For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Thursday 13 February 2014

ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ်-FDA ၏(၆၇)ကြိမ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား ကျင်းပပြီးစီး >>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ်-FDA ၏(၆၇)ကြိမ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား ကျင်းပပြီးစီး
         ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ်-FDA အဖွဲ့ဝင်ပါတီများ၏ (၆၇)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်း အနားကို  တောင်ဒဂုံမြို့နယ်၊ တိပိဋိက-နိကာယစာသင်တိုက်ရှိ မဟာသိမ်တော်ကြီးခန်းမတွင် ၁၂-၂-၂၀၁၄ ရက်နေ့ နေ့လည် ၂း၀၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။
         ထိုအခမ်းအနားသို့ ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ်အဖွဲ့ဝင်ပါတီများဖြစ်ကြသော ကရင်ပြည်သူ့ပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးပါတီ၊ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ ပြည်ထောင်စုဒီမိုကရေစီပါတီ၊ မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ၊ မြန့်မာလူ့ဘောင်သစ်ပါတီနှင့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီတို့မှ ပါတီခေါင်းဆောင်များ၊ ပါတီဝင်များနှင့် ဖိတ်ကြားထားသော နိုင်ငံရေးပါတီနှင့် အဖွဲ့အစည်းများဖြစ်ကြသည့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ဖလုံ-စဝေါ်ဒီမိုကရက် တစ်ပါတီ၊ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ၊ ဓနုအမျိုးသားတိုးတက်ရေးပါတီ၊ မြန်မာနိုင်ငံတောင်သူလယ် သမားဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် တောင်သူလယ်သမားအစည်းအရုံးနှင့် အမျိုးသမီးကွန်ယက်တို့မှ ကိုယ်စားလှယ် များ၊ ဗြိတိန်သံရုံးနှင့် တရုတ်သံရုံးတို့မှ သံရုံးကိုယ်စားလှယ်များ  စုစုပေါင်း လူဦးရေ ၄၀၀ ခန့် တက်ရောက်ခဲ့ ကြသည်။
         အခမ်းအနားတွင် သဘာပတိများအဖြစ် တက်ရောက်လာကြသော ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ်-FDA ပါတီကိုယ်စားပြုခေါင်းဆောင်များက ဆောင်ရွက်ကြပြီး  အခမ်းအနားမှူးများအဖြစ် ဒီမိုကရက်တစ်ပါတီမှ ဦးလှမြင့်နှင့် NDF ပါတီမှ ဒေါ်နန်းကြူသန်းဝင်းတို့က ဆောင်ရွက်ခဲ့သည်။ အခမ်းအနားဖွင့်လှစ်ပြီးနောက် သဘာပတိမိန့်ခွန်းကို ကရင်ပြည်သူ့ပါတီမှ ဦးဒက်ဆင်ထွန်းလင်းက အမှာစကားပြောကြားခဲ့ရာတွင် FDA တည်ထောင်ပြီးနောက် ပထမဦးဆုံး စုပေါင်းကျင်းပသည့်ပွဲဖြစ်ပြီး ဤပြည်ထောင်စုပွဲကို နိုင်ငံတ၀ှမ်းကျင်းပနေကြ ကြောင်း၊ နှစ်ပေါင်း ၆၀ ကျော် ပြည်ထောင်စုကြီးတည်မြဲနိုင်အောင် အားလုံးဝိုင်းဝန်းကြိုးပမ်းခဲ့ကြောင်း၊ ပြည်တွင်း စစ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးတည်ဆောက်ရေးသည် နိုင်ငံအတွက်အလွန်အရေးကြီးပါကြောင်း၊ ပြည်သူအများ တွင်လည်း တာဝန်ရှိပါကြောင်းဖြင့် ပြောကြားခဲ့သည်။
         ထို့နောက် ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ်FDA ၏ ပြည်ထောင်စုနေ့ ကြေညာချက်ကို ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီမှ ဦးတင်ထွေးမှ ဖတ်ကြားခဲ့သည်။
         ဒီမိုကရက်တစ်ပါတီဥက္ကဌ ဦးသုဝေမှ  ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်သည့် အဆိုကို တင်သွင်းပြီး ထိုအဆိုကို ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီမှ ဦးသက်ဦးက ထောက်ခံဆွေးနွေးခဲ့သည်။
         ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် နိုင်ငံရေးပါတီများ ပါဝင်ဆောင်ရွက်ရေး အဆိုကို အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ ဦးကြည်သန်းက တင်သွင်းပြီး ဒီမိုကရက်တစ်ပါတီမှ ဒေါ်ချိုချိုကျော်ငြိမ်း၊ ချင်းတိုးတက်ရေးပါတီ မှ ဦးစောမြက ထောက်ခံဆွေးနွေးခဲ့သည်။
         ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အဆိုကို မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ ဦးအောင်မိုး မှ တင်သွင်းပြီး မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီမှ ဦးနေမျိုးဝေက ထောက်ခံဆွေးနွေးခဲ့သည်။
         ထို့နောက် သဘာပတိမှ နိဂုံးချုပ်အမှာစကားပြောကြားပြီး အခမ်းအနားကို ညနေ ၃း ၃၀ နာရီတွင် အောင်မြင်စွာရုပ်သိမ်းခဲ့ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။ 



 
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် နိုင်ငံရေးပါတီများ ပါဝင်ဆောင်ရွက်ခွင့် ရရှိရေး

        ဒီကနေ့  ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ်      နိုင်ငံရေးပါတီများ  စုပေါင်းကျင်းပတဲ့    ၆၇ - နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကြီးမှာ  “ ငြိမ်းချမ်းရေး လုပ်ငန်း စဉ်များတွင်  နိုင်ငံရေးပါတီများ  ပါဝင်ဆောင်ရွက်ခွင့်ရရှိရေး   ဆိုတဲ့အဆိုကို  တင်သွင်းမှာ ဖြစ်ပါတယ်။ ဒီအဆိုကို တင်သွင်းရခြင်းအကြောင်းကတော့ -

       ၁၉၄၈ခုနှစ်၊ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် စတင်ဖြစ်ပွားခဲ့သည့် ပြင်တွင်းစစ် ပဋိပက္ခကြောင့် ပြည်သူများဟာ ယနေ့တိုင် အသက်အိုးအိမ်များ ပျက်စီးဆုံးရှုံးပြီး အတိဒုက္ခရောက်နေကြရပါတယ်။ ထိုပဋိပက္ခများ အပြီးတိုင် ချုပ်ငြိမ်းနိုင်စေရေးအတွက် ပြည်တွင်းငြိမ်းချမ်းရေးရရှိရန် ကာလကြာမြင့်စွာကပင် ပြည်သူလူထုကြီးတစ်ရပ်လုံးက လိုလားတောင့်တလျှက် ရှိကြပါတယ်။ ငြိမ်းချမ်းရေးရရှိရန်မှာ လူမျိုးရေး၊ နိုင်ငံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာဘ၀တို့တွင် အထွေထွေသဟဇာတဖြစ်ပြီးမှသာ ရရှိနိုင်မည် ဖြစ်ပါတယ်။ ထိုသို့ အထွေထွေသဟဇာတ ဖြစ်နိုင်ရန်အတွက် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး အဖြေရှာရေးဟာ အဓိက လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်ကြီး ဖြစ်ပါတယ်။

       ငြိမ်းချမ်းရေးဆိုတာ လူသားအားလုံးကို သဘာဝတရားကြီးက ပေးအပ်ထားတဲ့ ပိုင်ခွင့်ကြီးဖြစ်ပါတယ်။ ဒီမြေပေါ်မှာ သဘာဝအတိုင်းရှိနေတဲ့ လွတ်လပ်မှုအရှိတရားကို ခံစားရရှိနေခြင်းဟာ ငြိမ်းချမ်းရေး ရရှိနေခြင်းပါပဲ။ ဒါပေမယ့် ဒီငြိမ်းချမ်းရေးကို လူမှုပယောဂတွေက ချိုးဖဲ့ဖျက်ဆီးခဲ့ကြပါတယ်။ သေနတ်သံတွေနဲ့ ကျည်ဆံတွေ အကြားမှာ ငြိမ်းချမ်းရေးမရှိပါဘူး။ ဒီလိုပါပဲ စားမှုနေမှု၊ လူမှုဒုက္ခတွေ  ခံစားနေရတဲ့  လူ့အဖွဲ့အစည်းအတွင်းမှာလည်း ငြိမ်းချမ်းခြင်းဆိုတာ ရှာမတွေ့နိုင်ပါဘူး။ ဒါကြောင့် သေနတ်သံတွေ ဆိတ်သုဉ်းစေခြင်းနဲ့ နိုင်ငံသားတိုင်းရဲ့  လူမှုစီးပွားရေးဘ၀တွေ လောက်ငှဖူလုံစေခြင်းတွေ ရှိမှသာ ငြိမ်းချမ်းရေးရပြီ၊ ငြိမ်းချမ်းရေးရဲ့ အရသာကို ခံစားကြရပြီလို့ ဆိုနိုင်ပါလိမ့်မယ်။

