For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Wednesday, 5 February 2014

အာဏာရှင်အမတ်မင်း တိုက်ကြီးမြို့၊ မဲဆနနယ် အမှတ်(၂) >>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ဥကံမြို့ ဥကံရွာမ ပါဒ မိတောက်ကုန်း၊ မိုင်တိုင်အမှတ်(၆၅)နေရာတွင် ဇန်နနပါရီလ(၂၁)ရက်ည (၇း၃၀) အချိန်တွင် ဆိုင်ကယ်မောင်းနှင်လာသူ  ဦးခင်ဝင်း(ဘ) ဦးမောင်ကြိုင်၊ဘုရာကြီးလမ်း ဥကံမြို့ နေသူအား ကိုယ်ပိုင်စီးမော်တော်ယဉ်အမှတ် YGN 5D-4909 မှ ဆိုင်ကယ်နောက်ပိုင်းမှ ၀င်ရောက်တိုက်မှုဖြစ်ပွားခဲ့ပါ
သည်။                           
      ယဉ်တိုက်ခံရမှုကြောင့် ဆိုင်ကယ်တိမ်းမှောက်ပျက်စီးသွား
ခဲ့ပြီး ဆိုင်ကယ်မောင်း ဦးခင်ဝင်းခါးနား၊ ဘေးနာနှင့် ၀ဲဘက်ခြေထောက်ယောင်ကိုင်းဒဏ်ရာများ ရရှိခဲ့ပါသည်။ 
      မော်တော်ယဉ်ကားနောက်ကြည့်မှန် ပြုတ်ကျ ပျက်စီးခဲ့ပြီး ယဉ်အနည်းအငယ် ပျက်စီးခဲ့ပါသည်။    အဆိုပါမော်တော်ယဉ်အား ၄င်းအနီး (8.6) အရက်ဆိုင်မှ ထွက်လာသော လူအင်အား(၁၀)ဦးခန့်နှင့် ရာအိမ်မှူး ဦးတင်နိုင်ဦး ဥကံရွာမ၊ ပါဒ ပိတော်ကုန်း တို့မှ ၀ိုင်းဝန်းလိုက်သွားရာ  ယဉ်တိုက်နေရာမှ ကိုက်(၅၀)ခန့်အကွာတွင် ယဉ်ကို ရပ်တန့်ပြီး ယဉ်ပေါ်မှ ဆင်းလာသူ မှာ ရန်ကုန်းတိုင်းဒေသကြီးတိုက်ကြီးမြို့နယ် မဲဆနနယ်အမှတ်(၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင် ဖြစ်နေကြောင်း တွေ့မြင်ရပြီး အရက်အလွန်အကျွံစွာ သောက်စားထားပြီး အတော်မှုးနေကြောင်း၊ နောက်ရက်ကျမှ တွေ့ဆုံမည်ဟု ချိန်းဆိုပြီး မော်တော်ယဉ်အား ဆက်လက်မောင်းနှင်ထွက်ခွာသွားပါကြောင်း အမတ်မင်းဖြစ် ပြီး နယ်မြေရဲစခန်းသို့ တိုင်ကြားမှုမပြုရဲပါကြောင်း၊ တိုင်ကြားလျှင်လည်း ရဲစခန်းမှ အမှုဖွင့်ပေးမည် မဟုတ်ကြောင်းကို အမတ်မင်း မိသားစု(သို့) အာဏာရှင်မိသားစု၏ အာဏာအလွဲသုံးမှုများကို ဖေါ်ပြပါမည်။   ၂၀၁၂- ခုနှစ် သြဂုတ်လတွင် အမတ်မင်း ဦးမြင့်အောင် မောင်းနှင်လာသော ၈ဆ/၂၄၆၂ မော်တော်ယဉ်ဖြင့် ဆိုင်ကယ်မောင်း အောင်ဆန်းဦး (ဘ)ဦးအောင်သန်း ဥကံမြို့ အနော်ရထာရပ်ကွက် စံပြကွက်သစ်နေသူအား ၀င်တိုက်မှု ဖြစ်ခဲ့ပါသည်။ ယဉ်တိုက်မှုကြောင့် အောင်ဆန်းဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး ဆိုင်ကယ်ကျိုးပဲ့ ပျက်စီးသွားခဲ့သော်လည်း ဆေးကုသပေးခြင်း ဆိုင်ကယ် ပြင်စင်ပေးခြင်းမရှိခဲ့ပါ။         ၂၀၁၂ ခုနှစ် စက်တင်ဘာလ (၈)ရက်နေ့တွင်အမတ်မင်း၏သားဖြစ်သူ မောင်စည်သူမှ မော်တော်ဆိုင်ကယ်ဖြင့် စက်ဘီးစီးနင်လာသူ မမြ၀င်းကြည်(ဘ)ဦးညိုကြီး ဥကံမြို့ မင်းရဲကျော်စွာရပ်ကွက်နေသူအား လမ်းပြောင်းပြန်အနေအထားဖြင့် ၀င်ရောက်တိုက်မှု ဖြစ်ပွားခဲ့ပါသည်။   အမြ၀င်းကြည်မှ ရဲစခန်းသို့ အမှုဖွင့်လိုကြောင်း တိုင်ကြားပါသည်။ ထိုအချိန်အမတ်မင်းမှ ရဲစခန်းသို့ရောက်လာပြီး မည်သို့ အာဏာပြသည်မသိရသော်လည်း နယ်မြေ ရဲစခန်းမှ အမှုကို လက်ခံခြင်း အမှုဖွင့် ပေးခြင်းမရှိခဲ့ပါ။   အမတ်မင်း မဖြစ်မှီ အမတ်လောင်း ဘ၀ကပင် ကြံ့ခိုင်ရေးပါတီအာဏာသုံးခဲ့ပုံမှာ အမတ်မင်း၏သမီးဖြစ်သူ သက်သက်ဆိုသူမှ ၄င်း၏အဘွားဖြစ်သူ မိခင်၏အမေအိုအား ၄င်းမောင်းနှင်လာသော ဆိုင်ကယ်နောက်တွင် တင်ဆောင်မောင်နှင်လာစဉ် သိမ်ကုန်း ပျဉ်းမကုန်းကျေးရွာချင်းဆက်လမ်းပေါ်တွင် တံတားတစ်ခုသို့ အတက်တွင် ဆိုင်ကယ်ပေါ်မှ အဘွားအိုနောက်ပြန် ပတ်လက်အနေအထားဖြင့် ပြုတ်ကျခဲ့ပ့ါသည် ဦးခေါင်းဒဏ်ရာဖြင့် ဆေးရုံအရာက်တွင် ကွယ်လွန်ခဲ့သော်လည်း နယ်မြေရဲတပ်ဖွဲ့ ရေငုံနုတ်ပိတ်နေကြရပါသည်။ အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့ခြင်းမရှိပါ။      မြို့ရွာဖွံ့ဖြိုးတိုးတက်ရေးပြည်သူအကျိုးစီးပွားထက် မိမိကိုယ်ကျိုးစီးပွားရှေ့တန်းတင်ချက် အရက်ဆီနှင့် အရက်မျိုးစုံလက်လီလက်ကားရောင်းပြီး ဘုရားရှေ့မျက်နှာစာ စည်ပင်ပိုင်နယ်နမိတ် လမ်းကြိုလမ်းကြား ဖွင့်လှစ်ထားသော အရက်ဆိုင်ငယ်များ အတွက် အရက်ဆိုင်ရောင်းချခွင့် လိုင်စင်ရရှိအောင် ဆောင်ရွ က်ပေးပြီး အရက်မြို့တော်  ကြီးတည်ဆောက်လျှက်သာရှိသော သောက်စားပျော်ပါး အမတ်မင်းအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ပြည်သူလွှတ်တော်နှင့် ကြံ့ခိုင်ရေးပါတီ ဗဟို ကော်မတီမှ လိုအပ်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်နိုင်ပါရန် အသိပေးတင်ပြလိုက်ရပါသည်။



ဒေသခံပြည်သူများ


>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment