စိုင်းလူမင်း.....
မြန်မာ့မီးရထားတိုင်းအမှတ်(၂)
မန္တလေး-မြစ်ကြီးနားလမ်းပိုင်း
ဘူတာများတွင် ပြည်သူ့ဝန်ဆောင်မှုဌာန
ဖွင့်လစ်ထားရှိသဖြင် မြန်မာ့မီးရထားကို
အကြံပြုလိုပါက အကြံပြုလိုသည့်
အကြောင်းအရာများကို ရေးသားနိုင်ပြီး
ရထားပေါ်တွင် ခရီးသည်များအနေဖြင့် အခက်အခဲတစ်စုံတစ်ရာ ပေါ်ပေါက်
လာပါက နီးစပ်ရာ မီးရထားဝန်ထမ်းများ
ဖြစ်ကြသော တွဲထိန်း၊ လက်မှတ်စစ်၊ ဂါတ်ဗိုလ်၊ မီးရထားရဲတို့ကိုအကြောင်း
ကြား အကူညီတောင်းခဲ့ပါ ဆောင်ရွက်
ပေးလျှက်ရှိသည်ကို တွေ့မြင်ရသည်။
ရထားပေါ်တွင် စီးနင်းလိုက်ပါကြ
သည့် ခရီးသည်များအနေဖြင့် အခက်အခဲ
တစ်စုံတစ်ရာပေါ်ပေါက် လာပါက မီးရထားဝန်ထမ်းများဖြစ်ကြသော
တွဲထိန်း၊ လက်မှတ်စစ်၊ ဂါတ်ဗိုလ်၊မီးရထားလမ်းတို့ကို စာတိုရေး
သားပြီး ဘူတာရထားဖြတ်သန်းစဉ်
သက်ဆိုင်ရာဘူတာရုံပိုင်များအား ၎င်းစာ
တိုတို့ကို ချထားပေးခဲ့ပါက ဘူတာရှိရုံပိုင်
များမှ ဆင့်ကဲဆင့်ကဲသတင်းပို့ပြီး ဖြေရှင်း
ကူညီဆောင်ရွက်ပေးလျှက်ရှိသည်ဟု
သိရသည်။
ထိုကဲ့သို့ ကူညီမှုများတွင် နိုဝင်ဘာ
(၂၄)ရက်နေ့ အမှတ် (၅၆) အစုန် အထူး
အမြန်ရထားအား ဦးခင်မောင်တင့် လက်မှတ်စစ်မှ ရထားလက်မှတ် စစ်ဆေး
စဉ် ရိုးရိုးတန်းတွဲ (၃) BDTEZ 12528
တွဲပေါ်တွင် ထိုင်ခုံမဲ့လိုက်ပါစီးနင်း
လာသော (လက်မှတ်နံပတ်-၄၅၂၉) ဟိုပင်-ခင်ဦး ကိုင်ဆောင်ထားသူ ဦးချစ်
ငွေ အသက်(၅၂)နှစ် ခင်ဦးမြို့နယ် ကျီအိုင် နေထိုင်သူသည်ကောက်ညှင်းများ
စားပြီး ဗိုက်အောင့်ဝေသနာ ခံစားနေရ
သည်ကို တွေ့ရှိရသဖြင့် ကောလင်းဘူတာ
ပြည်သူ့ဝန်ဆောင်မှုဌာနသို့ ဆင့်ကဲ
ဆင့်ကဲ သတင်းပို့ပေးခဲ့ရာ အမှတ်(၅၆)
အစုန်အထူးအမြန်ရထားသည် ကောလင်း
ဘူတာသို့ ဆိုက်ရောက်စဉ် မြန်မာမီးရ
ထားဆေးဌာနမှ ဝန်ထမ်းများ အဆင်သင့်
စောင့်နေပြီး လိုအပ်သော ဆေးကုသမှု
များ ပြုလုပ်၍ ကောလင်းပြည်သူ့ဆေးရုံ သို့ ဆေးဝါးကုသမှု ခံယူနိုင်ရန်ဝိုင်းဝန်း
ကူညီတင်ပို့ ပေးခဲ့သည်ဟု သိရသည်။
Kawlin Media Group
Nay Nay Aung
No comments:
Post a Comment