For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Sunday 23 February 2014

အမျိုးသားရေးဒီမိုကရေစီရေးနှင့် တရားဥပဒေစိုးမိုးရေးဒေါက်တိုင်များကြား ကမြန်မာပြည် >>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

၂၀၁၅ရွေးကောက်ပွဲနီးကပ်လာသည်နှင့်အမျှပြည်တွင်းအင်အားစုအချင်းချင်းပွတ်တိုက်မှုများပိုမိုပြင်းထန်လာသည်ကိုတွေ့မြင်နေရသည်။ယခုထက်ပိုမိုပြင်းထန်သောပွတ်တိုက်မှုများဆက်လက်ဖြစ်ပေါ်လာပါအုံးမည်။  ယခင့်ယခင်တည်းကအကွဲအပြဲများစွာရှိခဲ့သောမြန်မာ့နိုင်ငံရေးဇါတ်ခုံတွင်သွေးခင်းသောနေ့ရက်များဆက်လက်မရှိနေစေရန်သာဆုတောင်းရပါတော့သည်။ ပြည်တွင်းအမျိုးသားရေးအင်အားစုများနှင့်ဒီမိုအင်အားစုများအကြားတိုင်းပြည်အတွက်ပေါင်းရုံးဆောင်ရွက်ရမည့်အစားအချင်းချင်းကျဆုံးရေ်းဆောင်ရွက်နေကြသည်ကိုစိတ်မကောင်းဖွယ်တွေ့မြင်နေရပါသည်။  မည်သူမဆိုအမျိုးသားရေးဒီမိုကရေစီရေးနှင့်တရားဥပဒေစိုးမိုးရေးဒေါက်တိုင်သုံးရပ်အပေါ်တွင်မားမားမတ်မတ်ရပ်တည်မဆောင်ရွက်ပါကပြည်သူတို့၏သောကမီးကိုငြိမ်းသတ်ပေးနိုင်အုံးမည်မဟုတ်ပေ။  အမျိုးသားရေးမပါသောဒီမိုကရေစီသည်လည်ကောင်း အမျိုးသားရေးသက်သက်သည်လည်းကောင်းအနာဂါတ်တိုင်းပြည်ကိုညှိုးမှိန်စေပါလိမ့်မည်။   ပြည်သူလူထုအနေဖြင့်လေပြေလေညှုင်းကိုရှုရှိုက်ခွင့်မရသေးခင်ပင်ယင်ကောင်များအရေးသောကမအေးနိုင်ဖြစ်နေကြရသည်။
'အမျိုးဘာသာသာသနာဆိုတဲ့ငတုံးတွေရဲ့စကားကိုမယုံနဲ့ဆိုသောပြောစကားများနှင့်ဘာသာလူမျိုးမတူ၍ဟောပြောခွင့်ပိတ်ပင်ခြင်းများကနိုင်ငံ့ကောင်းစားရေးအတွက်နောက်ကွယ်ကကျပ်မပြည့်သောလူစားတို့၏လုပ်ဆောင်မှုသာဖြစ်ပေလိမ့်မည်။ မည်သည့်နိုင်ငံရေးခေါင်းဆောင်မျိုးပင်ဖြစ်ပါစေပြည်သူကိုတော့လိမ်လို့ရမည်မဟုတ်ကြောင်းကျွုန်ုပ်ဒီနေရာမှနေ၍သတိပေးလိုပါသည်။  
မတူကွဲပြားမှုတွေကိုကျွန်တော်တို့အနေဖြင့်အင်အားအဖြစ်ပြောင်လဲနိုင်မည်လားမတူကွဲပြားသူတွေကပဲကျွန်တော်တို့အပေါ်ဆွဲယူအသုံးချခံရမလားဆိုသည်ကိုကျွန်တော်တို့စောင့်ကြည့်ကြရပါမည်။  အမျိုးသားရေးဝါဒလက်ကိုင်ထားသူများတွင်လည်းသိမ်မွေ့အမျိုးသားရေးဝါဒ(ဝါ) အကြမ်းမဖက်အမျိုးသားရေးဝါဒသည်သာတိုင်းပြည်အတွက်အသင့်တော်ဆုံးဖြစ်သည်ဟုထင်မြင်ယူဆပါသည်။  အမျိုးသားရေးနစ်နာနိုင်ခြေအတွက်မအေးနိုင်သေးသောသံဃာတို့၏အပူမီးကိုလည်ကောင်းအမျိုးဘာသာကိုချစ်မြတ်နိုးသောလူထုကိုလည်ကောင်းဒီမိုအမည်ခံတိုက်ခိုက်နေသူများအနေဖြင့်တိုက်ခိုက်မှုများကိုရပ်တန်းကရပ်ရမည့်အချိန်ဖြစ်ပါသည်။အဘယ့်ကြောင့်ဆိုသော်သံဃာသည်လူထုဘက်ကမသွေမဖောက်ထာဝစဉ်ရပ်တည်ခဲ့သောကြောင့်ပင်ဖြစ်ပါသည်။
အမျိုးသားရင်ကြားစေ့ရေးလိုလားသူများအနေဖြင့်အမျိုးသားရေးကျဆုံးခြင်းသည်လူထု၏ကျဆုံးခြင်းဖြစ်သလိုဒီမိုကရေစီကျဆုံးခြင်းသည်လည်းလူထု၏ကျဆုံးခြင်းပင်ဖြစ်ရာမိမိတို့၏ခြေလှမ်းမမှားဖို့အထူးဂရုပြုရမည့်အချိန်ပင်ဖြစ်သောကြောင့်နှစ်ဦးနှစ်ဖက်ဆွေးနွေညှိနိုင်းခြင်းသည်သာကောင်မွန်သောရလာဒ်ကိုဖြစ်စေနိုင်ပါသည်။  အပြန်အလှန်တွန်းတိုက်မှုကြီးမားလာပါကကောင်းမွန်သောအကျိုးဆက်ကိုရရှိမည်မဟုတ်။  အန်တီစုအနေဖြင့်ဒီမိုကရေစီရှေ့ဆက်တက်လှမ်းနိုင်ရေးအတွက်ပြည်သူကိုကျေလည်အောင်ရှင်းပြဖို့လိုအပ်ပါသည်။ပြည်သူအကြားစိုးရိမ်မှုတိုးပွားလာသောအမျိုးသားရေးနှင့်ပါတ်သက်သည့်သံသယကိုကျေလည်အောင်မရှင်းပေးပါကအစွန်းရောက်လက်တုန့်ပြန်လိုသူတွေအတွက်လမ်းဖွင့်ပေးသလိုဖြစ်လာမည်ကိုစိုးရိမ်မိပါသည်။   လူဦးရေပေါက်ကွဲလျက်ရှိသောတရုတ် အိန္ဒိယ ဘင်္ဂလားတို့အကြား နေနေရသောမြန်မာပြည်အတွက်အမျိုးသားရေးသစ္စာစည်းကိုဖောက်မိပါကပုဂံနှင့်ရွှေတိဂုံသည်တချိန်ချိန်တွင်တော့မြေတွင်ခရမည်ဆိုတာကိုဤနိုင်ငံရှိနိုင်ငံရေးသခင်သခင်မတိုင်းသတိချပ်ရပါမည်။   မျိုးချစ်စိတ်ကြောင့်သာကျွန်ပြုသူကိုကျွန်တော်တို့တော်လှန်ခဲ့ကြသည်။မျိုးချစ်စိတ်ကြောင့်လွတ်လပ်ရေးရယူခဲ့ကြသည်။မျိုးချစ်စိတ်ကြောင့်မြန်မာဟူသောပုံသဏ္ဍာန်မပျောက်ကမ္ဘာအလယ်တွင်ရပ်တည်နေနိုင်ကြသည်။ကို့အချင်းချင်းမကောင်းမြင်နေသောစိတ်သူတပါးအပေါ်အကောင်ထင်ချင်သောစိတ်များမှကို့အချင်းချင်းချစ်ကြည်သောစိတ်များသို့ပြောင်လဲကြရပါမည်။     ဒီမိုကရေစီမရရှိသောကြောင့်ကျွန်တော်တို့လွပ်လပ်စွာပြောဆိုခွင့်ရေးသားခွင့်တွေဆုံးရှုံးခဲ့ကြပြီးပြီ။အဖွဲ့ဆိုတဲ့စကားလုံးလေးပင်စိစစ်ရေးမှာသုံးနှုန်းခွင့်မရှိခဲ့။အာဏာရှင်စနစ်ဆိုးကြားမှာလူသားတစ်ယောက်၏မွေးရာပါအခွင့်အရေးတွေကျွန်တော်တို့ဆုံးရှုံးခဲ့ပြီးပြီ။    ချစ်မြတ်နိုးဖွယ်ဖြစ်သောအမျိုးသားရေးတက်ကြွလှုပ်ရှားသူညီအကိုမောင်နှမများအနေဖြင့်အကြောက်မလွန်ကြရန်သတိပေးလိုပါသည်။ကျွန်တော်တို့အနေဖြင့်တမျိုးသားလုံးညီညွတ်ရေးအတွက်ကောင်းမွန်သောနည်းလမ်းပေါင်းများစွာရှိပါသေးသည်။ညီညွတ်ခြင်းဖြင့်သာတိုင်းပြည်ကိုတည်ဆောက်နိုင်ပါသည်။   ချစ်မြတ်နိုးဖွယ်ဖြစ်သောဒီမိုကရေစီလိုလားသူညီအကိုမောင်နှမများခင်ဗျာကျွန်တော်တို့အနေဖြင့်တရားမျှတခြင်းလွပ်လပ်ခြင်းတို့အတွက်ဆက်လက်တိုက်ပွဲဝင်ရအုံးမည်ကိုအထူးသတိချပ်ဖို့လိုပါသည်။  အမျိုးသားရေးလိုလားသူများနှင့်ဒီမိုကရေစီလိုလားသူများသည်ဘယ်သူ့ဘက်ကဖြစ်ဖြစ်အမှန်တရားပင်ဖြစ်ရာလက်ဝါးလက်ဖမိုးငြင်းခုံရန်ဖြစ်နေကြပါကကုလားကြီးများတရုတ်ကြီးများကအနောက်မှာနေရာဝင်ဦးဖို့အသင့်ဖြစ်နေကြပါသည်။ အမျိုးသားရေးလိုလားသူရောဒီမိုကရေစီလိုလားသူရောတိုင်းပြည်၏အင်အားစုကြီးများအဖြစ်ပြောင်းလဲရပ်တည်ကြပြီးအနာဂါတ်တိုင်းပြည်အားအကောင်းဘက်သို့ရွေ့ရန်ပခုံးထမ်းတင်ကြဖို့လိုပါသည်။နွားကွဲရင်ကျားကတော့ဆွဲဖို့အဆင်သင့်စောင့်နေသည်ကိုသတိချပ်ရပါမည်။  တရားဥပဒေစိုးမိုးရေးအတွက်နှဖားကြိုးဆွဲရာလိုက်ပါနေကြရသောမြန်မာ့နိုင်ငံရေးအကျပ်အတည်းမှလွန်မြောက်နိုင်အောင်ကြိုးပမ်းကြရပါအုံးမည်။ တရားဥပဒေစိုးမိုးရေးအတွက်သမ္မတကြီးဦးသိန်းစိန်အနေဖြင့်လည်းပြည့်ဝစွာမဆောင်ရွက်နိုင်သေးပေ။ထိုအတူဒေါ်အောင်ဆန်းစုကြည်အနေဖြင့်ရောပြည့်ဝစွာအကောင်အထည်ဖော်ပေးနိုင်လိမ့်မည်ဟုကျွန်တော်မယုံပါ။ မည်သို့ဆိုစေကျွန်တော်တို့ပြည်သူများအနေဖြင့်ပုဂ္ဂိုလ်ရေးကိုးကွယ်မှုများထက်ကျွန်တော်တို့အားလုံးပေါင်းရုံးဆောင်ရွက်ခြင်းကသာတိုင်းပြည်ရေရှည်တည်တံ့ခိုင်မြဲမှုနှင့်ဒီမိုကရေစီရှင်သန်လာရေးဗဟိုချက်ဖြစ်ပါသည်။   နိုင်ငံရေးသမားများအနေဖြင့်နတ်ဝင်ပူးသည့်အပေါစားနိုင်ငံရေးမျိုးရှေ့ဆက်မလုပ်စားဖို့နှင့်သူများအပုပ်ချကိုယ်ကမှတကယ့်လူကောင်းဆိုသည့်အပေါစားနိုင်ငံရေးမျိုးမလုပ်စားသင့်တော့ပေ။                                    အမျိုးသားရေးဒီမိုကရေစီရေးနှင့်တရားဥပဒေစိုးမိုးရေးဒေါက်တိုင်သုံးရပ်ပေါ်တွင်မားမားမတ်မတ်ရပ်တည်ဆောင်ရွက်နိုင်မှမြန်မာ၏အနာဂါတ်လှပနိုင်မည်ဖြစ်ပါသည်။                          မှတ်ချက်။  ။မြန်မာမှန်လျှင်သစ္စာမဖောက်ကြေး
                                မင်းကောင်းစံ           
ဖုန်း-၀၉၄၅၀၀၁၁၇၂၀             တင်ကျော်လင်း၁၀/ကထန(နိုင်)၁၁၀၂၆၅
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment