For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Thursday 20 February 2014

နောက်ကွယ်က အမျိုးချစ်သလိုလိုနဲ့ မျိုးညစ်တွေကိုသတိထား! >>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

မျိုးချစ်နာမည်ခံများ.
------------------

အခုတလော အမျိုးကို ချစ်လှပါချည်ရဲ့ ဆိုပြီး..
ခါတော်မီအချို့ကို ခပ်စိတ်စိတ်တွေ့လာရသည်။

သူတို့ရဲ့ မူဝါဒကားဘာမှမရှိ ၊ သူတို့ရဲ့ ပေါ်လစီကား နတ္တိ..၊
နိုင်ငံရေးတက်ကြွလုပ်ရှားသူဟုသာ ခေါ်ဆိုနိုင်သောအခြေအနေပင်ဖြစ်သည်။

အာဏာရှင် ( သို့မဟုတ် ) အင်အားရှိအဖွဲ့အစည်းတစ်ခုသည်
ထင်ထင်ပေါ်ပေါ် မဟုတ်ပဲ မသိမသာ ကြိုးကိုင်နေသည်။

ဒါပေသည့် နိုင်ငံရေးလောကထဲကို
ပွင့်လင်းသောနိုင်ငံရေးအမြင်ဖြင့် တိုးမရသည့်အတွက်.
ဘာသာရေးကို အားကိုးလာသည်။
ဘာသာရေးကို ဖက်တွယ်ပြီး နိုင်ငံရေးစာသားများထွင်းထုသည်။

အာဏာပိုင်အချို့ နှင့်ရာထူးရာခံရှိသူများလည်းပါသည်။

အာဏာရှင်ကိုထောက်ခံသူများ လည်းပါသည်။

ဒီမိုကရေစီရလျင် စားပေါက်ပိတ်နိုင်သော
အနေအထားရှိသူများလည်းပါသည်။

ဒီမိုကရေစီမုန်းတီးရေးကို သံမှိုတစ်ချောင်းလို
ရိုက်သွင်းခံထားရသောသူများလည်းပါသည်။

" လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်"သည်..
လူ့အခွင့်အရေးထဲတွင် ပါရှိနေသည်ကို
လက်မခံသူများလည်းပါသည်။

တိုင်းရင်းသားပေါင်းစုံ ဘာသာပေါင်းစုံကိုးကွယ်နေသည်ကို
လက်မခံသူများ ၊ တနည်းအားဖြင့်
မဟာလူမျိုးကြီးဝါဒစိတ်ဝင်နေသူများလည်းပါသည်။

တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးလာလျင်
ကိုယ့်စီးပွားရေး ချောင်ထိုးခံရမည်ကိုစိုးရိမ်သော
ခရိုနီ ခရိုနက်များ၏ အနွယ်များလည်းပါသည်။

အမှုကိစ္စများရှုပ်အောင်လုပ်ထားခဲ့ပြီး...၊
ဒီမိုကရေစီအစိုးရစစ်စစ်တက်လာပါက..
ပြန်ဖေါ်ထုတ်မည်ကို အသေအလဲ
ကြောက်ရွံသူများလည်းပါသည်။
(ဒီမိုကရေစီအစိုးရ အတုတောင်
.ပြဿနာတော်တော်ရှင်းယူနေရသည်လေ)

ရရှိထားပြီးသော..လတ်လတ်ဆတ်ဆတ်စီမံကိန်းများသည်
ထက်မြက်သောခေါင်းဆောင်တစ်ဦးအောက်တွင်..
ပွင့်လင်းမြင်သာမှုရှိလာပါက..
အမြတ်နည်းသွားမည်ကို စိုးရိမ်သော...
တရုတ်များပါ..ပါနိုင်ပေသည်။

ထိုအုပ်စုငယ်များ အားလုံးစုစည်းကြသောအခါ..
အင်အားစုတစ်ခုဖြစ်လာကြတော့သည်။

____________________

မျိုးချစ်အမည်ခံ များ၏ အဓိကရည်ရွယ်ချက်မှာ..

(၁) နိုင်ငံရေးဆိုင်ရာ IMAGE များ ပြစရာတစ်ကွက်မှမရှိသော..
အာဏာရှင် အနွယ်များအား ဘာသာရေးခေါင်းစဉ်ဖြင့်
အမှတ်ပြန်ယူပေးကာ မြန်မာနိုင်ငံ၏ နောက်ကွယ်.
.နိုင်ငံရေးဇတ်ခုံကို ဆက်လက်ကြိုးကိုင်စိုးမိုးစေရန်၊

(၂) အတိုက်အခံပါတီများနှင့် သံဃာတော်အချို့အား..
ဘာသာရေးအကြောင်းပြ ရန်တိုက်ပေးကာ...
ဘာသာရေးအရ NLD အားလူထုထောက်ခံမှုနည်းအောင် လုပ်ပြီး..၊
သိက္ခာချကာ..စုတ်ပြတ်နေသော အာဏာရှင်အနွယ်ပါတီများနှင့်
မရရအောင် တန်းလိုက်ညှိရန်။

(၃) ကုလားမုန်းတီးရေးဇတ်ကွက်များဆင်ပြီး..
ဇတ်နာအောင်လုပ်ကာ.. ဇတ်နာလာပါက
ဒေါ်စု၏အများသိပြီးသားဖြစ်သော နိုင်ငံခြားသာနှင့်
ွှအိမ်ထောင်ပြုခြင်းအပါဝင် ၊ ဒေါ်စု၏ဗုဒ္ဓဘာသာဝင်ခင်ပွန်းနှင့်အိမ်ထောင်ပြုမှုအား
ကုလားနှင့်အိမ်ထောင် ပြုသည်ဟုပြည်သူမှအထင်မြင်လွဲမှားစေရန်။

(၄) ပြည်သူများအတွင်း ဘာသာရေးမုန်းတီးမှုများဖြစ်ပေါ်လာအောင် ကျေးရွာအဆင့်ထိ တိတ်တဆိတ် စိမ့်ဝင်စည်းရုံးရန် ကြံစည်ထားကြခြင်း ဖြစ်သည်။

အဓိကမှာ.. NLD ကို ဘာသာရေးဆိုင်ရာနိုင်ငံရေးခြေထိုးမှုတွေနဲ့ ပုတ်ခတ်တိုက်ခိုက်ပြီး..ဘာသာရေးနာမည်ခံ..၊
အာဏာရှင်အလိုကျ အစိုးရတစ်ရပ်ကို
၂၀၁၅ မှာ မဖြစ်ဖြစ်အောင် ပြန်ဆွဲတင်ဖို့ဖြစ်သည်။

---------------------------

လူထုခေါင်းဆောင်ကို..အဘယ့်ကြောင့်လက်မခံနိုင်ကြသနည်း..?

လက်ရှိဖြစ်နေသော အခြေအနေများအရ..
နိုင်ငံတကာတွင် သြဇာရှိပြီး ထက်မြက်သော..လူထုခေါင်းဆောင်ကို
လက်မခံနိုင်သော ခိုင်မာသည့်အချက်များရှိပေသည်။

- "စစ်အစိုးရအရောင်ပြောင်း" ဟုခေါ်ဆိုအပ်သော အစိုးရသည် ၊
ကြီမားသောအကြပ်အတည်းများနှင့်ရင်ဆိုင်နေရသည်။
ပြည်သူလူထု၏ တောင်းဆိုမှုများ အပါဝင် မြေယာ၊စက်မှု စသည့်
ပြဿနာပေါင်းမြောက်များစွာ၏ အဓိကတရားခံများမှာ..
အာဏာရှင်များမှ ရှုပ်ထားသောအရှုပ်ထုတ်များဖြစ်နေသဖြင့်..
အဆင်ပြေသလိုဖြေရှင်းနေရချိန်ဖြစ်ရာ..
အာဏာရှင်များသည် အရှုပ်ထုတ်များအား တရာမျှတစွာဖြေရှင်းမည့်
အစိုးရသစ်အား.. အစိုးရအဖြစ် ပြည်သူလက်မခံအောင်
လုပ်ချင်စိတ်များ ပြင်းထန်နေချိန်ဖြစ်သည်။

- တိုင်းပြည်အခြေခံအဆောက်အအုံများကို လုပ်ပိုင်ခွင့်ရသောခရိုနီများသည်လည်း
ခေါင်းဆောင်သစ်လက်ထက်ဖြစ်လာနိုင်မည့်..စီးပွားရေးပွင့်လင်းမှုကို
လက်ခံနိုင်စရာအကြောင်းမရှိနိုင်ပေ။ လူထုခေါင်းဆောင် နိုင်ငံအကြီးအကဲဖြစ်ပါက
နိုင်ငံတကာမှ စီးပွားရေး ၀င်ရောက်မှု သည် ခရိုနီများအား အကြီးအကျယ်ဝင်ဆောင့်မှုကို
ဖြစ်စေလိမ့်မည် ၊ အရင်းအနှီးကြီးကြီးမားမားထားပြီး ပြည်သူကိုဂုတ်သွေးစုတ်ထားသော
ခရိုနီများသည် တစ်သက်နှင့်တစ်ကိုယ်မကြုံဘူးသောဆုံးရှုံးမှုကြီးများကို
ခံစားနိုင်ပဲ လူထုခေါင်းဆောင်ကို မလိုအပ်ချိန်ဖြစ်သည်။

- အဂတိလိုက်စားမှု ကမ္ဘာ့အဆင့် (၂) ဖြစ်နေသော အာဏာရှင်အစိုးရသည်
သူတို့အား နောက်ကြောင်းပြန်အရေးယူ ရန်အလွန်အမင်းကြောက်လန့်နေပြီး..၊
လူ့အခွင့်ရေးမှုများ ၊ ချစားမှုများ ၊ ပြည်သူအပေါ်အမြတ်ထုတ်မှု များ..၊
မူးယစ်ဆေးဝါးမှုများ ၊ ငွေဖြူငွေမဲခ၀ါချမှုများအပါအ၀င်. နိုင်ငံတကာခုံရုံးမှ
.သေဒဏ်အထိအပြစ်ပေးနိုင်သော အမှုများစွာအတွက်စိုးရိမ်ကာ....
သူတို့၏ ဘ၀များကို ကျားကန်ပေးထားနိုင်မည့် အစိုးရမျိုးကိုသာ ၂၀၁၅ တွင်
ထပ်မံလိုအပ်နေချိန်ဖြစ်ပါသည်။

- တရုတ်နိုင်ငံ သည် ၄င်း ၏စီမံကိန်းများ နှင့်..အကျိုးစီးပွားအပါအ၀င် ၊
ဒေသတွင်း သြဇာလွမ်းမိုးမှုကိုသူဌေးဖြစ်ခွေးဖြစ်..အကျိုးသက်ရောက်စေမည်မှာ
မြန်မာနိုင်ငံတွင်ကျင်းပမည့်၂၀၁၅ ရွေးကောက်ပွဲသာဖြစ်ကြောင်း ဦးသန်းရွှေ၏
အစိုးရသစ် Plan စကတည်းကသုံးသပ်သိရှိပြီးဖြစ်ရာ ၊ ၂၀၁၅ အတွက် ဦးသန်းရွှေကဲ့သို့
လူတစ်ဦးအား မြန်မာသမ္မတအဖြစ် ထပ်မံမြင်တွေ့လိုချိန်ဖြစ်သည်။

- ဦးရွှေမန်းကို မယုံကြည်၍ လွှတ်တော်ဥက္ကဌနေရာသာပေးခဲ့သော ဦးသန်းရွှေသည်
ဦးသိန်းစိန် သမ္မတဖြစ်ပြီး ဦးရွေမန်း ပြည်ခိုင်ဖြိုးဥက္ကဌဖြစ်လာသည့်အခါ..
ဒေါ်စုနဲ့ ပူးပေါင်းမှုလာနိုင်သည်ကို ကြိုတင်တွက်ဆမိပြီး ပြည်ခိုင်ဖြိုးပါတီအား
ထိန်းချုပ်ထားခြင်းကို စွန့်လွှတ်၍ စိတ်ကြိုက်ထိန်းချုပ်နိုင်မည့် ပါတီအဖွဲ့အစည်းအသစ်
တစ်ခု၏ နောက်ကွယ်မှတစ်ဆင့် မြန်မာ့နိုင်ငံရေးကို ဆက်လက်ကြိုးကိုင်ရန်..
ကြံစည်နေချိန်ဖြစ်သည်။

- ကြားဖြတ်ရွေးကောက်ပွဲအပြီးနေပြည်တော်အပါအ၀င် မဲဆန္ဒနယ်အားလုံးတွင်
NLD မှ အပြတ်အသတ်အနိုင်ရရှိသွားခြင်းနောက်ပိုင်းတွင် တုန်လှုပ်ခြောက်ခြား
လာသော အာဏာရှင်များ၏ နောက်ဆုံးမျှော်လင့်ချက်ကို NLD မှရိုက်ချိုးမခံရစေရေး
အကြံကုန် ဥာဏ်ကုန်သုံးကာ လုပ်ဆောင်ရန်ကြံစည်နေချိန်ဖြစ်သည်။

ထို့ကြောင့် ရခိုင်အရေးအခင်းမှအစပြုကာ..ဇတ်အိမ်ဇတ်ညွှန်းများဖွဲ့လာခဲ့ပါသည်။

-------------------------

မျိုးချစ်အစွန်းရောက်အမည်ခံများ၏ ထူးခြားစွာပေါ်လွင်မှုများ..

(က) ကြံခိုင်ရေးပါတီကို မထောက်ခံဟု ဆိုသော်လည်း အာဏာရကြံ့ခိုင်ရေး
ပါတီထက် NLD ပါတီကိုသာ ပြင်းထန်စွာဝေဖန်တတ်သည်။

(ခ) အာဏာရှင်တို့၏ မြောက်များလှစွာသော..သံဃာတော်များအား
အကြမ်းဖက်နှိမ်နင်းမှုများ ၊ ထောင်ချ မှုများအပြင် နှိပ်စက်မှုများစွာအား
ထူးခြားစွာ ဝေဘန်ပြစ်တင်ခြင်းမရှိသည့်အပြင် ထို မျိုးချစ်အမည်ခံများသည်
အစိုးရသစ်လက်ထက်တွင်မှ ထူးခြားစွာပေါ်လွင်လာခြင်းဖြစ်သည်။

(ဂ) တိုင်းသူပြည်သားများကို ပညာရေး ကျန်းမာရေး စီးပွားရေ..နိမ့်ကျကာ
ပြည်ပသို့ လူငါးသန်းခန့်သွားရောက်အလုပ်လုပ်ကိုင်စေသည်အထိ...
အောက်တန်းနောက်တန်းကျကာ..ဆုတ်ယုတ်သည့်အဆင့်သို့
ရောက်ရှိသွားစေခဲ့သော အမျိုးသားရေးစိတ်ဓာတ် လုံးဝ (လုံးဝ)မရှိခဲ့သည့်
သမိုင်းတရားခံများအား ဝေဘန်ပစ်တင်မှု စွပ်စွဲမှုများ လုံးဝမရှိပေ..။

(ဃ) လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ၈၈ မျိုးဆက်များကို
အဓိကထားတိုက်ခိုက် ဝေဘန်တတ်ပြီး နှစ် ၃၀ ခန့် တိုင်းပြည်အတွင်း
ဝှိုက်ဒ်ကဒ် ၇ သိန်းပေးကာ လွှတ်တော်အမတ် များမွေးထုတ်ပေးသည်အထိ
လုပ်ဆောင်၍ဘင်္ဂံလီအုပ်မြစ်ကို ခိုင်မာစေခဲ့သောအာဏာရှင်များကို
လျစ်လျုရှုထားသည်။

(င) အထောက်အထားမပြည့်စုံသော အတိုက်အခံခေါင်းဆောင်များ၏
လွဲမှားမှုများကို ပိုမိုကြီးမားစေရန် ဆီလိုအပေါက်ရှာ..
ပုံကြီးချဲ့ ပြောကြားကြသော်လည်း..၊စစ်ဗိုလ်ချုပ်များ၏
သိသာလှသော..ဘင်္ဂံလီဆိုင်ရာငွေကြေးအရှုပ်တော်ပုံကြီးများကို
ဖွင့်ဟရေးသားပြောဆိုရဲခြင်းမရှိသည်ကို ထူးဆန်းစွာတွေ့ရသည်။

(စ) တိုင်းပြည်တွင် နေထိုင်ကြသော ဘာသာပေါင်းစုံ တိုင်းရင်းသား
ပေါင်းစုံတို့၏ လွပ်လပ်စွာကိုးကွယ်မှုအနေအထားကို ခြိမ်းခြောက်သော
ရေးသားမှုများစွာကို တွေ့ရသည်။

(ဆ) တိုင်းပြည်လက်ရှိအခြေအနေအရ တီမောလိုနိုင်ငံအဆင့်၏
အထက်တွင်သာရှိနေချိန်တွင် တိုင်းပြည်တိုးတက်မည့်နည်းလမ်းကို
မစဉ်းစားပဲ အမျိုးသားရေးကိုဇောင်းပေးနေခြင်းခြင်းသည်ထူးခြားမှု
တစ်ခုအဖြစ်တွေ့ရပြီး သမိုင်းအထောက်အထားများအရ..
အမျိုးဘာသာသာသနာကို စည်ပင်အောင်ဆောင်ရွက်မှုများသည်
တိုင်းပြည်စီးပွားရေးတိုးတက်နေသောကာလများတွင်ပိုမိုများပြားသည်။

---------------------------

စစ်အာဏာရှင်လက်ထက်က ဆရာဒကာစီမံချက်များဖြင့်လည်းကောင်း
သံဃာတု ဒလံများထည့်သွင်း ၍လည်းကောင်း နည်းအမျိုးမျိုးဖြင့်
သံဃာတော်များကို စည်းရုံးသိမ်းသွင်းရန် ကြိုးစားခဲ့ကြသည်။

ရွှေဝါရောင်သံဃာ့အရေးခင်းအပြီး..အာဏာရှင်မှ
သံဃာများကို တင်းကြပ်မှုများမှာ ပိုမိုသိသာလာသည်။
တရားဟောသည်ကအစ နိုင်ငံရေးအသုံးအနှုန်းပါဝင်လျင်
နိုင်ငံတော်ဓမ္မကထိကဆရာတော်များကိုပါမရှောင် တရားဟောခွင့်
ပိတ်ပင်လေ့ရှိသည်..၊

သို့သော်... ဘာသာရေးမုန်းတီးမှုတရားဟောသော
သံဃာတော်ကိုမူ...အစိုးရမှ အဘယ့်ကြောင့်
လက်ပိုက်ကြည့်နေသနည်း ?

ရှင်းပါသည်...။
______________________

အင်္ဂံလိပ်အစိုးရသည်..
သူတို့အား အကြပ်အတည်းတွေ့စေမည့်..

၁၃၀၀ ပြည့်အရေးတော်ပုံမစတင်မီ..
အာရုံပြောင်းသည့်အနေဖြင့်
မော်လ၀ီနှင့်ယောဂီစာအုပ်ကို ထုတ်ဝေကာ..
ကုလားဗမာအဓိကရုဏ်းကို
ဖန်တီးအာရုံပြောင်းခဲ့သည်။

အာဏာရှင်များသည်လည်း...??

Thunder Pa Yit'
https://www.facebook.com/thunderpayit 
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment