ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ ဒါးကမြို့ ကိုးဆူ ဓမ္မ ရိပ်သာ ကျောင်းတိုက်၊ ပဓာန နာယက ဆရာတော်
အရှင် ပဏ္ဍိတ (ဂဏ၀ါစက ဓမ္မာစရိယ )
(သာသနကုၤရ ဓမၼာစရိယ )
(သာသနဓဇ ဓမၼာစရိယ )
(ကမ္မာဌာ နာစရိယ ဓမ္မာစိ၊ ဓမ္မ ကထိက ) ၊ အရှင် သူမြတ်၏ သြ၀ါဒ ခံယူလျှက်
ဘုရား၊ သိမ်၊ ကျောင်း၊ ရဟန်း ဒါယကာကြီး ဦးသန်း၊
ဒေါ်တင်ဦး တို့ ပင့်ဆောင်ကာ ကိုးဆူဘုရားကုန်းတော် ပေါ်တွင် ပူဇော်လျှက်
ရှိသော ဧရာဝတီတိုင်းဒေသကြီးတွင် အကြီးဆုံး ဖြစ်သည့် ညာဏ်တော် ၂၂.၅ပေ ရှိ
သုခမုနိ လေးကျွန်းချမ်းသာ စကျင် ရုပ်ပွားတော်မြတ် ကြီးကို သွားရောက်
ဖူးမျှော်နိုင်ရန် အတွက် ဖောက်လုပ်ထားသော အဓိပဓိ လမ်းမကြီး (အလျား ၁၀၄၁ ပေ)
အား ကွန်ကရိခင်းရန် -ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့် မြို.နယ် မှ
လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဝင်းက မိမိရရှိ ထားသော ရန်ပုံငွေ များအနက်
၂၅ သိန်းကျပ်ကို ချမှတ်ပေးခဲ့ပါသည်။
ထိုလမ်းကို ၁၀ပေ အကျယ်၊ အမြင့် ၆ လက်မ ထု ခင်းရန်အတွက် ဒါယိကာ၊ ဒါယိကာမများမှ ဆရာတော်၏ ပါရမီကို ကူညီဖြည့်ဆည်းရန် နှိုးဆော်ထားပါသည်။
ထိုလမ်းကိုပြူပြင် ခြင်းဖြင့် ကိုးဆူဓမရိပ်သာကျောင်းသို. နွေရောမိုးပါ ကားဖြင့်သွားလာနိုင်မည့်အပြင် သုခမုနိ စကျင် ရုပ်ပွားတော်မြတ်ကြီးကို လွယ်ကူစွာ သွားရောက် ဖူးမျှော် နိုင်ပါမည်။ဒါးကမြစ်၏ တစ်ဖက်ကမ်းတွင် ရှိသော ကျောင်းကုန်းမြို.နယ်၊ သာပေါင်းမြို.နယ်တို့မှ ကျောင်းသား၊ ကျောင်းသူများလည်း ဒါးကအထက်တန်းကျောင်းသို. သွားလာရေး လွယ်ကူချောမွေ. စေမည် ဖြစ်ပါသည်။
လွှတ်တော် ကိုယ်စားလှယ်ကြီး ဦးကျော်ဝင်း ကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်း တင်အပ်ပါသည်။
ဒါးက မှ ပြည်သူတစ်ဦး
>>>>>>>>>>>>>>>>>>>>>

No comments:
Post a Comment