For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Monday 24 February 2014

ကောလင်းမီဒီယာGroup၏ အယ်ဒီတာအာဘော် >>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

   ၂၀၁၃ခုနှစ်၊ ဒီဇင်ဘာလ နှင့် ၂၀၁၄ခုနှစ်၊ ဇန်နဝါရီလများတွင် စစ်ကိုင်းတိုင်းဒေသကြီး မန္တလေးတိုင်း
ဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသများတွင် ကျွန်းသစ်၊ပိတောက်၊ ပျဉ်းကတိုး၊ စကားဝါ၊ သစ်ရာ၊
အင်ကြင်း၊ တန်မလန်းသစ်စသည့် သစ်အမျိုးအစားစုံ တန်ချိန်ထောင်နှင့် ချီကာ တရားမဝင်ခိုးထုတ်မှုများကို
ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
   ယခုအခါ ထိုသို့ဖမ်းဆီးနေသော်လည်း
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်၊ အင်းတော်၊ ဝန်းသို၊ ပင်လည်ဘူးနယ်မှ တန်မလန်းသစ်များကို
အသားထဲကလောက်ထွက်သည့် အကျင့်ပျက်ဝန်ထမ်း အချို့မှ တန်မလန်း ကုန်သည်ပွဲစားများနှင့် ပူးပေါင်းကာ ခိုးထုတ်နေလျှက်ရှိပြီး အဆိုပါ တန်မလန်း
ကုန်သည် ပွဲစားများသည် ပင်လည်ဘူး
မြို့နယ် ၊ ဝါးရူးသာဒေသဘက်မှ တန်မလန်းသစ်များကိုလည်းကောင်း၊
ဝန်သိုမြို့နယ်နှင့် ပင်လည်ဘူးနယ်စပ် မိုင်းသုံချောင်းဖျားဒေသမှ တန်မလန်း
သစ်များကို(၁)လျှင် (၅)သိန်းနှုန်းဖြင့် ဝယ်ယူစုဆောင်းလျှက်ရှိသည်ဟု ဒေသခံ
ပြည်သူများ၏ အဆိုရသိရသည်။
     ဝန်းသို-ပင်လည်ဘူးနယ်မှ ဝယ်ယူစု
ဆောင်းထားသည့် တန်မလန်းသစ်များ
အား ဝန်းသိုမြို့နယ်မှ အင်းတော်မြို့နယ်၊
မဲဇာကျေးရွာ သစ်ထုတ်လုပ်ရေး လမ်း
ဟောင်းများအတိုင်း ထီးချိင့်မြို့ သို့လည်းကောင်း၊ ဝန်သိုမြို့နယ်၊ ဖီလေးကန်ကုန်းနယ်မှ ရွှေဘို-မြစ်ကြီးနား
လမ်း၊ ကောလင်းမြို့နယ်၊ ဒိုးပင်ကျေးရွာ
သို့ လည်းကောင်း၊ ဒိုးပင်ကျေးရွာမှ အင်း
တော်မြို့နယ်၊ ပိန္နဲကုန်းကျေးရွာ ၊ မဲဇာတံတား မှ ထီးချိုင့်မြို့သို့ လည်းကောင်း၊ရွှေဘို-မြစ်ကြီးနား
လမ်း
ကျောက်တန်းလမ်းဆုံမှ ထီးချိုင့်သို့လည်း
ကောင်း၊ ပင်လည်ဘူးမြို့နယ် ဝဲလာကျေးရွာမှ မြတ်နိုးသူသစ်ထုတ်
လုပ်ရေး ကုမ္ပဏီကားလမ်းအတိုင်း ကော
လင်းမြို့နယ် ယားတောင်ကျေးရွာသို့
ဖြတ်ထွက်ကာ ထိုမှတစ်ဆင့် ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့ ဒေသဘက်သို့ သယ်ဆောင်ရန် ဒေသခံများ သတင်းပေးချက် အရ
သိရှိရသည်။
     လက်ရှိကာလတွင် သစ်များကို တရားမဝင်သော နည်းလမ်းဖြင့် ခိုးထုတ်
ရောင်းချခြင်းပြုလုပ်နေခြင်း၊ သစ်တော
အရေအတွက် လျော့နည်းလာကာ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီး
မှုများနှင့် ကြုံတွေ့နေရသည်။ ယခုကဲ့သို့
ဖြစ်ပေါ်နေရခြင်းမှာ အကျင့်ပျက်ဝန်ထမ်း
အချို့နှင့် ကုန်သည်ပွဲစားများအချို့တို့
ပူးပေါင်း၍ လုပ်ကိုင်ခြင်းကြောင့် သစ်တောပြုန်းတီးနေရခြင်းဖြစ်သည်
ထို့ကြောင့် ကျွန်တော်တို့ ကောလင်း
မီဒီယာ Group သည် တရားမဝင်သစ်
ခိုးသူများ လမ်းကြောင်းအား မီဒီယာကွန်
ယက်ဖြန့်ကျက်ကာ သက်ဆိုင်ရာ ဌာန
များနှင့် ပူးပေါင်း၍ စုံစမ်းဖော်ထုတ်သွား
မည်ဖြစ်ပါသည်။
           Kawlin Media Group
           (စိုင်းလူမင်း-အယ်ဒီတာ)
           Sailumin35@gmail.com

>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment