ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုးတောင်ခြေ ကင်မွန်းစခန်းကျေးရွာရှိ
ဦးထွန်းအုံပိုင်ဆိုင်သော ကွင်းအမှတ်(၁၇၆-က)
ဦးပိုင်အမှတ်၊(၁၉/၂၀) ခြံမြေ(၂)ကွက်သည်
ဦးထွန်းအုံမှ(၁၉၆၄)ခုနှစ်မှ
စ၍ နှစ်စဉ်ကြံသီး နှံစိုက်ပျိုးကာ
မြန်မာ့ကြံလုပ်ငန်းသို့ ကြံတန်ချိန်များပေးသွင်းကာ (၂၀၀၀-၀၁)
ဘဏ္ဏာရေးနှစ်အထိ စိုက်ပျိုးလုပ်ကိုင်စားသော က်လာခဲ့ပါသည်။
ထိုသို့လုပ်ကိုင်နေစဉ်အတွင်း၌လည်း သက်ဆိုင်ရာမြို့နယ် မြေစာရင်းဌာနသို့ နှစ်စဉ်မြေခွန်ပေးဆောင် ပြီး ဦးထွန်းအုံအမည်ပေါက်ပြေစာ များရရှိထားပါသည်။ ထိုသို့လုပ်ကိုင်စားသောက် နေစဉ် ကာလအတွင်း၌ ကျိုက်ထိုမြို့နယ် ဆိပ်ဖူးတောင်လူငယ်ဖွင့်ဖြိုး
ရေး ပရဟိတဂေဟာဆရာတော်မှ ဂေဟာရှိကလေးများ စားသောက်ရေး၊
ပညာသင်ကြားရေးတို့အတွက် လုပ်ကိုင်ရန် ၎င်းမြေကွက်များအား
ခေတ္တငှားရမ်းလာပါသည်။ ဦးထွန်အုံနှင့် မိသားစုမှလည်း ဆရာတော်အား
ကြည်ညိုရင်းစွဲရှိခြင်းနှင့်  ကလေးများအား သနားသောအားဖြင့်
၎င်းမြေယာများကို ဆရာတော်အား ငှားရမ်းခဲ့ပါသည်။ ထို့နောက်
ဆိပ်ဖူးတောင်ဆရာတော်မှ ၎င်းဥယျာဉ်ခြံမြေပေါ်တွင်
ဆက်လက်လုပ်ကိုင်ပြီး ပရဟိတဂေဟာအတွက် ရံပုံငွေရှာဖွေခဲ့ပါသည်။
နောင်နှစ်များတွင် ဆရာတော်မှ ၎င်းဥယျာဉ်ခြံမြေများအား
သီးနှံပြောင်းစိုက်ခွင့် တင်ကာ ကျွန်းပင်များစိုက်ပျိုးခဲ့ ပါသည်။ ယနေ့အချိန်ထိကျွန်းပင်များ စိုက်ပျိုးထားပါသည်။ ယခုအခါ ဦးထွန်းအုံမှာကွယ်လွန်သွား ပါသဖြင်
့ မိသားစုစားဝတ်နေရေးမှာ လွန်စွာဒုက္ခရောက်နေပြီး ကျန်းမာရေး ၊
နေထိုင်ရေးနှင့် စားဝတ်နေရေးတို့မှာ အခက်အခဲများစွာကြုံနေရပါသည် ။ သို့ဖြစ်ပါ၍ ဦးထွန်းအုံမိသားစုမှ ဆရာတော်ထံ သွားရောက်လျှောက်တင်ပြီး မြေယာများပြန်လည်စွန့်လွှတ် ပေးပါရန် လျှောက်ထားသည့်အခါ ဆရာတော်မှ ၎င်းမြေယာများအား ( ၇.၁၂.၂၀၁၃ ) ရက်နေ့တွင်ပြန်လည်စွန့်လွှ တ်ပေးခဲ့ပါသည်။
ဆရာတော်မှ မြေယာများအားပြန်လည်စွန်လွှ တ်ပေးပြီးနောက်
ဦးထွန်းအုံမိသားစုမှ ၎င်းမြေယာပေါ်တွင် လုပ်ကိုင်စားသောက်ရေးကို
ပြင်ဆင်ဆောင်ရွက်ကြပါသည်။ သို့သော်လည်း ၎င်းမြေယာပေါ်တွင်
ကျေးရွာအုပ်ချုပ်ရေးမှူးမှ ယာယီဘောလုံးကွင်းပြုလုပ်ထား ပါသဖြင့် ဦးထွန်းအုံမိသားစုမှ ကျေးရွာအုပ်ချုပ်ရေးမှူြး ဖစ်သူ ဦးကျော်သူရလှိုင်ထံသို့ သွားရောက်ပြီး တင်ပြခဲ့ရာ လုပ်ကိုင်စားသောက်ခွင့်မြ ပုနိုင်ကြောင်းနှင့် မိမိသည် ကျေးရွာလယ်ယာမြေစီမံခန့်ခွဲ မှု
ကော်မတီဥက္ကဌဖြစ်၍ မိမိသဘောသာဖြစ်ကြောင်း၊ မိမိခွင့်ပြုချက် မရဘဲ
်လုပ်ကိုင်ပါက အရေးယူမည်ဖြစ်ကြောင်း
ချိန်းခြောက်ပြောဆိုခဲ့ပါ သည်။ ထို့နောက်နားလည်တက်ကျွမ်း သူများမှမြို့နယ်အုပ်ချုပ်ေ ရးမှူးထံသွားရောက်ပါဟု ပြောကြားသဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူးထံ သို့ သွားရောက်တင်ပြအကူအညီတောင်းခံရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးအောင်မှ ကျေးရွာလယ်ယာမြေစီမံခန့်ခွဲ မှူကော်မတီထံ လယ်ယာမြေလုပ်ကိုင်ခွင့် (ပုံစံ-၁)တင်ပါရန်ပြောသဖြင့်  ဦးထွန်းအုံမိသားစုမှ ပုံစံ-၁ အား(၃၀.၁၂.၂၀၁၃ ) ရက်နေ့တွင် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးသို့တင်ပြခဲ့ပါသည်။
(၂၄.၁.၂၀၁၄)ရက်နေ့တွင် ကျေးရွာလယ်ယာမြေစီမံခန့်ခွဲ မှုကော်မတီဥက္ကဌ ဦးကျော်သူရလှိုင်မှ မြေယာဥပဒေနှင့်အညီ မြေယာမှုခင်းဖွင့်လှစ်ဆောင် ရွက်ခြင်းမပြုဘဲ လယ်ယာမြေပြန်လည်လုပ်ကိုင် ခွင့်လျှောက်ထားခြင်းအား ငြင်းပယ်ကြောင်း အကြောင်းကြားလာပါသည်။
ထို့နောက်ဦးထွန်းအုံမိသားစု မှ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီသို့ မ ဦးကျော်သူရလှိုင်မှ ငြင်းပယ်ကြောင်းစာနှင့်ပတ် သက်၍ ပြန်လည်စီစစ်ပေးပါရန်(၂၇. ၁.၂၀၁၄ ) ရက်နေ့တွင် တင်ပြခဲ့ပါသည်။
ထို့သို့တင်ပြပြီး(၁၂)ရက်ြေ မာက်သည့်နေ့ဖြစ်သည့်(၇.၂. ၂၀၁၄)ရက်နေ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူးဦးမျိုးအောင်ထံသို့သွားရောက် ၍
စုံစမ်းမေးမြန်းရာ ဦးမျိုးအောင်မှ ၎င်းလယ်ယာမြေနှင့်ပတ်သက်၍
ကျေးရွာအုပ်ချုပ်ရေးမှူးမှ မြေယာမှူခင်းမဖွင့်လှစ်ဘဲ
ငြင်းပယ်သည်မှာမှားယွင်းေ ကြာင်းနှင့် မြေယာမှုခင်းအားစနစ်တကျဖွင့် လှစ်ဆောင်ရွက်ရန် ဖုန်းဖြင့်ညွှန်ကြားခဲ့ပါသည် ။ သို့သော်လည်းကျေးရွာအုပ်ချုပ်ရေးမှူးမှ ယနေ့အချိန်ထိမြေယာမှုခင်း ဖွင့်လှစ်ဆောင်ရွက်ခြင်း မရှိပါ။
ထို့ကြောင့်ကျေးရွာ၏အရေးကိ စ္စများအားဥပဒေနှင့်အညီဆောင် ရွက်ခြင်းမရှိဘဲ အာဏာနှင့်လုပ်ပိုင်ခွင့်အား အလွဲသုံးစားပြုလုပ်နေသည့် ကျေးရွာအုပ်ချပ်ရေးမှူးဦး ကျော်သူရလှိုင်နှင့် ကျေးရွာမြေယာကော်မတီအဖွဲ့ ဝင်များအား အရေးယူဆောင်ရွက်ပေးပါရန်နှင့် ဦးထွန်းအုံမိသားစုပိုင်ဥယျာ ဉ်ခြံမြေအား ပြန်လည်လုပ်ကိုင်ခွင့်ပြု ပါရန် နိုင်ငံတော်သမ္မတကြီးထံသို့ DVB မှတဆင့်တင်ပြအပ်ပါသည်။
ခြံပိုင်ရှင်မိသားစု
>>>>>>>>>>>>>>>>>>>>>
ထိုသို့လုပ်ကိုင်နေစဉ်အတွင်
ဆရာတော်မှ မြေယာများအားပြန်လည်စွန်လွှ
(၂၄.၁.၂၀၁၄)ရက်နေ့တွင် ကျေးရွာလယ်ယာမြေစီမံခန့်ခွဲ
ထို့နောက်ဦးထွန်းအုံမိသားစု
ထို့သို့တင်ပြပြီး(၁၂)ရက်ြေ
ထို့ကြောင့်ကျေးရွာ၏အရေးကိ
ခြံပိုင်ရှင်မိသားစု
No comments:
Post a Comment