လူသားဖွံ့ဖြိုးရေး မူကြိုကျောင်းများ ရပ်တည်နှိုင်
>>>>>>>>>>>>>>>>>>>>>
ရန် နိုင် ငံ တော်မှပန့်ပိုးပေးစေလို
လူသားအရင်းအမြစ်အခြေခံဖေါင်ဒေး ရှင်း
ဖြစ်သော ခ လေး ပြုစုစောက်ရှောက်ရေး
မူကြိုကျောင်းလေးများသည် ယခုအခါ ဒေသ
အနှံ့မှာ ရှိလာကြပြီဖြစ်၍ ဝမ်းမြောက်ဖွယ် ရာ
အလွန်ပင်ကောင်းပါသည်
သို့သော်လည်းယင်းမူကြိုဆရာ ဆရာမ
များမှာ အစိုးရ၏အ ထောက်အပန့်တစ်စုံတစ်
ရာမရဘဲ ရပ်မိ ရပ်ဖ များနှင့်ခ လေးမိဘများ၏
ဝိုင်းဝန်းပန့်ပိုးမှု ဖြင်ပင့်ခက်ခက်ခဲခဲ ရပ်တည်
နေကြရပါသည် အထူးသဖြင့်ဆင်းရဲနွမ်းပါးကြ
သည့် ကျေးလက်ဒေသများတွင် ပို၍ပင် အခက် ရှိပါသည် ကျွန်တော်တို့ကျေးရွာမှ မူကြို ကျောင်း
က လေးဆိုရင် ၂၀၁၂/၂၀၁၃ ပညာသင်နှစ်မှ
စ၍ဖွင့်လှစ်ခဲ့ရာယခုနှစ်ဆိုလျှ င် ၂ နှစ်တာကာ
လကိုရောက် ရှိပြီဖြစ်သော်လည်း မူကြိုဆရာမ
လေးနှစ်ဦ်းကိုလစာပေးနှိုင်ရေးမှာလကုန်
ရက်ရောက်တိုင်း ရပ်မိ ရပ်ဖ ကျောင်းအကျိုး
ဆောင် များမှာခေါင်းခဲကြရပါသည် နောက်ဆုံး
မှာတော့ ရသ လောက်နှင့်ပင် မူကြိုဆရာမ
လေးများမှာနှစ်သိမ့်ကြရပါသည် ရသ လောက်
်ဆိုတဲ့ငွေကြေးပမာဏကလည်း တစ်ဦးကိုမှ
ကျပ် ၃၀၀၀၀ိ/ သုံးသောင်း ပင်ပြည့်အောင်
ပေးနှိုင်ခြင်းမရှိ ခဲ့ပါ ဆရာမ လေးများကလည်း
စေတနာဝါသနာရှိသည့်အ လျှောက် ရသ၍နှင့်
ပင် ရောင့်ရဲကာလုပ်နေကြရ သော်လည်း
အူမ တောင့်မှ သီလ စောင့်နှိုင် မည် ဆိုသလို
ရေရှည် ရပ်တည်နှိုင် ရေးမှာများစွာခက်ခဲမှု
ရှိနေပါသည်
ယခုတင်ပြခဲ့သည့်ကျွန်တော်တို့ ရွာမှ
မူကြို ကျောင်းကဲ့သို့ပင် တစ်ပြည်လုံးရှိ မူကြို
ကျောင်း များသည်လည်း ထိုသို့သောအခက်
အခဲများကိုရင် ဆိုင်နေကြရမည်မှာသေချာပါ
သည်
သို့ဖြစ်ပါ၍ နိုင် ငံ တော်မှအားထားရမည့်
အနာဂတ်မျိုးဆက်သစ် က လေးငယ်များ၏
အခြေခံဖေါင်ဒေးရှင်းဖြစ်သော မူကြိုကျောင်း
များ ရေရှည်တိုးတက်တည်တန့် နှိုင်ရေးကို
ပညာရေးဌာနနှင့် အစိုးရမှစဉ်းစားပေးသင့် ပါ
ကြောင်းအကြံပြုတင်ပြလိုက်ပါသည်
ငွေမောင်း
ဆိပ် မ ကျေးရွာ
No comments:
Post a Comment