ကျွန်တော်တို့ မုံရွာ မှာ အရောင်းပြခန်းတွေ ကုမ္မဏီ တွေ
ဖွင့်လာကြတော့ နယ်ခံ တွေ ဘွဲ့ရအလုပ်လက်မဲ့တွေ အတွက်
အလုပ်အကိုင်အခွင့်အလမ်းတွေ ရလာကြပါတယ် အလုပ်လက်မဲ့များပြီး
အလုပ်အကိုင်အခွင့်အလမ်းကမမျှလေတော့ ကုမ္မဏီကြီးတွေဟာအလုပ်သမား
တွေအပေါ်အနိုင်ကျင့် ဖိနှိပ်လာကြပါတယ် မုံရွာမြို့ က နာမည်ကြီး
ကိုရီးယား ဖုန်း အရောင်းစင်တာ က ၀န်ထမ်းတယောက်ဖြစ်တဲ့
မဖြူ(အမည်လွှဲ) ကသူရဲ့ခံစားချက်ကို အခုလိုပြောပြပါတယ်
>>>>>>>>>>>>>>>>>>>>>
''ညီမတို့ကို အလုပ်စပြီးခန့်တော့ တနှစ်စာချုပ် ချုပ်ရပါတယ်
တနှစ်မပြည့်ပဲ ထွက်ရင် ငါးသိန်းလျှော်ရမယ်ဆိုတဲ့ အချက်လဲ
စာချုပ်ထဲမှာထည့်ချုပ်ရတယ် စာချုပ်တုန်းက လစာက ခုနှစ်သောင်း
သုံးလပြည့်ရင် တသိန်းတိုးမယ်လို့ပြောပါတယ် နားရက်က တလနှစ်ရက်
အစိုးရရုံးပိတ်ရက်တွေပိတ် မယ်လို့ပြောပါတယ် အခုအလုပ်လုပ်တာ
တနှစ်ပြည့်ခါနီးပြီ ခုထိလဲ လစာမတိုးပေးပါဘူး အာဇာနည်နေ့တို့
ပြည်ထောင်စုနေ့ တို့လိုအထင်ကရ ရုံးပိတ်ရက်တွေကိုတောင်မနားရပါဘူး
ဆိုင်ထဲ မှာတော့ရုံးပိတ်ရက်တွေကို မန်နေဂျာလက်မှတ်နဲ့
ရုံးစာထုတ်ထားပြီး လက်တွေ့မှာတော့ စာရွက်ထဲပဲ ပိတ်တာပါ
မန်နေဂျာကိုမေးတော့လဲ ဆင်းပေးရမယ် အချိန်ပိုကြေးမရဘူး
မဆင်းနိုင်ရင် လစာထဲဖြတ်မယ်ဆိုပြီး ခြိမ်းခြောက်သလိုပြောပါတယ် ကိုယ့်အလှည့်ကျနားရက်ကိုလဲ လုပ်ငန်းလိုအပ်ချက်ရှိရင် ရှိသလိုအချိန်ပိုကြေးမရပဲအချိ န်
ပိုဆင်းပေးရပါတယ် ပြီးတော့ ညီမတို့အတွက်
စက်ရုံကတိုက်ရိုက်ပေးတဲ့ ရောင်းအား ပါဆင်းနစ်ကိုလဲ
မြန်မာပြည်ကိုယ်စားလယ်တွေက ထုတ်မပေးပဲ ဝေ့လယ်ကြောင်ပတ်
ပြောပြီး ဗြောင်လိမ်ဗြောင်စား လုပ်ပြစ်ပါတယ် အဆိုးဆုံးကတော့
အလုပ်သမားဝန်ကြီး ဌာန ကလာစစ်ချိန် ညီမတို့ကို လိမ်ခိုင်းတာ ပါပဲ
ရုံးပိတ်ရက၊် လစာ ၊အားလုံး ကိုလိမ်ပြောခိုင်းပါတယ် မန်နေဂျာက
အမှန်တိုင်းပြောတဲ့သူ တွေငါ့ အကြောင်းသိမယ် ဆိုတဲ့ ပုံစံ ပြပါတယ်
ညီမ တို့ဝန်ထမ်းတွေက ဆက်မလုပ်ချင်တော့ပေမယ့်ကိုယ်
့နောက်ကမိသားစုကိုငဲ့နေတာ ရယ် တနှစ်မပြည့်သေးတော့
မလျှော်နိုင်တာရယ် အလုပ်ကလဲ ပြန်ရှာရတာ မလွယ်တကြောင့်ဆက်လုပ်ေ နကြတာပါ ညီမတို့ဝန်းထမ်း တွေထဲကတချို့ကတော့ တနှစ်ပြည့်ရင်ထွက်ကြ မယ့်သူများပါတယ်ညီမကတော့ အိမ်မိသားစုကိုထောက်ပံ့ေ နရတာမို့ ထွက်ဖို့မရှိသေးပါဘူး သည်းညီးခံပြီးဆက်လုပ်နေရဦး မှာပါ ''လို့ သူမကရင်ဖွင့်ပါတယ်
ဒီလိုမျိုး အလုပ်သမားတွေအပေါ် ခေါင်းပုံဖြတ် အနိုင်ကျင့်မူတွေ နိုင်ငံ နဲ့တ၀ှမ်းမှာရှိနေမှာသေချာပါ တယ် အလုပ်သမားဥပဒေကြမ်း မပြီးသေးရွေ့ ကိုယ်ချင်းစာတရားနည်းပါးတဲ့ လုပ်
ငန်းရှင်တွေ ၊ဘ၀တူဝန်ထမ်းတွေအပေါ် ဖိနှိပ်ပြီး
သခင်အားရရင်ပြီးရော လုပ် နေတဲ့ မန်နေဂျာတွေ ကြောင့်
မဖြူတို့လိုအောက်ခြေ၀န်ထမ်း တွေ ရဲ့ဘ၀က
ခက်ခဲနေဦးမှာသေချာပါတယ် တနေကုန်အလုပ်မှာ ညအိပ်ချိန် သာ ပြန်ပြီး
ကိုယ့်မိသားစုတွေနဲ့ တရက်မှာ နာရီပိုင်းလောက် သာတွေ့ရတဲ
မဖြူတို့ လို အလုပ်သမားတွေ ရဲ့အခွင့်အရေးတွေ ကိုကာကွယ်ပေး မယ့်အရာမရှိတော့ ဘူးလား ဘယ်တော့မှာများ အခွင့်ရေးတွေရရှိလာမှာတဲ့လဲ မဖြူ တို့လို ၀န်ထမ်းတွေ နင်းပြားဘ၀ အနိုင်ကျင့်ခံဘ၀ကနေတက်ဖို့ ရွှေပြည်တော်မျှော်တိုင်း ဝေနေပြီလား...။
မုံရွာသား
5/MYA 174727
မုံရွာတောင်၊ မုံရွာမြို့။
၀၉ ၂၅၆၃၇၆၂၄၄
ဒီလိုမျိုး အလုပ်သမားတွေအပေါ် ခေါင်းပုံဖြတ် အနိုင်ကျင့်မူတွေ နိုင်ငံ နဲ့တ၀ှမ်းမှာရှိနေမှာသေချာပါ
မဖြူတို့ လို အလုပ်သမားတွေ ရဲ့အခွင့်အရေးတွေ ကိုကာကွယ်ပေး မယ့်အရာမရှိတော့ ဘူးလား ဘယ်တော့မှာများ အခွင့်ရေးတွေရရှိလာမှာတဲ့လဲ မဖြူ တို့လို ၀န်ထမ်းတွေ နင်းပြားဘ၀ အနိုင်ကျင့်ခံဘ၀ကနေတက်ဖို့ ရွှေပြည်တော်မျှော်တိုင်း
မုံရွာသား
5/MYA 174727
မုံရွာတောင်၊ မုံရွာမြို့။
၀၉ ၂၅၆၃၇၆၂၄၄
No comments:
Post a Comment