For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Friday 14 February 2014

ဗိုလ်ချုပ်မွေးနေ့ တွေးမိတွေးရာ( ၁၃-၂-၂၀၁၃) >>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

ဗိုလ်ချုပ်မွေးနေ့ တွေးမိတွေးရာ( ၁၃-၂-၂၀၁၃)

ဒီနေ့တော့ အခြေခံဥပဒေနဲ့ ပတ်သက်တဲ့ တွေးမိတာလေးတွေ ပြောချင်တယ်။
မြန်မာနိုင်ငံမှာ လက်ရှိ ၂၀၀၈ အခြေခံဥပဒေက အတည်ဖြစ်နေတယ်။
ပြည်သူ ၉၂% ထောက်ခံတာ။ မထောက်ခံတာ၊ လိမ်ခဲ့တာပဲ ဖြစ်ဖြစ်
ဥပဒေသဘောအရကတော့ တရားဝင်အတည်ဖြစ်နေခဲ့ပြီ။
အာဆီယံကိုပဲမေးမေး၊ အီးယူကိုပဲ မေးမေး၊ အမေရိကားကိုပဲ မေးမေး
နောက်ဆုံး ကုလသမဂ္ဂကြီကိုပဲ မေးမေး
မြန်မာနိုင်ငံဟာ အခြေခံဥပဒေနဲ့ အုပ်ချုပ်နေတဲ့ နိုင်ငံတစ်ခု မဟုတ်ဘူးလို့ ပြောမှာမဟုတ်ဘူး။

ဒီတော့ ကျွန်တော့်ကိုလည်း မေးလို့ရတယ်။
မင်း ဒီအခြေခံဥပဒေကို ထောက်ခံသလားလို့။
၂၀၀၈ တုန်းက ကြက်ခြေရဲရဲခတ်ပြီး မဲထည့်ခဲ့တယ်။
ကိုယ့်လိုလူတွေက ၅၀ % မရှိတော့လည်း
၂၀၀၈ ကြီးကို  ပျက်အောင်မဖျက်နိုင်ပဲနဲ့
လူထု ၉၀ % က ထောက်ခံပါတယ်ဆိုပြီး ဖြစ်သွားခဲ့တယ်။
ဒါကလည်း စစ်အာဏာရှင်တွေရဲ့ မဖြစ်ဖြစ်အောင် လုပ်ဆောင်သွားတဲ့ လုပ်ရပ်နဲ့
အကြောက်တရားအောက်က မြန်မာလူထုရဲ့ မဲပေးခဲ့မူပါ။

တစ်ခုတော့ အမြတ်ထွက်တယ်လို့ ဆိုရပါမယ်။
ဒီအခြေခံဥပဒေအရ ၂၀၁၀ ရွေးကောက်ပွဲဆိုတာ ဖြစ်လာသလို
စစ်အစိုးရကနေ အရပ်သားအစိုးရတစ်ရပ် ပေါ်လာပြီး
နှစ် ၂၀ ကျော် မာရှယ်လောအောက်မှာ ပြားပြားဝပ်နေရာကနေ
အခြေခံဥပဒေတစ်ခုအောက်ကို ကျွန်တော်တို့ ရောက်လာခဲ့ရတယ်။
၂၀၁၀တုန်းက ကြောက်လန့်နေခဲ့ကြရတဲ့ ပြည်သူတွေ
တစ်ဖြည်းဖြည်း အကြောက်လျှော့လာပြီး
ဒီနေ့ ၂၀၁၄ မှာတော့ နေရာတကာမှာ ရဲရဲတောက်တွေ ဖြစ်နေခဲ့ကြပြီ။
မကြေနပ်တ်ာတွေ၊ မကြေနပ်ခဲ့တာတွေ
ခံခဲ့ရတာတွေ၊ မတရားခံခဲ့ကြရတာတွေကို
အရင်းကော။ အတိုးပါ ထုတ်ဖော်ပြနေကြတော့
ဒီလူတွေ ၂၀၁၀ မတိုင်မီက ဘာတွေများ လုပ်နေကြသလဲလို့
တခါတခါ တွေးခဲ့မိတယ်။

ဟော ခေတ်စားနေတဲ့ စကားတလုံး
ခြေဥပြင်ဆင်ရေးလို့ အတိုကောက်ခေါ်နေပါလေရဲ့
ကျွန်တော်ကတော့ အခြေခံဥပဒေပြင်ဆင်ရေးလို့ပဲ ခေါ်ချင်ပါတယ်
အတိုကောက်စကားလုံးက မျက်စိထဲမှာ ကန့်လန့်ကြီးဖြစ်နေလို့။
ပထမတော့ အသစ်ရေးဆွဲရေးနဲ့ ပြင်ဆင်ရေးဆွဲရေး
ပြင်သစ်ဂိုဏ်း အားပြိုင်ရာကနေ နောက်ဆုံးတော့
အသစ်ဂိဏ်းနောက်ကောက်ကျပြီး ပြင်ဆင်ရေးဂိုဏ်းက ရှေ့ရောက်လာပါတယ်။
နောက်ထပ်ခေတ်စားလာတာက
လွှတ်တော်ကနေ ပြင်မယ်ဆိုတာနဲ့ လူထုအားနဲ့ ပြင်မယ်ဆိုတာ
ခေတ်စားလာပြန်ရော။
ဦးဆောင်နေသူကြီးကလည်း
ဟိုနေရာမှာ လွှတ်တော်လမ်းကြောင်းကနေပြင်မယ်
ဒီနေရာကျတော့ လွှတ်တော်ကနေ မပြင်နိုင်ရင်
ပြည်သူ့အားနဲ့ ပြင်မယ်ဆိုလား။
ပြည်သူတွေထောက်ခံရင် အခြေခံဥပဒေကို ပြင်နိုင်ပါတယ် ဆိုပါလား။
မျက်စိထဲ တန်းမြင်တာကတော့ ထိုင်းက အနီ-အ၀ါဖြစ်ရပ်ကြီးပဲ။
ဒါမျိုးဖြစ်မှ အခြေခံဥပဒေကို ပြင်လို့ရမယ်ဆိုတာ တကယ်လား။

ကျွန်တ်ာနားလည်သလောက် အခြေခံဥပဒေဘောင်ထဲကနေ ပြင်ဆင်သွားရေးကို ပြောချင်ပါတယ်။
၂၀၀၈ အခြေခံဥပဒေပါ အခြေခံဥပဒေပြင်ဆင်ခြင်းအခန်းမှာ
ပုဒ်မ ၄၃၃။ ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ပြင်ဆင်လိုပါက
 အောက်ဖော် ပြပါသတ်မှတ်ထားသော နည်းလမ်းအတိုင်း ဆောင်ရွက်ရမည်။ 
က။ ဖွဲ့စည်းပုံ ပြင်ဆင်ရန် တင်သွင်းသော အဆိုကို ဥပဒေမူကြမ်းအဖြစ် တင်သွင်းရမည်။
ခ။  အခြေခံဥပဒေပြင်ဆင်ရန်တင်သွင်းေ
သာမူကြမ်းတွင် အခြားအဆိုများ မပါရ။
၄၃၄။  အခြေခံဥပဒေပြင်ဆင်ရန် မူကြမ်းကို ပြည်ထောင်စုလွှတ်တော်တွင် တင်သွင်းရမည်။
၄၃၅။   ပြင်ဆင်ရန်မူကြမ်းကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏ ၂၀%က  တင်ပြလာလျှင် ထိုပြင်ဆင်ချက်မူကြမ်းကို ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေး၇မည်။
၄၃၆။ (က)  လွှတ်တော်ကိုယ်စားလှယ်  ၇၅%ကျော်က ထောက်ခံပြီး ပြည်သူ့ဆန္ဒခံယူပွဲတွင် မဲပေးခွင့်၇ှိသူအားလုံး၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်။
(ခ)  လွှတ်တော်ကိုယ်စားလှယ်  ၇၅%ကျော်က ထောက်ခံမူဖြင့်သာ ပြင်ဆင်နိုင်သည့် ပြဌာန်းချက်များ။

ဒါက ဥပဒေဘောင်ထဲကနေ သွားရမယ့်လမ်းကြောင်း။
၁။ တစ်ခါပြင်ရင် တစ်ချက်ကိုသာ ပြင်နိုင်မယ်
၂။ ဒါကိုလည်း အမတ် ၂၀%  ။ အမတ် ၁၃၃ ဦးက လက်မှတ်ထိုးပြီး တင်ရမယ်။
၃။ ဒါကို ပြည်ထောင်စုလွှတ်တော်မှာ အမတ် ၇၅%ကျော်က ထောက်ခံရမယ်။
၎။ အရေးကြီးပြင်ဆင်ချက်တွေကို ပြည်သူ့ဆန္ဒခံယူပွဲလုပ်ပြီး မဲပေးခွင့်ရှိသူရဲ့ ၅၀% ကျော် ထောက်ခံမှ ပြင်လို့ရမယ်။( မဲလာပေးသူရဲ့ ၅၀% မဟုတ်)

