For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Wednesday 19 February 2014

ဒေသခံပြည်သူအချို့ ကျွဲနွားမှောင်ခိုများထံသို့ ကိုယ်တိုင်ရောင်းချခြင်း၊အငှားလိုက်ပို့ခြင်းများ လုပ်ကိုင်လာကြ >>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

  ယခုအခါ ကျွဲ/နွားများ ရှားပါးလာခြင်း၊၀ိသမလောဘလွန်ကဲ
သူများသည်
ကျွဲ/နွားများကို ပြည်ပသို့
တရားမ၀င်နည်းမျိုးစုံဖြင့် မှောင်ခိုတင်ပို့သယ်ဆောင် ရောင်းဝယ်မှုများ
ပြုလုပ်လျှက်ရှိသည်ဟု သိရသည်။
       လယ်ယာကုန်ထုတ်လုပ်မှု ကဏ္ဍတွင်အရေးပါသည့် ကျွဲ/နွားများကို
ယခုကဲ့သို့ ပြည်ပသို့ တရားမ၀င်
နည်းမျိုးစုံဖြင့်
မှောင်ခိုတင်ပို့သယ်ဆောင်ရောင်းဝယ်နေမှုများအပေါ်ထိထိရောက်ရောက်
ကာကွယ်တာဆီး
ရန် လိုအပ်သည့်အလျှာက် အရေးယူမှုများအား ပြင်းပြင်းထန်ထန်
ဆောင်ရွက်လျှက်ရှိရာ ထိုသို့သော
အခြေအနေတွင် ရိုးသားသည့်ကျေးလက်နေပြည်သူများသည် လယ်ယူလုပ်ငန်းခွင်အတွက် လိုအပ်သော
ကျွဲ/နွားများအား ၀ယ်ယူသယ်ဆောင်ရာတွင် သယ်ဆောင်ခွင့်ပြုမိန့်များ
ပါရှိခြင်းမရှိသဖြင့် ဖမ်းဆီးအရေးယူ
အပြစ်ပေးခြင်းများခံရသည်ကို မကြာခဏကြားသိနေရသည်။
       ထို့ကြောင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၊စစ်ကိုင်းတိုင်းဒေသကြီးမှ
မြို့နယ်အသီးသီးသို့ ကျွဲ/နွားများ
သယ်ဆောင်ရောင်းဝယ်ခြင်းနှင့်စပ်လျဉ်းပြီး အသိပညာပေးလက်ကမ်းစာဆောင်များအား
ဖြန့်ဝေရန်
ညွှန်ကြားထားသည့်အတွက် သက်ဆိုင်ရာ
မြိုကနယ်များမှလည်း၊ကျေးရွာအုပ်ချုပ်ရေးမှုးများထံသို့
အသိပညာပေးလက်ကမ်းစာဆောင်များအား ဖြန့်ဝေရန်ညွှန်ကြားထားသည့်အတွက် သက်ဆိုင်ရာမြို့နယ်
များမှလည်း၊ကျေးရွာအုပ်ချုပ်ရေးမှုးများထံသို့
အသိပညာပေးလက်ကမ်းစာဆောင်များ ဖြန့်ဝေပေးထားပြီး
ဖြစ်သော်လည်း ကျေးလက်နေ ပြည်သအချို့သည် လိုက်နာမှုမရှိဘဲ
ကျွဲ/နွားမှောင်ခိုသမားများထံသို့
ကိုယ်တိုင်ရောင်းချခြင်း၊အငှားလိုက်ပို့ခြင်းများ ဆောင်ရွက်နေကြသည်ဟု သိရသည်။
        ယခုအခါ တရုတ်နိုင်ငံမှ ကျွဲ/နွားများကို ဈေးကောင်းပေးနေသဖြင့်
တောင်သူအချို့သည် ကျွဲ/နွား
မှောင်ခိုရောင်းဝယ်သူများထံမှ အ၀ယ်ကိုယ်စားလှယ်လုပ်ကိုင်ပြီး
ကောလင်း၊၀န်းသို၊ပင်လည်ဘူးနယ်မှ
ကျွဲ/နွားများကို ၀န်းသိုမြို့နယ် ရွှေတောင်ကုန်းကျေးရွှာတွင်စု၍
၎င်းကျေးရွာဝန်းကျင်ရှိ လွင်ကြီး၊ရွှေတောင်ကုန်း၊ကျုံးကြီးကျေးရွာတို့မှ
ဒေသခံ လက်လုပ်လက်စားများအား ကျွဲ/နွားတစ်ကောင်လျှင်
ငွေကျပ်(၂)သောင်းနှုန်းဖြင့် တစ်ဦးလျှင်(၃)ကောင်နှုန်းသတ်မှတ်ကာ
ကျုံးကြီးကျေးရွာမှ ည(၁၀)နာရီကျော်
ခန့်တွင်ထွက်ခွာ၍  ကောလင်းမြို့နယ်အဆုံး အင်ပင်သာကျေးရွာကို ဖြတ်ကာ
ဝန်းသိုမြို့နယ်ကျေးရွာများသို့
တစ်ညလုံးဖြတ်မောင်းနှင်ပြီး ထီးချိုင့်မြို့နယ်အတွင်းသို့၎င်း ၊
ထီးချိုင့်မြို့နယ်မှ ကသာမြို့နယ်၊ကျောက်ပုံ၊
သံပုရာခုံကျေးရွာသို့မောင်းနှင်ရကြောင်း၊သံပုရာခုံကျေးရွာေ၇ာက်ပါက
ဧရာဝတီမြစ်တစ်ဖက်ကမ်းသို့
ပို့ဆောင်ရန်ဆိုက်ကပ်ထားသော စက်လှေနှင့်မော်တော်များပေါ်သို့
ကျွဲ/နွားများတင်ပါက ကျွဲ/နွားတစ်ကောင်
လျှင် တင်ခကျပ်(၁)သောင်းပေးရကြောင်း၊
ကျွဲ/နွား၊လိုက်ပါရောင်းချဖူးသူဒေသခံတစ်ဦး၏ ပြောပြချက်အရ
သိရသည်။
ယင်းသို့ ကျွဲ/နွားများစုဆောင်းရာသို့ ကသာမြို့နယ်အတွင်းရှိ
အင်းရွာ၊ကျောက်တုံးကြီးရွာကျေးရွာတို့မှ
ဒေသခံ ကျွဲ/နွားဝယ်ယူသည့်အဖွဲ့မှ လာရောက်ပြီး ဧရာဝတီမြစ်တစ်ဖက်ကမ်းရှိ
အင်းရွာ၊ကျောက်ထုံးကြီး
ပုလွေရွှေ၊ သစ်ဖြူကုန်း၊ဒုန်းအော့၊ ဘန့်ဘွေးကုန်း၊ မြိုင်သာယာစသည့်
ကျေးရွာတောလမ်းများအတိုင်း
ကချင်ပြည်နယ် ရွှေကူမြို့သို့ပို့ဆောင်ကာ ထိုမှတစ်ဆင့်
တရုတ်နိုင်ငံနယ်စပ်သို့သယ်ယူပို့ဆောင် ရောင်း
ချကြသည်ဟု သိရသည်။

                   စိုင်းလူမင်း

              Sailumin35@gmail.com

No comments:

Post a Comment