       ဒီမြေပေါ်မှာနှစ်ပရိစ္ဆေဒကြာမြင့်စွာ ယနေ့အထိ အတူတကွ နေထိုင်ခဲ့ကြ သူတွေဟာ လူမျိုးပေါင်းစုံ နိုင်ငံသားပြည်သူတွေပဲဖြစ်ပါတယ်။ သူတို့တွေအကြားမှာ ငြိမ်းချမ်းရေးဟာ ဘာကြောင့်ပျောက်ကွယ်နေရတာလဲ။ ဒါကို လေးလေးနက်နက် စဉ်းစား သုံးသပ်ပြီး ၀ိုင်းဝန်းကြိုးပမ်း အဖြေရှာကြရပါမယ်။ ဒီလိုအဖြေရှာကြတဲ့အခါမှာ  ပြည်သူလူထုနှင့် အမြဲထိတွေ့ဆက်ဆံပြီး ပြည်သူတို့ရဲ့ ဘ၀နှင့်ဆန္ဒကို သိရှိနိုင်တဲ့ နိုင်ငံရေးပါတီများရဲ့  အခန်းကဏ္ဍ ပါဝင်လာရမှာ ဖြစ်ပါတယ်။
       ယခုအခါ မြန်မာနိုင်ငံအစိုးရက ယခင်အစိုးရအဆက်ဆက် တစ်ကြိမ်တစ်ခါမျှ မဆောင်ရွက်ဖူးသေးတဲ့  လုပ်ငန်းစဉ်တစ်ရပ်ကို အကောင်အထည်ဖော်နိုင်ရန် ကြိုးပမ်း ဆောင်ရွက်နေတာကို တွေ့နေရပါတယ်။    ဒါကတော့ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အားလုံးနှင့် လက်မှတ်ရေးထိုးနိုင်ရန် ဆောင်ရွက်နေခြင်းပဲ ဖြစ်ပါတယ်။

       တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ရေး ဆွေးနွေးညှိနှိုင်းမှုများဟာ  အတော်အတန် ခရီးရောက်နေတာ တွေ့ရပါတယ်။ ဒီဖြစ်စဉ်မှာ    ပါဝင်ပတ်သက်နေသူများ အနေဖြင့် ယခုအခွင့်အရေးကို လက်လွတ်မခံဘဲ ပြည်သူလူထုတစ်ရပ်လုံး၏ ဆန္ဒများကို ဖြည့်ဆည်းပေးနိုင်ရန်  ခိုင်မာသောသန္နိဋ္ဌာန်ဖြင့် အပတ်တကုတ် ဆက်လက်ကြိုးပမ်း ဆောင်ရွက်ကြ လိမ့်မည်ဟု အပြည့်အ၀ ယုံကြည်ပါတယ်။

       တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲနိုင်ခြင်းဖြင့် ဆယ်စုနှစ် ပေါင်းများစွာ ကြာမြင့်နေခဲ့သော ပြည်သူတို့၏ဘ၀ကို  အမှောင်ဖုံးလွှမ်းစေသည့် ပဋိပက္ခများကို နိဂုံးချုပ်စေနိုင်ပြီး  နိုင်ငံရေးဆွေးနွေးမှု လုပ်ငန်းစဉ်များ စတင်ခြေလှမ်း နိုင်မည်ဖြစ်ပါတယ်။ သို့ဖြစ်ရာ ဤသဘောတူညီချက်မှတဆင့် ပြည်သူအများ မျှော်လင့်စောင့်စား နေကြသော နိုင်ငံလုံးဆိုင်ရာ ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပေါ်ပေါက်ပြီး နိုင်ငံရေးအရ သဘောတူ ညီချက်များ ရရှိလာနိုင်မည် ဖြစ်ပါတယ်။

       လုပ်ငန်းစဉ်အရ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးပြီးချိန်တွင် နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်များ ရေးဆွဲသတ်မှတ်ပြီး ထိုမူဘောင်များ အပေါ်တွင်အခြေခံ၍ နိုင်ငံရေး ဆွေးနွေးပွဲများ ပြုလုပ်ကြမည်ဖြစ်ရာ နိုင်ငံရေးပါတီ များသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ နိုင်ငံရေးဆွေးနွေးပွဲများတွင် ဆွေးနွေးဘက် Dialague Partaner များအဖြစ်ပါဝင်ရန် လိုအပ်လာမည်ဖြစ်ပါတယ်။ အဆိုပါ နိုင်ငံရေး ဆွေးနွေးပွဲများဟာ  အောက်ဖော်ပြပါ အတိုင်းဖြစ်သင့်ပါတယ် -
(က) တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးခြင်းနှင့် နိုင်ငံရေးဆွေးနွေးပွဲများသည် အကြားအလပ်မရှိ တစ်ဆက်တစ်စပ်တည်း ဖြစ်သည်ဟု ပြည်သူများ သိရှိစေရန် သတင်းထုတ်ပြန်ပေးရန်၊
(ခ)   အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲတွင် နိုင်ငံရေးပါတီကိုယ်စား လှယ် များကိုလည်း အသိသက်သေအဖြစ် တက်ရောက် လက်မှတ်ရေးထိုးခွင့် ပြုရန်၊
(ဂ)   ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ နိုင်ငံရေးဆွေေးနွးမူအဆင့်တိုင်းတွင် နိုင်ငံရေး ပါတီ ကိုယ်စားလှယ်များ ပါဝင်ခွင့်ပြုရန်။

       ပြည်ထောင်စုကြီး၏    ငြိမ်းချမ်းရေး  ရေရှည်တည်ဆောက်နိုင်ရန်အတွက်    ထိုနိုင်ငံရေး
ဆွေးနွေးပွဲများမှ  ရရှိလာသော     သဘောတူညီချက်များကို   အတည်ပြုနိုင်ရန်   တပ်မတော်
အပါအ၀င် လက်နက်ကိုင် အဖွဲ့အစည်းများ၊ လွှတ်တော်၊ အစိုးရ၊  အရပ်ဖက်အဖွဲ့အစည်းများ၊
နိုင်ငံရေးပါတီများနှင့်   ပညာရှင်များ   စုံစုံညီညီပါဝင်သော  ငြိမ်းချမ်းရေး ညီလာခံကြီးတစ်ရပ်
အမြန်ဆုံး ကျင်းပနိုင်ရေးကို တိုက်တွန်းတောင်းဆိုရင်း “  ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင
နိုင်ငံရေးပါတီများ   ပါဝင်ဆောင်ရွက်ခွင့်  ရရှိရေး        အဆိုကို      လေးလေးနက်နက်
တင်သွင်းအပ်ပါတယ်။

>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
 
 
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် နိုင်ငံရေးပါတီများ ပါဝင်ဆောင်ရွက်ခွင့် ရရှိရေး

        ဒီကနေ့  ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ်      နိုင်ငံရေးပါတီများ  စုပေါင်းကျင်းပတဲ့    ၆၇ - နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကြီးမှာ  “ ငြိမ်းချမ်းရေး လုပ်ငန်း စဉ်များတွင်  နိုင်ငံရေးပါတီများ  ပါဝင်ဆောင်ရွက်ခွင့်ရရှိရေး   ဆိုတဲ့အဆိုကို  တင်သွင်းမှာ ဖြစ်ပါတယ်။ ဒီအဆိုကို တင်သွင်းရခြင်းအကြောင်းကတော့ -

       ၁၉၄၈ခုနှစ်၊ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် စတင်ဖြစ်ပွားခဲ့သည့် ပြင်တွင်းစစ် ပဋိပက္ခကြောင့် ပြည်သူများဟာ ယနေ့တိုင် အသက်အိုးအိမ်များ ပျက်စီးဆုံးရှုံးပြီး အတိဒုက္ခရောက်နေကြရပါတယ်။ ထိုပဋိပက္ခများ အပြီးတိုင် ချုပ်ငြိမ်းနိုင်စေရေးအတွက် ပြည်တွင်းငြိမ်းချမ်းရေးရရှိရန် ကာလကြာမြင့်စွာကပင် ပြည်သူလူထုကြီးတစ်ရပ်လုံးက လိုလားတောင့်တလျှက် ရှိကြပါတယ်။ ငြိမ်းချမ်းရေးရရှိရန်မှာ လူမျိုးရေး၊ နိုင်ငံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာဘ၀တို့တွင် အထွေထွေသဟဇာတဖြစ်ပြီးမှသာ ရရှိနိုင်မည် ဖြစ်ပါတယ်။ ထိုသို့ အထွေထွေသဟဇာတ ဖြစ်နိုင်ရန်အတွက် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး အဖြေရှာရေးဟာ အဓိက လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်ကြီး ဖြစ်ပါတယ်။

       ငြိမ်းချမ်းရေးဆိုတာ လူသားအားလုံးကို သဘာဝတရားကြီးက ပေးအပ်ထားတဲ့ ပိုင်ခွင့်ကြီးဖြစ်ပါတယ်။ ဒီမြေပေါ်မှာ သဘာဝအတိုင်းရှိနေတဲ့ လွတ်လပ်မှုအရှိတရားကို ခံစားရရှိနေခြင်းဟာ ငြိမ်းချမ်းရေး ရရှိနေခြင်းပါပဲ။ ဒါပေမယ့် ဒီငြိမ်းချမ်းရေးကို လူမှုပယောဂတွေက ချိုးဖဲ့ဖျက်ဆီးခဲ့ကြပါတယ်။ သေနတ်သံတွေနဲ့ ကျည်ဆံတွေ အကြားမှာ ငြိမ်းချမ်းရေးမရှိပါဘူး။ ဒီလိုပါပဲ စားမှုနေမှု၊ လူမှုဒုက္ခတွေ  ခံစားနေရတဲ့  လူ့အဖွဲ့အစည်းအတွင်းမှာလည်း ငြိမ်းချမ်းခြင်းဆိုတာ ရှာမတွေ့နိုင်ပါဘူး။ ဒါကြောင့် သေနတ်သံတွေ ဆိတ်သုဉ်းစေခြင်းနဲ့ နိုင်ငံသားတိုင်းရဲ့  လူမှုစီးပွားရေးဘ၀တွေ လောက်ငှဖူလုံစေခြင်းတွေ ရှိမှသာ ငြိမ်းချမ်းရေးရပြီ၊ ငြိမ်းချမ်းရေးရဲ့ အရသာကို ခံစားကြရပြီလို့ ဆိုနိုင်ပါလိမ့်မယ်။

       ဒီမြေပေါ်မှာနှစ်ပရိစ္ဆေဒကြာမြင့်စွာ ယနေ့အထိ အတူတကွ နေထိုင်ခဲ့ကြ သူတွေဟာ လူမျိုးပေါင်းစုံ နိုင်ငံသားပြည်သူတွေပဲဖြစ်ပါတယ်။ သူတို့တွေအကြားမှာ ငြိမ်းချမ်းရေးဟာ ဘာကြောင့်ပျောက်ကွယ်နေရတာလဲ။ ဒါကို လေးလေးနက်နက် စဉ်းစား သုံးသပ်ပြီး ၀ိုင်းဝန်းကြိုးပမ်း အဖြေရှာကြရပါမယ်။ ဒီလိုအဖြေရှာကြတဲ့အခါမှာ  ပြည်သူလူထုနှင့် အမြဲထိတွေ့ဆက်ဆံပြီး ပြည်သူတို့ရဲ့ ဘ၀နှင့်ဆန္ဒကို သိရှိနိုင်တဲ့ နိုင်ငံရေးပါတီများရဲ့  အခန်းကဏ္ဍ ပါဝင်လာရမှာ ဖြစ်ပါတယ်။
       ယခုအခါ မြန်မာနိုင်ငံအစိုးရက ယခင်အစိုးရအဆက်ဆက် တစ်ကြိမ်တစ်ခါမျှ မဆောင်ရွက်ဖူးသေးတဲ့  လုပ်ငန်းစဉ်တစ်ရပ်ကို အကောင်အထည်ဖော်နိုင်ရန် ကြိုးပမ်း ဆောင်ရွက်နေတာကို တွေ့နေရပါတယ်။    ဒါကတော့ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အားလုံးနှင့် လက်မှတ်ရေးထိုးနိုင်ရန် ဆောင်ရွက်နေခြင်းပဲ ဖြစ်ပါတယ်။

       တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ရေး ဆွေးနွေးညှိနှိုင်းမှုများဟာ  အတော်အတန် ခရီးရောက်နေတာ တွေ့ရပါတယ်။ ဒီဖြစ်စဉ်မှာ    ပါဝင်ပတ်သက်နေသူများ အနေဖြင့် ယခုအခွင့်အရေးကို လက်လွတ်မခံဘဲ ပြည်သူလူထုတစ်ရပ်လုံး၏ ဆန္ဒများကို ဖြည့်ဆည်းပေးနိုင်ရန်  ခိုင်မာသောသန္နိဋ္ဌာန်ဖြင့် အပတ်တကုတ် ဆက်လက်ကြိုးပမ်း ဆောင်ရွက်ကြ လိမ့်မည်ဟု အပြည့်အ၀ ယုံကြည်ပါတယ်။

       တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲနိုင်ခြင်းဖြင့် ဆယ်စုနှစ် ပေါင်းများစွာ ကြာမြင့်နေခဲ့သော ပြည်သူတို့၏ဘ၀ကို  အမှောင်ဖုံးလွှမ်းစေသည့် ပဋိပက္ခများကို နိဂုံးချုပ်စေနိုင်ပြီး  နိုင်ငံရေးဆွေးနွေးမှု လုပ်ငန်းစဉ်များ စတင်ခြေလှမ်း နိုင်မည်ဖြစ်ပါတယ်။ သို့ဖြစ်ရာ ဤသဘောတူညီချက်မှတဆင့် ပြည်သူအများ မျှော်လင့်စောင့်စား နေကြသော နိုင်ငံလုံးဆိုင်ရာ ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပေါ်ပေါက်ပြီး နိုင်ငံရေးအရ သဘောတူ ညီချက်များ ရရှိလာနိုင်မည် ဖြစ်ပါတယ်။

       လုပ်ငန်းစဉ်အရ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးပြီးချိန်တွင် နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်များ ရေးဆွဲသတ်မှတ်ပြီး ထိုမူဘောင်များ အပေါ်တွင်အခြေခံ၍ နိုင်ငံရေး ဆွေးနွေးပွဲများ ပြုလုပ်ကြမည်ဖြစ်ရာ နိုင်ငံရေးပါတီ များသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ နိုင်ငံရေးဆွေးနွေးပွဲများတွင် ဆွေးနွေးဘက် Dialague Partaner များအဖြစ်ပါဝင်ရန် လိုအပ်လာမည်ဖြစ်ပါတယ်။ အဆိုပါ နိုင်ငံရေး ဆွေးနွေးပွဲများဟာ  အောက်ဖော်ပြပါ အတိုင်းဖြစ်သင့်ပါတယ် -
(က) တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးခြင်းနှင့် နိုင်ငံရေးဆွေးနွေးပွဲများသည် အကြားအလပ်မရှိ တစ်ဆက်တစ်စပ်တည်း ဖြစ်သည်ဟု ပြည်သူများ သိရှိစေရန် သတင်းထုတ်ပြန်ပေးရန်၊
(ခ)   အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲတွင် နိုင်ငံရေးပါတီကိုယ်စား လှယ် များကိုလည်း အသိသက်သေအဖြစ် တက်ရောက် လက်မှတ်ရေးထိုးခွင့် ပြုရန်၊
(ဂ)   ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ နိုင်ငံရေးဆွေေးနွးမူအဆင့်တိုင်းတွင် နိုင်ငံရေး ပါတီ ကိုယ်စားလှယ်များ ပါဝင်ခွင့်ပြုရန်။

       ပြည်ထောင်စုကြီး၏    ငြိမ်းချမ်းရေး  ရေရှည်တည်ဆောက်နိုင်ရန်အတွက်    ထိုနိုင်ငံရေး
ဆွေးနွေးပွဲများမှ  ရရှိလာသော     သဘောတူညီချက်များကို   အတည်ပြုနိုင်ရန်   တပ်မတော်
အပါအ၀င် လက်နက်ကိုင် အဖွဲ့အစည်းများ၊ လွှတ်တော်၊ အစိုးရ၊  အရပ်ဖက်အဖွဲ့အစည်းများ၊
နိုင်ငံရေးပါတီများနှင့်   ပညာရှင်များ   စုံစုံညီညီပါဝင်သော  ငြိမ်းချမ်းရေး ညီလာခံကြီးတစ်ရပ်
အမြန်ဆုံး ကျင်းပနိုင်ရေးကို တိုက်တွန်းတောင်းဆိုရင်း “  ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင
နိုင်ငံရေးပါတီများ   ပါဝင်ဆောင်ရွက်ခွင့်  ရရှိရေး        အဆိုကို      လေးလေးနက်နက်
တင်သွင်းအပ်ပါတယ်။

No comments:

Post a Comment