For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Monday 24 February 2014

အိမ်မှမြို့နယ်မှာ မလိုမုန်းထားလျှင် ပုဒ်မကြီးချင်တိုင်းကြီးနေ >>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”


ကျွန်တော်၏သား အသက်(၁၉) နှစ်သည် လွန်ခဲ့သောတစ်လခန့်က ညနေ(၆)နာရီတွင် အိမ်မှမြို့ထဲသို့
သွားရန်မော်တော်ဆိုင်ကယ်မောင်းထွက်လာစဉ် တစ်အိမ်ကျော်မှအသက်(၁၅)နှစ်ခန့်မိန်းကလေးက သူတို့ချင်း
နောက်ပြောင်၍လီဗာကိုင်သောလက်ကိုဖမ်းဆွဲသဖြင့် မောင်တော်ဆိုင်ကယ်လဲသည်အထိဖြစ်ခဲ့ပါသည်။
          ထိုကိစ္စကိုမိန်းကလေး၏မိဘများကသူ့သမီးကိုရိုက်ပုတ်ပြီးရဲစခန်းမှာအမှု့ဖွင့်ပါသည်။ည(၁၀)နာရီခန့်
မှာကျွန်တော့်သားကိုအခြားအိမ်မှာဖမ်း၍အချုပ်ထဲထည့်ပါသည်။အခင်းဖြစ်ချိန်မှာကျွန်တော်မရှိပါ။ကျွန်တော်ပြန်
ရောက်ရောက်ချင်းည(၂)နာရီခန့် ရဲစခန်းသွားပြီးပြစ်တင်ပြောဆိုသဖြင့် မနက်မှာရဲအာမခံဖြင့်လွှတ်ပြီး ရဲကအမှု
တည်ဆောက်ရာ ပုဒ်မ( ၃၆၃) လူခိုးမှုဖြစ်ရပါသည်။ (၁၀)ရက်ခန့်အကြာတွင် ရုံးတင်သည့်အခါ စခန်းမှူး နှင့် ဥပဒေအရာရှိ တို့က ခရိုင်ကဖုန်းဆက်သည်ဟုပြော၍ ပုဒ်မ ၃၆၆ ပါထပ်တိုးသဖြင့် တရားသူကြီးကထောင် (၁၄)နှစ်ကျနိုင်သည်ဟုပြော၍အာမခံမပေးတော့ပါ။
          ဤကဲ့သို့ပုဒ်မတိုးချင်တိုင်းတိုးနေသည်ကိုမခံနိုင်၍ (၁၅.၁.၂၀၁၄) ရက်စွဲဖြင့်အထက်ကိုတိုင်ပါသည်။
တစ်ပါတ်ခန့်အကြာတွင်သာပေါင်းမြို့နယ်မှူးလာရောက်စစ်ဆေးခဲ့ပါသည်။ဒါပေမဲ့ဘာမှထူးမလာပါ။ထို့ကြောင့်
(၁၀.၂.၂၀၁၄)ရက်နေ့တွင်ထပ်မံ၍တိုင်ကြားခဲ့ပါသည်။ (၂၁.၁.၂၀၁၄) ရက်နေ့တွင်ကျုံပျော်မြို့နယ်မှူးထပ်မံ၍
လာရောက်စစ်ဆေးခဲ့ပါသည်။ ကျွန်တော်၏သားက မိန်းကလေးကစဆွဲတာပါဟုပြောပါသည်။ကာယကံရှင်မိန်း
ကလေးကလည်းသူကစ၍ဆွဲပါသည်ဟုဝန်ခံပါသည်။
          လွန်ခဲ့သော ၂ နှစ်ခန့်က ခရိုင်ဥက္ကဌ ဦးအေးဟန်အား လယ်ယာမြေအငြင်းပွားမှုဖြင့်တိုင်ကြားခဲ့ပြီးဦး
အေးဟန်ပုသိမ်ခရိုင်မှပြောင်းရွှေ့ခဲ့ရပါသည်။ထိုကိစ္စအား သာပေါင်းစစ်ဆေးရေးကမေးသွားပါသည်။ထို့ကြောင့်
ကျွန်တော့်အား မလိုမုန်းထားပြီးပုဒ်မတွေကို တိုးချင်တိုင်းတိုးနေပါသည်။
          ကျွန်တော်၏သားမှာယခုထိအချုပ်ခံနေရပြီး တရားရုံးအဆင့်ဆင့်၏အုပ်ချုပ်မှုကပျက်ယွင်းနေပါပြီ။
ထိုကိစ္စအား သမ္မတ၊ပြည်ထောင်စုတရားသူကြီးချုပ်၊ပြည်ထောင်စုရှေ့နေချုပ်၊(ဥက္ကဌ)တရားဥပဒေစိုးမိုးရေးနှင့်
တည်ငြိမ်အေးချမ်းရေးကော်မတီ၊ပြည်ထောင်စုဝန်ကြီး(ပြည်ထဲရေးဝန်ကြီးဌာန)တို့တွင်တိုင်ကြားထားပါသည်။
                                                                             ဦးမြင့်စိန် (၁၄/ကကန(နိုင်)၁၂၃၇၇၀)
                                                                               မှော်သေးရွာ ၊ သစ်ဆိမ့်ကုန်းအုပ်စု
                                                                             ကျောင်းကုန်းမြို့နယ် ၊ ဧရာဝတီတိုင်း။
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment