For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Friday 28 February 2014

``သူရိယနေ၀န်းဂျာနယ်(၂)စောင်မှ လူထုအသံ၌ ဖော်ပြထားသော ဆိပ်ဖြူမြို့ဝင်ဂိတ်တာဝန်ခံကိစ္စ ကောင်းမွန်ကုမ္ပဏီ နှင့် လုံးဝမပါတ်သက်ကြောင်း ရှင်းလင်း ´´ >>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”


ဖေဖော်ဝါရီ(၁၈)ရက်၊ နေ့(၁၀း၃၀)နာရီအချိန်တွင် ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ ရွာသစ်ရပ်၌ ရှိသော ဆိပ်ဖြူမြို့ဝင်/ထွက် မော်တော်ကားဂိတ်သို့  သူရိယနေ၀န်းဂျာနယ်၊အတွဲ(၁)အမှတ်(၁၂)(၁၃) ဂျာနယ်(၂)စောင်မှ လူထုအသံပါ ဆိပ်ဖြူမြို့ဝင်ရှိ ကောင်းမွန်ကုမ္ပဏီပိုင် ဂိတ်တာဝန်ခံမှ ပြည်သူများအပေါ်ဆဲဆို၍ မြို့ဝင်ကြေး ကောက်ခံခြင်း၊ပြည်သူပိုင်လမ်းဘေး မြေအား ခြံခတ်သိမ်းယူခြင်း ကိစ္စများကို မကွေးတိုင်းဒေသကြီး သတင်းစာ ဆရာအသင်း ဒုဥက္ကဋ္ဌ မကွေးလှမြင့်နှင့် အခြားဂျာနယ်ပေါင်စုံမှ သတင်းထောက် (၁၃)ဦးတို့က ၎င်းဂိတ်သို့ သွားရောက်သတင်း ယူခဲ့ကြသည်။ ၎င်းဂိတ်တာဝန်ခံ ကိုအောင်အောင် ၊ ၎င်းဂိတ်အား လေလံဆွဲယူထားသူ ဦးဝင်းလှိုင် နှင့် ၎င်းဂိတ်နေရာ ရွာသစ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိန်မြင့် တို့နှင့် တွေ့ဆုံခဲ့ရာ..
          ``ကျွန်တော်က ဂိတ်တာဝန်ခံအောင်အောင်ပါ၊ ဂျာနယ်ထဲမှာ ရေးထားသလိုကြီး မဖြစ်ခဲ့ပါဘူး။ ကျွန်တော့်က ကောင်မွန်ကုမ္ပဏီက ၀န်ထမ်းမဟုတ်ပါဘူး။ ဒီဂိတ်ကိုလေလံဆွဲယူထားတဲ့ ဦးဝင်းလှိုင်ရဲ့ ၀န်ထမ်းပါ။ ခြံခတ်ထားတာက ဆိုင်ကယ်တွေက တာလမ်းဘေးက ဆင်းဆင်းပြေးလို့ မြင်တဲ့အတိုင် ၀ါးလုံးတွေနဲ့ ယာယီ တားရတာပါ၊ ဆိုင်ကယ်တစ်စီးကို ငွေတစ်ရာမြို့ဝင်ကြေးကောက်တာပါ..။´´ ဟု ဂိတ်တာဝန်ခံအောင်အောင်က ပြောသည်။
          ``ကျွန်တော်က ဒီမြို့ဝင်ဂိတ်နေရာကို နှင်းသဇင်ကုမ္ပဏီဆီကနေ လေလံဆွဲယူထားတာ (၃)နှစ်ရှိပါပြီ။ ကိုအောင်အောင် တို့အဖွဲ့ကို တဆင့်တာဝန်ပေးထားတာပါ။ ဂျာနယ်ထဲမှာ ဒီလိုပါလို့ ကိုအောင်အောင်တို့အဖွဲ့ကို အလုပ်ကရပ်နားခိုင်းပြီး လူစားလဲပေးမှာပါ။ သူတို့ပြောတဲ့ လမ်းဘေးတားထားတွေနဲ့ ဒီဂိတ်တဲကိုလည်း ပြောင်းပေးမှာပါ။ ကျွန်တော့်ဂိတ်က ကောင်းမွန်ကုမ္ပဏီနဲ့ မပါတ်သက်ပါဘူး..။´´ ဟု ဂိတ်လေလံဆွဲထားသူ ဦးဝင်းလှိုင် က ပြောသည်။
          ``ကျွန်တော်က ဒီရွာသစ်ရပ်ကွက်က အုပ်ချုပ်ရေးမှူးပါ။ ဒီမြို့ဝင်ကားဂိတ်မှာ ဒီလိုဖြစ်တယ်ဆိုတာ လုံးဝမသိပါဘူး။ ကျွန်တော်ဆီကို မည်သူတစ်ဦးတစ်ယောက်ကမှ လာရောက်တိုင်ကြားတာမရှိခဲ့ပါဘူး။ လမ်းဘေးကျူးကြော်ကိစ္စကို ဆောက်လုပ်ရေးက စာထွက်ထားလို့ အားလုံးထံ အကြောင်းကြားထားပါတယ်။´´ ဟု ရွာသစ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိန်မြင့်ကပြောသည်။
          ၎င်းကိစ္စအား သူရိယနေ၀န်းဂျာနယ်တွင် ရေးသားသူ(ရွှေမောင်း)ဆိုသူဟု ခန့်မှန်းခံရသူမှာ ခရီးထွက် သွားကြောင်း ဒေသခံများကပြောသည်၊ ၎င်းဂိတ်တွင်ဤကဲ့သို့ ဆဲဆိုရမ်းကားငွေကောက်ခံခြင်း မကြားမိပါကြောင်း ၎င်းဂိတ်အနီးရှိ အိမ်(၅)အိမ်များက ပြောကြားကြောင်း၊ ဆိပ်ဖြူမြို့နယ်ဆောက်လုပ်ရေး အင်ဂျင်နီယာ ဦးမိုးကျော်သူထံသွားရာ ၀န်ကြီးခရီစဉ်လမ်းကြောင်းသို့သွားကြောင်း၊ ဆိပ်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကြည်မြင့် နှင့် စည်ပင်သာယာရေးအဖွဲ့ ဦးစီးအရာရှိ ဦးရှိန်မြင့်မောင် တို့သည်လည်း  ကျေးရွာအုပ်စုများသို့ ဖွံ့ဖြိုးရေး အတွက်ငွေကျပ် သိန်းတစ်ထောင် ကိစ္စ ခရီထွက်သွားကြောင်း ၎င်းရုံးများမှ သတင်းရရှိသည်။
          ကောင်းမွန်ကုမ္ပဏီ၏ လမ်းပိုင်းမှာ ဧရာဝတီတံတား(မကွေး)အားဖြတ်၍ မကွေး မြို့မှ မင်းဘူး - ပွင့်ဖြူလမ်း ပိုင်း ၃၄ မိုင် ၂ဖာလုံအထိသာ BOT စနစ်ဖြင့်လုပ်ပိုင်ခွင့်ယူထားကြောင်း ကောင်းမွန်ကုမ္ပဏီ(မကွေး)ကုမ္ပဏီ ဆောက်လုပ် ရေးအင်ဂျင်နီယာချုပ် ဦးအောင်ကျော်မြင့် က ပြောပြီး မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှု ကော်မရှင် ခွင့်ပြုမိန့် အမှတ် မသန-၉၂၈/၂၀၁၃။ ၂၀၁၃ သြဂုတ်လ(၂၁)ရက်နေ့စွဲ စာမိတ္တူအားပြသ ရှင်းလင်းသည်။
ဝိုင်းကြည်အောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀




>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment