီး အချို့မှာ ရွှေတူးဖော်သည့်လုပ်ငန်းအား အရှုံးနှင့် ရပ်ထားပြီး
သနပ်ခါးစိုက်ပျိုးသူတွေ အောင်မြင်နေသူကို တွေ့ရှိသဖြင့် အချို့မှာလည်း
ရာသီပေါ်သီးနှံအဖြစ် စိုက်ပျိုးနေကြသည့် နှမ်း၊ ပဲတီစိမ်းတို့ကို
အနည်းငယ်သာစိုက်ပျိုးကြပြီး နှစ်ရှည်အကျိုးခံစားရမည် သနပ်ခါးပင်များ
ကိုသာ စိုက်ပျိုးလာကြကြောင်း သိရသည်။
                                               Kawlin Media Group
                                               (  စိုင်းလူမင်း-အယ်ဒီတာ)
                                                 Sailumin35@gmail.com
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
 

No comments:

Post a Comment