ဒါတွေကို ပြင်ချင်တယ်ဆိုတဲ့သူတွေက ဘယ်လိုများ ကျော်ဖြတ်ဖို့ လွှတ်တော်ထဲမှာ
လုပ်နေကြသလဲ။
အခြားလွှတ်တော်အမတ်တွေကို ဘယ်လိုများ စည်းရုံးနေကြပါသလဲ
သူတို့ရဲ့ မိခင်ပါတီတွေနဲ့ ဘယ်လိုများ ပြင်ဆင်ရေးကိစ္စကို ထောက်ခံလာအောင် စည်းရုံးနေပါသလဲ။
ကိုယ့်ရဲ့ ပြိုင်ဘက်ကြီးကို  ကိုယ်ပြင်ချင်တာတွေ  ပြင်ပေးနိုင်အောင် ဘယ်လိုများ ဆွေးနွေးနေပြီလဲ။
လွှတ်တော်အမတ်တွေကြားမှာနဲ့ လွှတ်တော်ပြင်ပ ပါတီတွေနဲ့  ဘယ်လောက်အထိများ ညှိနှိုင်းနေ ပြီလဲ။ ညှိနှိုင်းဖို့ လုပ်နေပြီလား။

ဒီပြင်ဆင်ရေးလမ်းက ဒီလောက်ခက်နေလို့ ပြည်သူ့အားနဲ့ ပြင်ဆင်မယ်ဆိုတာမျိုး
ဘယ်လိုမျိုးများလဲလို့။
ပြည်သူတွေက မဲရုံကိုသွား မဲပေးဖို့နဲ့ လမ်းမပေါ်ကို အစုအဝေးနဲ့ထွက်ရေး
လမ်း ၂ မျိုးတော့ ရှိပါတယ်။
မဲရုံသွားကြကြေးဆိုရင်လည်း  ၂၀၁၅ မှာ ကိုယ်လူ့တွေလွှတ်တော်ထဲရောက်အောင်
ပို့ဖို့။ ဒါတောင် ၇၅% ပြည့်အောင် ရဖို့ဆိုတာကလည်း  သိပ်မလွယ်
သူတို့ဖက်။ ကိုယတို့ဖက်တင်မက ဟော တတိယအင်အားစုဆိုလား
အမျိုးသားရေးဆိုလား  ပေါ်လာတော့လည်း
ဆွဲယူသိမ်းသွင်းဖို့ထက် ဝေးရာကိုပဲ တွန်းထုတ်နေတော့
ကိုယ့်လူဟာ ကိုယ့်လူမဟုတ်တော့။
အခြားပါတီတွေနဲ့ ပြေပြေလည်လည်ဖြစ်အောင်ကလည်း ခုထိ တကိုယ်တော်
ရရင့်တဲ့ စစ်သားတစယောက် ထွက်လာအောင်ကလည်း
တပ်မတော်နဲ့ သဘောထားညှိလို့ ရနိုင်မလား။

အပြင်က ဘယ်လိုပဲပြောနေပြောနေ
အတွင်းကလူတွေရဲ့ အနေအထားက စကားပြောနေပါတယ်။
အချင်းချင်းပြေလည်အောင်၊ ညီညွတ်အောင်၊ သဟာဇာတဖြစ်အောင်
အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ ပေါ်လာအောင်
တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပီပီပြင်ပြင်ဖြစ်လာအောင်
ဘယ်လိုလမ်းများ လျှောက်ရပါ့မလဲ။
ပြင်ချင်တယ်။ ပြောင်းချင်တယ်၊ လုပ်ချင်တယ်၊ ဖြစ်ချင်တယ်
ဆိုတဲ့ ချင်တွေ.......ချင်တွေ  .........ချင်တွေ များနေပြီး
လက်တွေ့လုပ်ရမှာတွေကို မလုပ်ကြသေးရင်တော့
အခြေခံဥပဒေပြင်ဆင်ရေးဆိုတာ
ရွှေပြည်တော်မျှော်တိုင်းဝေးများ ဖြစ်နေမလားလို့။
တွေးမိတာလေးကို ရေးမိတာပါ။
မိုးကုတ်ကိုတိုး ( ၁၃-၂-၂၀၁၄)

#to be happy#

$$ kotoetoe $$
 
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
 

No comments:

Post a Comment