For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Saturday 22 February 2014

မူးမြစ်အတွင်းရှိရေနေသတ္တာဝါများ သေကြေပျက်စီးနိုင်မှုကြောင့် ပလတိစတစ် အမှိုက်များ စွန့်ပစ်နေမှုကို ကာကွယ်တားဆီးသင့် >>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

   စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့နယ် မြို့ပတ်ရပ်ကွက်နေထိုင်သူအချို
့သည် ပလတ်စတစ် ကြွပ်ကြပ်အိတ်အမှိုက်များ ပလတ်စတစ်ဖြင့် ထုတ်လုပ်ထားသော စွန့်ပစ်ပစ္စည်းများအား မူးမြစ်ကမ်းဘေးအချို့တွင် စွန့်ပစ်ထားမှုကြောင့် သဘာဝအလှ မူးမြစ် နှင့် မြို့ပေါ် နေပြည်သူအချို့က ထောက်ခံပြောဆို ကြသည်။
     ပလတ်စတစ်သည် အခြားသောပစ္စည်းများကဲ့သို့ ဆွေးမြေ့ပျကိစီးလွယ်သော ပစ္စည်းမဟုတ်သည့်အတွက် နှစ်ကာလကြာသည့်တိုင် ပလတ်စတစ်သည် ပျက်စီးနိုင်ခြင်းမရှိပါ။ ပလတ်စတစ်အန္တရာယ်သည် မြစ်ချောင်း
အင်းအိုင်နှင့် ပင်လယ်သမုဒ္ဒရာများအထိ ညစ်ညမ်းလျှက်ရှိပါသည်။ ယခုကဲ့သို့ မူးမြစ်ကမ်းဘေးတွင် စွန့်ပြစ်မှုကြောင့် မူးမြစ်အတွင်း ရေနေသတ္တဝါများ၏ အစာကွင်းဆက်ကို ထိခိုက်ပျက်စီးစေပြီး အလွန်သေးငယ်သော ပလစ်စတစ်အမျှင်လေးများကို ရေနေသတ္တဝါ များ စားသုံးခြင်းကြောင့် သေစေပျက်စီးလွယ်သည် ဟု သဘာဝပတ်ဝန်းကျင်လေ့လာသူတစ်ဦးက သုံးသပ်ပြောဆိုသည်။
     စွန့်ပစ်ပလတ်စတစ်အမှိုက်များသည် ဖျက်ဆီးရန်ခက်ခဲပါသည်။ မီးရှို့ဖျက်ဆီးပါက ၎င်းမီးခိုးငွေ့ကိုရှူရှိုက်ရသူများသည် အဆုတ်ကင်ဆာရောဂါကိုဖြစ်စေနိုင်ပါသည်။ ယခုအခါ မြို့ပေါ်နေဒေသခံအချို့ကအမှိုက်ကို စနစ်တကျ စွန့်ပစ်သည့်အလေ့အထမရှိခြင်းကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းလျှက် ရှိပါသည်။ ဤသို့သော မြို့ပေါ်နေပြည်သူများက ပလတ်စတစ်အမှိုက်များကို စနစ်တကျ အမှိုက်ပုံများအတွင်းစွန့်ပစ်ခြင်း စွန့်ပစ်အမှိုက်များကို စနစ်တကျ ဖျက်ဆီးခြင်းများ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာဌာနများကလည်း စည်းရုံးပညာပေးဆောင်ရွက်ရန် လိုအပ်ပါသည်။ သက်ဆိုင်ရာဌာနများမှ ပြည်သူလူထုနှင့် ပူးပေါင်း၍ စည်းရုံးပညာ
ပေးဆောင်ရွက်နိုင်မှသာ မူးမြစ်၏အလှအပ ပလတ်စတစ်များ ညစ်ညမ်းမှုအန္တရာယ်ကို ကာကွယ်တားဆီးနိုင်မည်ဖြစ်သည်ဟု သိရသည်။
                   စိုင်းလူမင်း
                Sailumin35@gmail.com
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment