For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Monday 17 February 2014

ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် - FDA တတိယအကြိမ်စုံညီအစည်းအဝေးကျင်းပပြုလုပ် >>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ
သတင်းထုတ်ပြန်ချက်အမှတ် ၈-၂၀၁၄
ရက်စွဲ။ ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၆)ရက်

ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် - FDA  တတိယအကြိမ်စုံညီအစည်းအဝေးကျင်းပပြုလုပ်
         ၁၆-၂-၂၀၁၄ ရက်နေ့ နေ့လည် ၁း၀၀ နာရီတွင် ဗဟန်းမြို့နယ်၊ အနောက်မြင်းပြိုင်ကွင်းလမ်းရှိ အမျိုးသားဒီမိုကရေစီအင်အားစုပါတီဌာနချုပ်ရုံးတွင် ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် - FDA  အဖွဲ့ဝင်ပါတီများ၏ တတိယအကြိမ်စုံညီအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့သည်။
         ထိုအစည်းအဝေးသို့ ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးပါတီ၊ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီ၊ ဒီမိုကရက်တစ် ပါတီ(မြန်မာ)၊ မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ၊ မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် အမျိုးသားဒီမိုက ရေစီအင်အားစုပါတီတို့မှ ပါတီခေါင်းဆောင်များ နှင့် လေ့လာသူအဖြစ် အမျိုးသားတိုးတက်မြင့်မားရေးပါတီမှ ဥက္ကဌနှင့် အတွင်းရေးမှူးတို့ တက်ရောက်ခဲ့ကြသည်။
         အစည်းအဝေးတွင် အခမ်းအနားမှူးအဖြစ် အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ အတွင်းရေးမှူး(၁) ဦးကြည်သန်းက ဆောင်ရွက်ခဲ့ပြီး  NDF ပါတီဥက္ကဌ ဦးခင်မောင်ဆွေက အဖွင့်နှုတ်ဆက်စကားပြောကြားရာတွင်
ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် - FDA   ဖွဲ့စည်းဖြစ်ပေါ်လာပုံနှင့်  နောက်ထပ် အဖွဲ့ဝင်ပါတီအဖြစ် စိတ်ဝင်းစား ကြသည့် ပါတီများနှင့် ဆက်သွယ်ဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားခဲ့ပြီး  လေ့လာသူအဖြစ် တက်ရောက် လာသော အမျိုးသားဖွံ့ဖြိုးမြင့်မားရေးပါတီခေါင်းဆောင်များအား ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် - FDA  အဖွဲ့ဝင် ပါတီခေါင်းဆောင်များနှင့် တစ်ဦးချင်း မိတ်ဆက်ပေးခဲ့သည်။
         အခမ်းအနားမှူး ဦးကြည်သန်းမှ ၁၅-၂-၂၀၁၄ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ဖက်ဒရယ်ဒီမိုကရေစီ မဟာမိတ် - FDA  သဘာပတိအဖွဲ့နှင့် အတွင်းရေးမှူးအဖွဲ့ အစည်းအဝေးတွင် အတည်ပြုခဲ့သည်  FDA သဘာပတိအဖွဲ့နှင့်အတွင်းရေးမှူးအဖွဲ့ လုပ်ထုံးလုပ်နည်းများ၊ ရွေးချယ်ပုံများနှင့် အစည်းအဝေးကျင်းပမည့် အချိန်ကာလများ၊ ဖွဲ့စည်းရမည့် လုပ်ငန်းကော်မတီများဖွဲ့စည်းရန်ကိစ္စများနှင့် စပ်လျဉ်း၍ တင်ပြခဲ့သည်။
         ထို့နောက် ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် - FDA  ၏ ပြည်ထောင်စုနေ့တွင် တင်သွင်းခဲ့သည့် အဆိုသုံး ရပ်နှင့် ပတ်သက်၍ ဆက်လက်လုပ်ဆောင်သင့်သည်များကို  တင်ပြပြိး သဘောထားရယူခဲ့သည်။   ဖက်ဒရယ် ဒီမိုကရေစီမဟာမိတ် - FDA  အဖွဲ့ဝင်ဖြစ်သော ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေပါတီမှ ဦးသက်ဦး၊ ဒီမိုကရေစီနှင့်ငြိမ်း ချမ်းရေးပါတီမှ ဦးစိုးမောင်၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ ဦးသုဝေ၊  မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီမှ ဦးနေမျိုးဝေ၊ မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ ဦးဇင်အောင်၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ဦးခင်မောင်ဆွေတို့က မိမိတို့သဘောထားများကို အသီးသီးတင်ပြကြပြီး  ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် - FDA  အဖွဲ့၏ ကြေညာချက် အမှတ် ၃/၂၀၁၄ ကို ထုတ်ပြန်ရန် ဆွေးနွေးသဘောတူခဲ့သည်။
         ထိုထုတ်ပြန်ချက်တွင် အခြေခံဥပဒေကို ဒီမိုကရေစီစံနှုန်းနှင့်အညီ ပြုပြင်ရေး၊ တပ်မတော်သားလွှတ် တော်ကိုယ်စားလှယ်များ ပါဝင်မှုကို တဖြည်းဖြည့်လျော့ချပေးရေး၊ ဖမ်းဆီးခံလယ်သမားများကို ပြန်လွတ်ပေးရေး၊ ကျူးကျော်သူများအဖြစ် သတ်မှတ်၍ အင်အားသုံးဖယ်ရှားနေမှုကို ဖြေရှင်းပေးရေး၊ မြန်မာ့တပ်မတော်နှင့် ကေ အိုင်အေ တိုက်ပွဲဖြစ်ပွားနေမှုကို အမြန်ဆုံးရပ်ဆိုင်းပေးရန်တို့ ပါဝင်ကြောင်း သိရှိရသည်။
         အစည်းအဝေးကို ညနေ ၃း၃၀ နာရီတွင် အောင်မြင်စွာရုပ်သိမ်းခဲ့ပြီး သတင်းမီဒီယာများ၏ မေးမြန်း ချက်များကို ဦးသုဝေ၊ ဒေါ်သန်းသန်းနု၊ ဦးစိုးမောင်၊ ဦးမျိုးညွန်နှင့် ဦးကြည်သန်းတို့က ဖြေကြားခဲ့ကြောင် သတင်း ထုတ်ပြန်အပ်ပါသည်။

ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ်-FDA
ကြေညာချက်အမှတ် - ၃/၂၀၁၄
ရက်စွဲ။ ၂၀၁၄ ခုနှစ် ၊ ဖေဖော်ဝါရီလ (၁၆)ရက်

         မြန်မာပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တကြသည့် ဒီမိုကရေစီနိုင်ငံတော်သစ်ကြိး တည်ဆောက် ရေးနှင့် ပီပြင်သောဈေးကွက်စီးပွားရေးစနစ်တို့ အကောင်အထည်ဖော်ရေးတွင် အမျိုးသားအကျိုးစီးပွား ခိုင်မာ တိုးတက်နိုင်စေရန်အတွက် လက်ငင်းနိုင်ငံရေးစံ လိုအပ်ချက်များကို ကျွန်ုပ်တို့ ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ်-FDA အဖွဲ့ဝင်ပါတီများသည် လွတ်လပ်တူညီသော သဘောဆန္ဒများဖြင့်  အောက်ပါအတိုင်း တောင်းဆိုလိုက် သည်။
         တောင်းဆိုချက်များမှာ-
(က)   ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးပေါ်ထွန်းလာရေးအတွက်  သင့်တင့်သည့် အချိန် ကာလအတွင်း သင့်လျော်သည့်အ တိုင်းအတာဖြင့် ပုံသဏ္ဍန်နှင့် အနှစ်သာရ အရပါ ပီပြင်သော ပြည်ထောင်စု ဖြစ်ထွန်းပေါ်ပေါက်ရေး၊  ဒီမိုကရေစီလက္ခဏာအရ အမျိုးသားတန်းတူညီမျှရေး တို့ကို ရရှိနိုင်စေရန်  အခြေခံဥပဒေကို ဒီမိုကရေစီစံနှုန်းတို့နှင့် အညီ ပြင်ဆင်ပေးရန်၊`
(ခ)     အချုပ်အခြာအာဏာ(၃)ရပ်ကို ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသားပြည်သူလူထုများအားလုံး  အပြည့်အ၀ လွတ်လပ်စွာ ကျင့်သုံးပိုင်ခွင့် ရရှိလာစေရန် ၊၂၀၁၅ ရွေးကောက်ပွဲဖြင့် ပေါ်ပေါက် လာမည့် လွှတ်တော်အသီးသီးတွင် တပ်မတော်သားကိုယ်စားလှယ်များ ပါဝင်မှုကို  သင့်တင့်  သည့်အချိန်ကာလအတွင်း သင့်လျှော်သည့်အတိုင်းအတာဖြင့် လျှော့ချသွားရန်၊
 (ဂ)    နိုင်ငံအ၀ှမ်း လယ်ယာမြေသိမ်းဆည်းခံရ၍ လယ်မဲ့ယာမဲ့တောင်သူလယ်သမားများ၏ နစ်နာမှု များကို ဖော်ထုတ်ဆန္ဒပြခဲ့ခြင်းကြောင့် ဖမ်းဆီးခံထားရသူများကိစ္စ အမြန်ဆုံးဖြေရှင်းပေးရန်၊
(ဃ)   အကြောင်းအမျိုးမျိုးကြောင့် ရပ်တည်ရာမဲ့ အခြေခံလူတန်းစားပြည်သူများကို ကျူးကျော်သူများ အဖြစ် လူအုပ်စုအင်အားဖြင့် အကြမ်းဖက်ဖယ်ရှားနေခြင်းများကို  နိုင်ငံတော်အဆင့်မှ ပြန်လည် နေရာချထားရေးအစီအစဉ်များအပါအ၀င်ဖြင့် အမြန်ဆုံးထိရောက်စွာ ဖြေရှင်းဆောင်ရွက်ပေး ရန်။
(င)     ပြည်သူအများ ကာလကြာရှည်စွာ မျှော်မှန်းစောင့်စားနေသည့် ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေး လမ်းမကြီးပေါ်တွင် ပဋိပက္ခများ ချုပ်ငြိမ်း၍ ယုံကြည်မှုတည်ဆောက်ရေးသည် ငြိမ်းချမ်းရေးခရီး တွင်စေအံ့သောငှါ ယခုအခါ  မြန်မာတပ်မတော် တပ်ဖွဲ့အချို့နှင့် ကေအိုင်အေတပ်ဖွဲ့အချို့တို့  အကြား ပစ်ခတ်တိုက်ခိုက်နေမှုမှန်သမျှကို အဆောတလျင် ရပ်စဲပေးရန်။

                                                                                       ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ်-FDA



>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။ 

No comments:

Post a Comment