စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်သည် သစ်တော၊၀ါးတောများ
ပေါများသည့် အရပ်ဒေသ ဖြစ်သည်နှင့်မညီ တမလန်း ၊အင် ၊
အင်ကြင်းနှင့် အခြားသစ်များ သဘာဝအလျောက် ပေါက်
သကဲ့သို့ သစ်တောဦးစီးဌာနများမှ စိုက်ပျိုးထားသော ကျွန်း၊
ပျဉ်းကတိုး စသည့်  တန်ဖိုးကြီးမားလှသော တန်းဝင် သစ်တော
စိုင်ခင်းများလည်း သက်ဆိုင်ရာကြိုးဝိုင်းအတွင်း သစ်တောဦးစီး
ဌာနမှ စိုက်ပျိုးထားကြောင်း သိရသည်။
ယခုအခါ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီး
ဌာနမှ နှစ်စဉ်သစ်တော စိုက်ခင်းများ တည်ထောင်လျှက်ရှိရာ
စစ်ကိုင်းတိုင်းဒေသကြီး သစ်တောဦးစီးဌာနအနေဖြင့် စိုက်ခင်းဧက
(၂၀၀၀)ကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် အတွင်း တည်ထောင်လျှက်
ရှိသည်။
ကသာခရိုင် သစ်တောဦးစီးဌာနအနေဖြင့် စီးပွားရေးစိုက်ခင်း
ဧက (၁၀၀၀)တည်ထောင်ခဲ့ကြောင်း အဆိုပါစိုက်ခင်းများကို
သစ်တောဦးစီးဌာနရုံးချုပ်မှ ဖွဲ့စည်းပေးပြီး စစ်ဆေးရေးအဖွဲ့များက
စစ်ဆေးခဲ့ရာ (၂၀၁၃-၂၀၁၄)ဘဏ္ဍာရေးနှစ်တွင် တည်ထောင်သည့်
စိုက်ခင်းဧက(၂၀၀၀)နှင့် ကသာခရိုင် အင်းတော်မြို့ နယ် ဂဟဲကြိုးဝိုင်း
အကွက်အမှတ် (၁၄)အတွင်း တည်ထောင်စိုက်ပျိုးခဲ့သည့် ယခုချိန်
စိုက်ခင်းသက်(၇)လအတွင်း အမြင့်ဆုံးကျွန်းပင် ၁၀ပေ ၂လက်မ၊
ပျမ်းမျှအမြင့် ၆ပေ ၈လက်မနှင့် အပင်ရှင်သန်မှုရာခိုင်နှုန်း
(၉၂.၆၇) ရှိကြောင်း သိရသည်။
Kawlin Media Group
(ပိတောက်ဖူး)
>>>>>>>>>>>>>>>>>>>>>

No comments:
Post a Comment