ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ်
FDA အဖွဲ့ဝင် ကရင်ပြည်သူ့ပါတီ၏ မြောင်းမြမြို့နယ်
သိလ္လာကျေးရွာ ဆိုင်းဘုတ်တင်ပွဲသို့ မဟာမိတ်အဖွဲ့ဝင် NDF ပါတီမှ တက်ရောက်အားပေး
၁၄-၂-၂၀၁၄ ရက်နေ့
နေ့လည်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ သိလ္လာကျေးရွာတွင် ဖွင့်လှစ်သော
ကရင်ပြည်သူ့ပါတီရုံးဖွင့်ပွဲသို့  FDAမဟာမိတ်အဖွဲ့ဝင်
အမျိုးသားဒီမိုကရေစီအင်အားစုပါ တီမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ထိုဖွင့်ပွဲသို့
ကရင်တိုင်းရင်းသားဝန်ကြီး ဦးစောထွန်းအောင်မြင့် KUPC မှ ဒုဥက္ကဋ္ဌ
စောစေးဝါ နှင့် ကရင်ခေါင်းဆောင်များ ရပ်မိရပ်ဖများ နှင အမျိုးသားဒီမိုကရေစီအင်အားစုပါ တီ
ဗဟိုဌာနချုပ်မှ စေလွှတ်သော ဦးကျော်သူရနှင့် ဦးထွန်းထွန်းဝင်၊ NDF ပါတီ ဧရာဝတီတိုင်းဒေသကြီးစည်းရုံးရေး ကော်မတီဥက္ကဌ
ဦးတင်ဝင်း၊ တိုင်းအတွင်းရေးမှူး ဦးအောင်မျိုးလှိုင်တို့ တက်ရောက်ခဲ့ကြသည်။
သဘာပတိ ကရင်ပြည်သူ့ပါတီ KPP ဒုဥက္ကဋ္ဌ စောစေးဝါက မိန့်ခွန်းပြောကြားရာတွင်
KPP ဟာ NDF ပါတီနဲ့ ဘာလို့မိတ်ဖက်ဖြစ်သလဲဆိုတော့
NDF ပါတီဟာလည်း တိုင်းရင်းသားအားလုံးကို ကိုယ်စားပြု ပြီးတော့ ၂၀၁၀ အကျဉ်းအကျပ်ထဲမှာ
ကျွန်တော်တို့နဲ့ အတူ ပြည်သူ့မျက်နှာတစ်ခု တည်းကိုကြည့်တဲ့ နိုင်ငံရေးလမ်းစဉ် ပေါ်မှာရှိနေလို့ပါပဲ။
အရင်ကဆို ပြည်မက ဘယ်ပါတီနဲ့မှ KPPက မပေါင်းပါဘူးဟု ဖက်ဒရယ်ဒီမိုကရေစီ မဟာမိတ်အဖွဲ့တွင် ပါဝင်ရခြင်းနှင့်
ပတ်သက်၍ ထည့်သွင်းပြောကြားခဲ့သည်။
NDFပါတီ ဧရာဝတီတိုင်း ဥက္ကဌ ဦးတင်ဝင်းက မိန့်ခွန်းပြောကြားရာတွင်
ကရင်တိုင်းရင်းသားအချင်းချင်း စုစည်းညီညွတ်မှုမှ အစပြု ပြီး တိုင်းရင်းသားအားလုံး ညီညီညွတ်ညွတ်
နဲ့စုပေါင်း ဖော်ဆောင်မှသာ စစ်မှန်တဲ့ငြိမ်းချမ်းရေး နှင့် အတူ ကောင်းမွန်တည်မြဲတဲ့
ဖက်ဒရယ် ပြည်ထောင်စုကို တိုင်းရင်းသားပြည်သူ အားလုံး မိမိတို့နဲ့ ကိုက်ညီတဲ့ ဒီမိုကရေစီ
စနစ်နဲ့ အတူ တိုင်းပြည်ကိုတည်ဆောက် နိုင်ပါလိမ့်မယ်ဟု ပြောကြား ခဲ့ကြောင်း သတင်းရရှိပါသည်။
No comments:
Post a Comment