For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Saturday, 1 February 2014

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ နှင့် ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ မှ ရင်နာလွန်းတဲ့ တပ်ဖွဲ့များ >>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ နှင့် ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့
…………………………………………………
မှူး ရုံး  ရေးဌာစိပ်
…………………………………………………


 မြန်မာနိုင်ငံတော်တွင်   ဒီမိုကရေစီစနစ်ကို ကျင့်သုံးလာသည်မှာ  အချိန်ကြာလာသော်လည်း ဒီမိုကရေစီ ကိုမခံစားရသောသူများ  ရှိနေပါသေးသည်
ဥပမာတင်ပြရသော်    မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ     ခေတ်တွေ  ဘယ်လောက်ပြောင်း
ပြောင်း   မပြောင်းလဲတာ  ဘယ်အစိုးရတက်တက် မပြင်ကြတာ  နည်းဥပဒေတွေ စည်းစနစ်တွေ ပါ   ။ရဲတပ်ဖွဲ့ဝင်တစ်ယောက်ဖြစ်ဖို့   အရည်အချင်း သတ်မှတ်ချက်တွေကို
လွန်ခဲ့တဲ့ ဆယ်စုနှစ်က  ပြောင်းလဲခဲ့ကြတယ် အနိမ့်ဆုံး   ဆယ်တန်းအောင်ပေါ့    အဲဒီတုန်းကလည်း   အားတက်သရော ဝင်ခဲ့ကြပါတယ်။ ဝင်ကတည်းက
( မူ )ထဲမှာတော့ အနည်းဆုံး (ငါးနှစ် )တာဝန်ထမ်းဆောင်ရမယ်လို့  ရှိပါတယ် ။ဘွဲ့ရဆိုရင် ဒုရဲအုပ်လောင်း  ဖြေလို့
ရတယ်ပေါ့   ဟုတ်ပါပြီတဲ့   ဖြေကြတယ် လျှောက်လွှာတင်ကြတယ်   အောင်စာရင်း ထွက်တော့
(အပြင်ဖြေ   )တွေ ပဲ  အောင်ကြတယ်  ပြီးရင်ရဲတပ်ရင်းက    တပ်ဖွဲ့ဝင်တွေပေါ့   နယ်ရဲ တွေကျတော့
ပြည်နယ် တိုင်းတစ်ခုမှ  အများဆုံး  ငါးယောက်ပေါ့    ။ဒါပေမယ့်    ထားလိုက်ပါတော့လေ  ရဲတပ်ဖွဲ့မှာ   လူလိုတာကို  ဆိုပြီး   ဖြေသိမ့်လိုက်ကြတယ်
 ဒီလိုနဲ့ နောက် တစ်နှစ်ခေါ်ပြန်ပြီ ဒုရဲအုပ်လောင်း  ဖြေတယ် အတွင်းလူ    မပါသလောက် အောင်စာရင်း   ထွက်လာတယ် ။ ဟုတ်ပြန်ပြီ  ဇွဲမလျှော့  ဖြေပြန်တယ်  နောက်တစ် နှစ် ဒါလည်းဒီအတိုင်းပဲ။  ဒီလိုနဲ့  (ငါးကြိမ်)မြောက်ပြီးသွားတော့တယ်  ။ အောင်စာရင်း ထွက်လာတော့   မပါကြပြန်ပါ   ။အသက်ကလည်း (၃၀) နားကပ်လာကြပြီ      မရှိမဲ့ ရှိမဲ့ တစ်နှစ်တာ  စုထားတဲ့ (လစာ)တွေ ကုန်ပါလေရော   … …


{{ပြီးရင်အဆင့်တိုးတွေ ပေး
ပြန်တော့လည်း  ရုံးမှာနေတဲ့လူတွေပဲ  ပါတယ်  နောက်ထပ်တိုးပေးပြန်တော့လည်း   အဲ
ဒီလူတွေဘဲ ပါတယ်  နယ်မှာတာဝန်ထမ်းဆောင်တဲ့လူတွေ ဘာမှမသိလိုက်ပြန်  ။ဘယ်သူတွေမှာတာဝန်ရှိလဲ မသိတော့ဘူးလေ  ။  ကျန်သေးတယ် သင်တန်းခေါ်တော့ ဘွဲ့ရဆိုပြီးထိပ်ဆုံးစာရင်းမှာပါ  တယ်။ရာထူးအဆင့် တိုးပေးဖို့ကျတော့  personal file မှာဘွဲ့ရလက်မှတ် မရှိဘူးတဲ့  ။ ထောက်ခံစာတွေ   ပေးပေါင်းလည်းများပြီ  ။ အရာရှိလောင်းလည်းဖြေပေါင်းများပြီ   ။ ။မရလို့ပြောတာမဟုတ်ဘူးနော်  ။ သဘာဝ  မကျတာကို တင်ပြတာပါ     ။ကို့အောက် ဂျူနီယာတွေ    ၊ လေးတန်းအောင်က ရှစ်တန်းအောင်လက်မှတ်အတုလုပ်ပြီးရဲထဲရောက်လာတဲ့ လူတွေ   က  အကြပ်တွေ ဖြစ်
နေကြပြန်တယ် ။ကျနုပ် တို့ တွေကိုဘာလို့မတိုးပေးတာလဲ ။ အဖြစ်အနာဆာ ကလည်းလုံးဝမရှိပြန်  ။ဘာကြောင့်လဲဆိုတာ ပြည်နယ်ရေးဌာနစိတ်မစိစစ် တာဘဲ လို့မြင်တော့တယ် ။ ဒုရဲအုပ်လောင်း တစ်ခါဖြေ တစ်ရစ် ဆိုရင် ငါးခါတောင်ရပြီးပြီပေါ့   ။ခုဟာက  ရထားတဲ့ဘွဲ့က  အလကား  တာဝန်ထမ်းဆောင်တာလည်း အလကား ဖြစ်ကုန်ပြီ   ။တွေးရင်ရင်နာတယ်  }}…(ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရုံး  ရေးဌာနစိတ်  အတွက်သာ) ………

နောက်ပြီး
တရားဝင် ထွက်ခွင့်ပေးတယ် ဆိုပြီးအမိန့်စာတွေတော့ ကြားတယ်  ။ဒါပေမယ့် ရဲတပ်ဖွဲ့က  သိတဲ့အတိုင်းပဲ  ဘာ တွေ   ၊ လဲ တွေ အများကြီး   အမေးခံရအုံးမယ် ။ အခန့်မသင့်  အချုပ်နဲ့နီးနီးလေး  ။တကယ့်ဒီမိုကရေစီ နိုင်ငံမှာ  လူအခွင့်ရေး  ဆုံးရှုံးတယ်ဆို
တာမရှိသလောက်ပဲ   ။တစ်ခြားနိုင်ငံတွေမှာလို  တပ်ဖွဲ့က   ထုတ်ပေးတာ အကုန်အပ်ပြီး
ကိုမလုပ်ချင်ရင်   ထွက်သွားလို့မရတာ  ရဲတွေပါ   ဒို့ရဲတွေ ပါ   ။ လစာကလည်း  များလိုက်တာ    အထွေထွေကျောင်းလုပ်သားသာသာပဲ  ။  မိသားစုကိုဘယ်လိုရပ်တည်ရကြမလဲ  ။  ပြည်သူတွေဆီမှာ  တံတွေးခွက် အဖြစ်ခံရတာလည်း ရဲ ဘဲ   ။အမိန့်ပေးရင်လုပ်ရမယ်မှန်ပါတယ်  အစိုးရနဲ့ပြည်သူကြားမှာ ဓားစာခံ မဖြစ်ရအောင်အမိန့်ပေး စေလိုပါတယ်  ။
တစ်နိုင်လုံး
ခြုံပြီးစဉ်းစားလိုက်ရင်တော့  မြန်မာနိုင်ငံ မှာ
ဒီမိုကရေစီနဲ့မဆိုင်တာ ရဲတပ်ဖွဲ့ဝင်တွေသာ ဖြစ်ပါသည်။
၁။  ယူနီယောင်းကိုယ့်ဝယ်   
၂။ ခရီးစရိတ် ကိုယ်ခံ
၃။ မထိလိုက်နဲ့ အရေးယူမြန်ခံရ
၎။ သေတော့လည်း ရဲ
၅။  ဆဲဆိုခံရတာလည်း ရဲ
၆။  လူနေမှုအဆင့်တန်းမမြင့်နိုင်တာလည်း ရဲ
၇။  အလွယ်တကူ ထွက်မရတာလည်း ရဲ
၈။ ဝန်းထမ်းထဲမှာ ဦးစားပေးနောက်ဆုံးလည်း  ရဲ
၉။ ပြည်သူကမွေးတဲ့  ရဲ
၁၀။  ဘဝ မွဲ တာလည်း ရဲိ
၁၁။သေတာတောင်မှ ကောင်းကောင်းမြေမြုတ်မခံ
       ရတာလည်း   ရဲ …(ဥပမာ…စစ်တွေ က ကိစ္စ)
                  

                           ရေးသားသူ
                           …………
                   ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ မှ         
                   ရင်နာလွန်းတဲ့ တပ်ဖွဲ့များ                                          
          ကိုယ်ပိုင်အမှတ်…၂၁၅…  မှစသော်

>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment