For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Thursday, 6 February 2014

၅၉(စ)နှင့် မျိုးစောင့်ဥပဒေ >>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

အမျိုးစောင့်ပါတယ်။အမျိုးကိုချစ်ပါတယ်ဆိုတဲ့
လူတွေကိုတစ်ခုလောက်တင်ပြပါရစေ။နောက်မျိုးစောင့်ဥပဒေအကြောင်းပြောနေကျတဲ့လူတွေ။ကျနော်မေးတာကိုအမျိုးကိုချစ်တဲ့မျိုးချစ်အမှန်ဆိုရင်ဖြေပါ။မကျေနပ်ရင်အကြေအလည်ဆွေးနွေးနိုင်ပါတယ်။နေစရာမရှိတဲ့လူတစ်ယောက်၊ခိုကိုးစရာမရှိတဲ့လူတစ်ယောက်ဟာသစ်တပင်ဝါးတစ်ရိပ်အောက်မှာဒါမှမဟုတ်လမ်းပ်ါမှာနေပလက်ဖောင်းပေါ်မှာအိပ်လို့ရကောင်းရမယ်။စားစရာမရှိတဲ့သူဟာ ကျောင်းသွားပီးဘုန်းကြီးဟောတဲ့တရားနာ၊ကပ္ပိရနဲ့ကပ်စားမယ်ထင်လား၊ဒါမှမဟုတ်ခွက်ဆွဲပီးသနားကျပါခင်ဗျာလို့တောင်းစားမလား။တွေးကြည့်ပါ။ကိုယ်ကျင့်တရား(ငါးပါးသီလ+၃၈ဖျာမင်္ဂလာ)ပျက်စီးခြင်းရဲ့အရင်းခံက ဘာလဲ။ငတ်မွတ်ခေါင်းပါခြင်းပေါ့။ထမင်းဆာနေတဲ့လူကိုသွားပီးတရားဟောမလို့လား။အလှုဒါနအကြောင်းသွားပြောမလို့လား။ကျပ်တည်းငတ်မွတ်လာရင်မရဘူး။ဗိုက်မ၀ရင်အားကစားလဲအားမပေးနိုင်ဘူး၊တရားလဲအားမထုတ်နိုင်ဘူး၊နိုင်ငံရေးလဲစိတ်မ၀င်စားတော့ဘူး။ဝမ်းစာကလွဲရင်တချားအရာတွေကကိုယ်နဲ့ဘာမှမဆိုင်သလိုပဲ။လမ်းပေါ်ရောက်ပြီးလမ်းပျောက်နေခြင်းဟာ ပြည်သူပြည်သားတွေနိုင်ငံရေးကိုစိတ်မ၀င်စားလို့ပဲ။သမတကြီးဘာလုပ်နေလဲ။ဒို့ရွေးချယ်လိုက်တဲ့ တိုက်ပုံဝတ်ခေါင်းပေါင်းကြီးကကော ဒီတပတ်လွှတ်တော်မှာ ဘယ်အချက်တွေကိုတင်ပြလဲ၊တဖက်ကဘယ်လိုပြန်ဖြေလဲ၊ဒါတွေကိုစိတ်ဝင်စားနိုင့်ဖို့အချိန်မရှိဘူး။
>>>၅၉(စ)ပြင်သင့်မပြင်သင့်<<<
ပြင်မယ်မပြင်ဘူးမငြင်းသေးနဲ့ဦး။သမိုင်းကိုကြည့်လိုက်။မျိုးစောင့်တို့ပြောသလိုဗိုလ်ချုပ်အောင်ဆန်းတို့ရေးခဲ့တယ်။အဲဒီတုန်းကပါလီမန်ကနေ
သမတဖြစ်တာမို့ပြီးခဲ့တဲ့၂၀၀၈မှာသမတဖြစ်ခွင့်တိုက်ရိုက်ပြောင်းလိုက်တယ်။
ဒီအခြေခံဥပဒေကိုဘယ်လိုပုံစံမျိုးနဲ့အတည်ပြုခဲ့
လဲအားလုံးအသိပါ။ပြောနေစရာကိုမလိုဘူး။ခုချိန်ထိအခြေခံဥပဒေကိုစေ့စေ့ပေါက်ပေါက်ဖတ်ဖူးသူဟာ ၂၅%ရှိနိုင်ပါ့မလား။၂၀၀၈တုန်းကဆိုပြောမနေတော့နဲ့။ပီးတော့သဘာဝမကျတာတစ်ခုက နှစ်ပေါင်းနှစ်ဆယ်အတွင်းဗိုလ်ချုပ်အသံတောင်
ကျယ်ကျယ်မပြောရဲသူနဲ့မပြောစေချင်သူတွေကခုကျမှအားကိုးရှာတာလား။ကျနော်တို့ဗိုလ်ချုပ်ရဲ့ဝိဥာဉ်၊အရွယ်တူကြယ်ဖြူဆယ့်လေးလုံး၊စက်သွားနဲ့စပါးနှံပါတဲ့အလံရဲ့မျက်နှာမှမထောက်အရှက်မရှိ....
ပီးတော့ဟိုဟာက ဂျပန်ခေတ်၊ဗြိတိရှခေတ်၊ဖက်ဆစ်ခေတ်၊နယ်ချဲ့ခေတ်,ခုခေတ်ကGlobalization,ကမ္ဘာကရွာတစ်ရွာဖြစ်နေတဲ့ခေတ်...ကဲ..ဗိုလ်ချုပ်ဒီအချက်၅၉(စ)ကို ခေတ်အခါအရထည့်သွင်းခဲ့တယ်လို့ပဲမြင်ပါတယ်။ခုခေတ်ခုအခါကတော့နိုင်ငံတကာနဲ့ရင်ပေါင်တမ်းပီးလုပ်ရကိုင်ရမယ်။ပြောရဆိုရမယ်။တခါးပိတ်ဝါဒတို့၊အခြေအနေမကောင်းရင်အာဆီယံအဖွဲ့ကထွက်မယ်တို့လိုဖွတ်ဦးနှောက်နဲ့မိုက်ရူးရဲလုပ်လို့မရပါဘူး။မြန်မာ့သမိုင်းမှာ မိုးနဲ့မြေ၊
ဆီနဲ့ရေလိုကွာတဲ့ဗိုလ်ချုပ်နှစ်ယောက်ရေးဆွဲခဲ့တဲ့ဒီဥပဒေမှာ ဘယ်ဗိုလ်ချုပ်ရဲ့မျက်နှာကိုထောက်ပီး မတို့ရဲ မထိရဲ မဆိတ်ရဲ,ရတာလဲဆိုတာသိဖို့လိုတယ်
သမတကိုတနည်းအားဖြင့်လူထုက ရွေးချယ်ထားတာပါ။တခြားနိုင်ငံရဲ့သစ္စာကိုဘယ်သမတမှအရှက်တရားကင်းမဲ့စွာနဲ့ခံယူမှာမဟုတ်ပါဘူး။ပြည်သူလူထုအတွက် လိုအပ်တဲ့အကူအညီတော့ ပေးရင်ယူရမှာဖြစ်ပါတယ်။မျက်စိမှိတ်ပီးတိချင်တယ်၊ကျချင်တယ်ဆိုရင်ဖြင့် ဘယ်နိုင်ငံရဲ့ထောက်ပန့်မှုမှမယူပဲနေ၊ယူခဲ့တဲ့လူတွေရဲ့အကြွေးတွေလဲကျေအောင်ဆပ်၊ကမ္ဘာ့ဘဏ်တို့၊ဂျပန်တို့ကိုလဲအနားမသီစေနဲ့ပေါ့။ရှင်းပီဟေ့ဆိုရင်အဲလိုပြတ်ပြတ်သားသားဖြစ်မှသဘာဝကျမှာပေါ့။သမတဖြစ်သူဟာသူတထူးရဲ့ကျေးဇူးနဲ့မနှီးနွယ်ရဘူးဆိုရင်လဲသူတထူးကူညီတာကိုမယူနဲ့။
ပီးတော့ကြားလိုက်ပါသေးတယ်။သူရဦးရွှေမန်းနဲ့နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်ဒေါ်အောင်ဆန်းစုကြည်ဆိုရင်သူရဦးရွှေမန်းကိုပဲမဲပေးမယ်။တပ်မတော်ဆိုတာတိုင်းပြည်အတွက်အသက်ပေးပီးသားတဲ့။အပြစ်မရှိတဲ့ပြည်သူတွေဘက်ကိုသေနတ်ပြောင်းလှည့်ခဲ့တာဘယ်သူတွေလ။ဲနိုဘယ်ငြိမ်းချမ်းရေးဆုရှင်ဒေါ်အောင်းဆန်းစုကြည်လဲပဲ မသေလို့ထောင်ကျခဲ့တာပါ။ရှေ့တန်းကပေါင်ပြတ်လက်ပြတ်နဲ့ပြန်လာပီးစာအုပ်ရောင်းစားနေရတဲ့စစ်မှုထမ်းဟောင်းတွေကိုလဲအားနာပါဦး။သေတာထက်ပိုဆိုးတဲ့အရာတွေအများကြီး။
ကျေးဇူးရှင်ပေါက်ဖော်ကြီးတွေ၊ကုလား(ကုလားလို့ပဲအားရပါးရပြောမယ်။ဒေါ်စုမကြိုက်လဲမတတ်နိုင်ဘူး)တွေကိုနေရာပေးခဲ့တာ။ဂုတ်သွေးအစုတ်ခံခဲ့တာ။တော၊တောင်၊မြစ်ရောင်းစားခဲ့တာဘယ်သူလဲ၊ကုလားကိစ္စနဲ့ပတ်သတ်ပီးပြောရရင်ဥပဒေအထက်မှာကုလားတွေရှိနေတာဘယ်ကောင်အသုံးမကျတာလဲ။ဒါတွေ...ဒါတွေအရင်းစစ်ရင်အမြစ်မြေကဆိုသလိုတွေးပီးမှ ပြင်သင့်၊မပြင်သင့်၊ဖျက်သင့်မဖျက်သင့်အသံကောင်းဟစ်ကျပါ။
>>>ကျနော်ကတော့ဒေါ်စုကိုလဲမချစ်ဘူး၊ဘဘ
ကြီးတွေကိုလဲမမုန်းပါဘူး။
၂၀၁၅မှာဘယ်သူသမတဖြစ်မလဲဆိုတဲ့ကိစ္စကို
(၁)မူလတန်းခလေးတွေကိုဘယ်သူကရေရှည်စီမံကိန်းနဲ့နွားနို့တိုက်နိုင်မလဲ
(၂)ပညာရေးကဏ္ဍနဲ့ကျန်းမာရေးကဏ္ဍမှာဘယ်သူကပြောင်းလဲပေးနိုင်မလဲ
(၃)တိုင်းပြည်ချမ်းသာတာထက်ပြည်သူပြည်သားတွေချမ်းသာဖို့အလုပ်အကိုင်အခွင့်အလမ်းတွေဖန်တီးပေးဖို့၊ငွေကြေးနဲ့ပတ်သတ်သောအသိတရားတွေတိုးပွါးဖို့
(၄)သူများနိုင်ငံမှာကျွန်သဘောက်ပုံစံနဲ့သွားနေရတဲ့ညီအကိုတွေက^^မြန်မာနိုင်ငံမှာမ၀ရေစာအလုပ်တစ်ခုရဖို့ နီးရာလူကိုပြေးကန်တော့ရသေးလား^^လို့မေးတဲ့အမေးကိုရဲရဲဝံ့ဝံ့လက်မထောင်ပီးဖြေနိုင်ဖို့
(၅)တောင်ကြီးကိုအလုံးလိုက်ပြန်လိုချင်ပေမဲ့နောက်တောင်အလုံးရေမလျှော ဖို့၊မရှိတော့တဲ့သစ်တောတွေကိုလွမ်းနေမဲ့အစားပြန်လည်စိုက်ပျိုးဖို.
(၅)ရေကန်အသင့်ဟိုဟာ(ကြာ)အသင့်စည်းစိမ်ရစ်နေတဲ့ပေါက်ဖော်ကြီးတွေ၊father landလိုအကောင်ပလောင်ကုလားတွေနေရာမှာမြန်မာနိုင်ငံသားပညာရှင်တွေအစားထိုးဖို့
စတဲ့...စတဲ့...ကိစ္စတွေလောက်စိတ်မ၀င်စားပါဘူး။
အချုပ်ပြောရရင် ဘဘကြီးတို့လဲဂွတ်ပါတယ်။ဒေါ်စုလဲအိုကေပါတယ်။တစ်ခုရှိတာကဘဘကြီးတို့သည် ပြည်သူတွေရဲ့အမြင်မှာပယ်ဖျက်လို့မရတော့တဲ့အရိပ်မည်းကြီးရှိနေတယ်။နောက်အရေးကြီးတာကဘဘကြီးတို့မှာထောက်ထားရမဲ့မျက်နှာတွေ၊မျက်နှာနာစရာတွေများပါတယ်။ကျနော်တို့နိုင်ငံကအများကြီးနောက်ကျနေလို့ဘယ်သူ့မျက်နှာမှမထောက်ပဲပြတ်ပြတ်သားသားနဲ့ထုံးတို့တဲ့လက်ကိုဖြတ်ပစ်ရမှာဖြစ်ပါတယ်။ဒီတော့မျိုးချစ်တို့ မျိုးစောင့်တို့ကိုတိုက်တွန်းချင်တာက ထမင်းဝဘို့အရင်လုပ်ရမယ်။ကိုယ့်စည်းကိုကိုယ်လုံအောင်လုပ်ရမယ်။ဒို့တွေစီးပွါးရေးကျပ်တည်းရင်,ဒို့တွေ ၀င်ငွေထွက်ငွေမမျှရင်ဒို့အမတွေ
ဒို့ညီမတွေကိုယ်ကျင့်တရား၊ဒို့တွေကိုယ်ကျင့်တရားပျက်စီးကျလိမ့်မယ်။တိုင်းပြည်ရဲ့အနေအထားအရဒို့တိုင်းပြည်ဟာဒို့လူမျိုးဟာဒီလောက်ကြီးမဟားဒယားမွဲရမှာမဟုတ်ဘူး။ဘယ်ကောင်အသုံးမကျလို့မွဲရတာလဲဆိုတာလဲမျိုးချစ်တို့အသိ။ခက်တာကဒို့နိုင်ငံမှာလဲရွေးချယ်အားကိုးရမယ့်ခေါင်းဆောင်ကောင်းကတော်တော်ရှားတယ်။ဒီတော့နိုင်ငံရေးဟာစွန့်စားခန်းရောက်နေတယ်။ကျနော်ကတော့မျက်စိမှိတ်ပီးဒေါ်စုကိုပဲရွေးလိုက်ချင်တယ်။၅၉စ ဟာပြင်ရမှာမဟုတ်ဘူး။ဖျက်သိမ်းရမှာလို့မြင်တယ်။လွပ်လပ်စွာသဘောကွဲလွဲနိုင်တယ်။မဲဆွယ်တာမဟုတ်ဘူးနော်။ကိစ္စတစ်ခုကိုဘက်ပေါင်းစုံကနေရှုမြင်ပါ။အရင်းအမြစ်ကိုသေချာကြည့်ပါ။မျိုးချစ်တို့ရေ။ငါဟာမိရိုးဖလာမဟုတ်တဲ့ဗုဒ္ဓဘာသာစစ်စစ်ဖြစ်တယ်။ကိုယ်တိုင်လေ့လာအားထုတ်ဘူးတယ်။မျိုးချစ်တို့ရေ....အခြေခံဥပဒေဖြစ်ဖြစ်၊မျိုးစောင့်ဥပဒေဖြစ်ဖြစ်...ဥပဒေဆိုတာစာရွက်ပေါ်မှာရှိနေဖို့ထက်နှလုံးသားထဲမှာရှိနေဖို့ကပိုအရေးကြီးတယ်။ခေါင်းဆောင်ကောင်းရှားတဲ့ငါတို့နိုင်ငံအတွက်နောက်တချိန်မှာငါတို့ကိုယ်တိုင်ခေါင်းဆောင်ကောင်းတွေဖြစ်လာအောင်ကြိုးစားရမယ်။
ကိုပြည့်(ကျောက်ပန်းတောင်း)
shareforandroid@gmail.com

>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment