စိုင်းလူမင်း.......
ကချင်ပြည်နယ် မိုးညှင်းဘူတာ၌ ယခုနှစ် ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်ပြီး VED မီးပြေးဆိုင်းဘုတ်ကို ခရီးသည်များ မြင်သာစေရန် ဘူတာစင်္ကြ၌ ချိတ်ဆွဲပေးထားကြောင်း တွေ့ရသည်။
အဆိုပါမီးဆိုင်းဘုတ်တွင် အင်္ဂလိပ် မြန်မာ နှစ်ဘာသာဖြင့် ရထားများ ဆိုက်ရောက်ချိန် ထွက်ခါချိန်များ ပါဝင်သလို ဘူတာသန့်ရှင်းသပ်ရပ်စေရန် လုပ်ဆောင်စေသော စာသားများကိုပါ ထည့်သွင်းပေးထားသည်။ထိုကဲ့သို့ ရထားများ ထွက်ခွာချိန် ဆိုက်ရောက်ချိန် များကို ယခုကဲ့သို့ ဆိုင်းဘုတ်ဖြင့် အသိပေးဖော်ပြထားသဖြင့် ခရီးသည်များ အနေဖြင့် မေးမြန်းစရာမလိုတော့သဖြင့် သွားလာရေး အဆင်ပြေကြသည်ဟု ဆိုပါသည်။
Kawlin Media Group
ဟေမာထွန်းကြည်
>>>>>>>>>>>>>>>>>>>>>

No comments:
Post a Comment