For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Wednesday 19 February 2014

ဆည်မြောင်းဦးစီးဌာနညွှန်ကြားရေးမှူးချုပ် မှနိုင်ငံတော်ဘဏ္ဍာများ အလွဲသုံးစားပြုလုပ်နေခြင်းကိစ္စ >>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”


       ဆည်မြောင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့်အပေါင်းအပါတစ်စုသည် လက်အောက်ဝန်ထမ်းများ အပေါ်တွင်ခြိမ်းခြောက်အုပ်ချုပ်ပြီး နိုင်ငံတော်ဘဏ္ဍာငွေများကိုအလွဲသုံးစားပြုထုတ်ယူစေကာ ၄င်းတို့၏ ရာထူးနှင့်လုပ်ပိုင်ခွင့်များအတွက်အသုံးပြုနေပါသည်။ ၄င်း၏ဩဇာခံမညှ့်န ယ ဗှနယ န ယ ဗန များအား ရာထူးတိုးမြှင့်ပေးကာ ၄င်း၏အကျိုးစီးပွားအတွက်နိုင်ငံတော်ဘဏ္ဍာငွေများကိုကြီးမားစွာအလွဲသုံးစားပြုလုပ်လျှက်ရှိပါသည်။ ညွှန်/ချုပ်၏ ညွှန်ကြားချက်အတိုင်း ကြိုးဆွဲရာကနေရသောအထက်လူကြီးများမှလည်း လက်အောက်ခံဝန်ထမ်းများအား အနီးကပ်ကြီးကြပ်၍ဆောင်ရွက်ရသည့်လုပ်ငန်းပမာဏများအား ဖောင်းပွတင်ပြစေခြင်းဖြင့်ငွေနှင့်စက်သုံးဆီများထုတ်ယူစေပြီး အထက်လူကြီးများ၏ ခေါင်းပုံဖြတ်ခြင်းကိုခံနေရပါသည်။

        အောက်ခြေဝန်ထမ်းများအနေဖြင့် အထက်လူကြီးများအလိုကျမဆောင်ရွက်ပေးနိုင်ပါကအပြစ်ရှာပြီး နယ်စွန်နယ်ဖျားသို့ပြောင်းရွှေ့ခြင်း၊ ရာထူးတိုးမြှင့်မပေးခြင်း၊ စသည်တို့ကိုကြောက်ရွံ့၍ဆောင်ရွက်ပေးနေရပါသည်။ အချိန်တန်၍စာရင်းစစ်လာလျှင်စာရင်းစစ်အဖွဲ့၏အလိုကျကျွေးမွေးပြီး လာဘ်ငွေများပေးကာဖြေရှင်းနေရပါသည်။ အထက်လူကြီးများ၏ ပြောဆိုမှုအရ ညွှန်/ချုပ်မှာနိုင်ငံတော်အကြီးအကဲများကိုပင် ခါးပိုက်ထဲထည့်ထားနိုင်သူ ဖြစ်သော ကြောင့် လက်ညှိုးညွှန်ရာရေဖြစ်နေသူဖြစ်ကြောင်း သိရပါသည်။ ဆည်မြောင်းဦးစီးဌာနမှနှစ်စဉ်သုံးစွဲလျှက်ရှိသော ဘဏ္ဍာငွေ၏ (၄၀%)ခန့်သာပြည်သူ့အကျိုးပြုလုပ်ငန်းများ အတွက်ဆောင်ရွက်နိုင်ပြီး ကျန်ငွေများမှာညွှန်/ချုပ်နှင့် အပေါင်းအပါတစ်စု၏ အကျိုးစီးပွားများအတွက်သာဖြစ်နေသဖြင့်ပြည်သူ့ဘဏ္ဍာငွေ များစွာနစ်နာဆုံးရှုံးနေပါသည်။

        ပွင့်လင်းမြင်သာသောအုပ်ချုပ်မှုစနစ်ကိုအကောင်အထည်ဖော်နေသောဒီမိုကရေစီအစိုးရလက်ထက်တွင် ဆည်မြောင်းညွှန်/ချုပ်နှင့်အပေါင်းအပါတစ်စု၏ အောက်ပါလုပ်ရပ်များအား သိရှိနိုင်ပါရန်ဖော်ထုတ်တင်ပြလိုက်ပါသည်။

(၁)  လယ်/ဆည်ဝန်ကြီး ဦးမြင့်လှိုင်၏ မိုးကုတ်မြို့မှအိမ်နှင့်တာမွေ၊ မေတ္တာညွန့်ရပ်ကွက်၊ မွန်မြတ်မေတ္တာအိမ်ရာမှအိမ်များကိုအလွဲသုံးစားပြုပြီးထုတ်ယူထားသောဆည်မြောင်းဘဏ္ဍာငွေများဖြင့်အကုန်အကျခံဆောက်လုပ်ပေးခဲ့ကြောင်း၊ တည်ဆောက်ရေး(၅)၊ (၆)၊ (၈) (၉)နှင့်မန္တလေးတိုင်း ဆည်မြောင်းဌာနတို့မှအဓိကပံ့ပိုးဆောင်ရွက်ခဲ့ရကြောင်း သိရှိရပါသည်။

(၂)  လယ်/ဆည် ဒုဝန်ကြီး ဦးခင်ဇော်(ယခင်ဆည်မြောင်းညွှန်/ချုပ်ဟောင်း)ဆိုလျှင်လည်း ညွှန်/ချုပ်၏ ကူညီပံ့ပိုးကူညီမှုဖြင့် ဒု-ဝန်ကြီးရာထူးရရှိခဲ့သူဖြစ်ကြောင်း၊ ကျိုက္ကဆံစူပါဝမ်းကုန်တိုက်နောက်မှ ဒုဝန်ကြီး ၏အိမ်အား တည်ဆောက်ရေး(၆)နှင့်တည်ဆောက်ရေး(၉)တို့မှ တာဝန်ယူ၍ တည်ဆောက်ပေးခဲ့ရကြောင်း အထက်လူကြီးများ၏ ပြောကြားချက်အရသိရှိရပါသည်။

(၃)    ဒဂုံအရှေ့မြို့နယ်ရှိမြင့်ဇေယျာစက်မှုလယ်ယာစံပြစိုက်ခင်း (၅၀ဝ)ဧကမှာဦးတေဇ၏ ထူးကုမ္ပဏီမှ လယ်/ဆည်ဝန်ကြီးဌာနသို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ပြီး လယ်/ဆည်ဝန်ကြီးမှ ゞင်းပိုင်သောပုဂ္ဂလိက စိုက်ကွင်းအဖြစ်အပိုင်စီးခဲ့ကာဆည်မြောင်းညွှန်/ချုပ်မှအလွဲသုံးစားပြုထုတ်ယူထားသောဆည်မြောင်းဌာနငွေသိန်းပေါင်းထောင်သောင်းချီ၍အသုံးပြုကာဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

(၄)  နိုင်ငံအနှံ့ရှိစက်မှုလယ်ယာစိုက်ခင်းများမှာနိုင်ငံတော်အဆင့်လူကြီးများ၊ ညွှန်/ချုပ်နှင့်အကျိုးစီးပွား ပတ်သက်နေသော ခရိုနီကုမ္ပဏီများပိုင်ဆိုင်သောမြေများဖြစ်ပြီး တောင်သူပညာပေးစိုက်ခင်းများအဖြစ်

(၅)  (င်္သမှ့သတ) ပြစားနေခြင်းဖြစ်ပြီး အလွဲသုံးစားပြုထုတ်ယူထားသောဆည်မြောင်းဌာနဘဏ္ဍာငွေများဖြင့် အပေးအယူပြုလုပ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရှိရပါသည်။

(၆)  ဌာနအတွင်းရှိအရာထမ်း၊ အမှုထမ်းများ၏ ရာထူးတိုးမြှင့်မှုနှင့်အပြောင်းအရွှေ့ကိစ္စများတွင်ညွှန်/ချုပ်နှင့် 
ဒု-ညွှန်/ချုပ်များ၊ အီးစီအဖွဲ့ဝင် ညွှန်/မှူးများအား သိန်းဆယ်ဂဏန်းမှရာဂဏန်းအထိလာဘ်ထိုးမှသာရာထူးနှင့် နေရာများအဆင်ပြေပြီး မပေးနိုင်သူများမှာထားရာနေစေရာသွားပြီး ရာထူး အခွင့်အလမ်းလည်း ဆုံးရှုံးနေရ ပါသည်။

ဤကဲ့သို့ လယ်/ဆည်ဝန်ကြီး၊ ဆည်မြောင်းညွှန်/ချုပ်နှင့်အပေါင်းအပါတစ်စု၏ ကိုယ်ကျိုးစီးပွားအတွက်လုပ်ပိုင်ခွင့် များကိုအသုံးချကာပြည်သူ့ဘဏ္ဍာငွေများကိုထင်သလိုအလွဲသုံးစားပြုလုပ်နေသောလုပ်ရပ်များကိုပြည်သူ့အကျိုးစီးပွား အတွက်ရပ်တည်ပြီး ဆောင်ရွက်ပေးနေသောမီဒီယာများ၊ အဖွဲ့အစည်းများအနေဖြင့် ဝိုင်းဝန်း စုံစမ်းဖော်ထုတ်ပေး နိုင်ပါရန်တင်ပြအပ်ပါသည်။


ဆည်မြောင်းဌာနမှ အောက်ခြေဝန်ထမ်းများ

>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment