For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Friday 14 February 2014

ပျော်ဘွယ်မြို့နယ် ဆိတ်ချိုအုပ်စုကန်ဆွယ်ကျေးရွှာ ရေနစ်မြုပ်နေသောတောင်သူများဘဝစာနာပေးပါ >>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

ကန်တူးပြီးမှ ကန်ရေမသောက်လယ်မစိုက်ရဘဲ လယ်ရေနစ်မြုပ်နေသောတောင်သူများ
ဘဝစာနာပေးပါ။
ပျော်ဘွယ်မြို့နယ်ဆိတ်ချိုအုပ်စုကန်ဆွယ်ကျေးရွှာ ကန်ဧရိယာ(၂.၄၅ဧက) ရေမြုပ်၁၅ဧကခန့်  ကန်မပြုပြင်ခင်က တောင်သူများမှာ မည်သည့်အခက်အခဲမှမရှိဘဲ လုပ်ငန်းလုပ်ကိုင်နိုင်ပြီး စားဝတ်နေရေးချောင်လည် အလှူအတန်းပေါများစွာ လှူဒါန်းနိုင်ပြီး ယခု ကန်ပြုပြင်ပြီးသောအခါ ကန်ရေထွက်ပေါက်သည် ကန်ရေမျက်နှာပြင်ထက် ၄ပေခန့် မြှင့်တက်နေမှု့ကြောင့် ကန်အတွင်းရှိရေများ မထွက်နိုင်ဘဲတောင်သူများ၏ အသက်သွေးကြောဖြစ်သော လယ်မြေများထဲသို့  ရေများဝပ်နေခြင်းကြောင့် တောင်သူများမှာ
စားဝတ်နေရေးပြေလည်မှု့မရှိသည့် အပြင် နိုင်ငံတော်မှ တောင်သူများအား စေတနာထားပြီး စိုက်ပျိုးစရိတ်များ ထုတ်ချေးထားသည်ကို ကျေးဇူးတင်ရှိသော်လည်း ယခုလို ရေဝပ်နေမှု့ကြောင့် တောင်သူ လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွှက်မှု့မရသည့်အတွက်ကြောင့် ချေးငွေပြန်ဆပ်ဖို့ ရာ ရတက်မအေး ဖြစ်နေရပါသည်။
နိုင်ငံတော်မှ စေတနာထားသော်လည်း အောက်ခြေရှိ ဝန်ထမ်းများ၏ လုပ်ဆောင်မှု့များမှာ အထက်နှင့်အောက် ကွဲလွဲမှု့များ ဖြစ်ပေါ်နေ၍ နိုင်ငံတော်ရဲ့မျက်နှာ အိုးမည်းသုတ်နေသလို ခံစားမိပါသည်။ အခြေခံရှိ ကန်ကော်မတီ များမှလည်း တောင်သူများ ကိုင်ဆောင်ထားသော ပုံစံ(၇) များမှာ မြေစာရင်းဋ္ဌာနများနှင့် ပူးပေါင်းပြုလုပ်ထားသည်ဟု စွတ်ဆွဲငြင်းဆန်ထားပါသည်။ တောင်သူများသည် ဘိုးဘွားစဉ်ဆက် လုပ်ကိုင်စားသောက်လာခဲ့ရာမှ ၂၀၁၃-၂၀၁၄မှာ နိုင်ငံတော်မှ ချပေးထားသော ပုံစံ(၇)များသာ ဖြစ်ကြောင်း
၎င်းကိစ္စနှင့်ပတ်သက်သော ကန်ကော်မတီများအား စစ်ဆေးအရေးယူပေးပါရန် သက်ဆိုင်ရာ ဋ္ဌာနများသို့  တိုင်ကြားစာများဖြင့်၎င်းလူကိုယ်တိုင်ဖြင့်သော်၎င်း တွေ့ဆုံခဲ့သော်လည်း မည်သည့်အကြောင်းမှထူးမလာခြင်းကြောင့်
ဌုံ ပေးစာတိုင်စာရင်ဖွင့်စာကဏ္ဍသို့ ရင်ဖွင့်လိုက်ရခြင်းဖြစ်ပါသည်။
                           တောင်သူများ၏ကိုယ်စား
                             ကိုဝင်းထွန်း
                  ၉/ပဘန(နိုင်)123396 ပျော်ဘွယ်မြို့နယ်ဆိတ်ချိုအုပ်စု                
ကန်ဆွယ်ကျေးရွှာ
09402788876                       
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment