For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Friday 31 January 2014

တကယ်လို့... >>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝ နေထိုင်မှု
ပုံစံများတွင် အထက်ပါစကားစုဖြစ်
သည့် တကယ်လို့ ဆိုသည်အားအမှုမဲ့
အမှတ်မဲ့ ကျော်ဖြတ်ခဲ့ကြပြီးဖြစ်သည်။
ငယ်စဉ်က ဖခင်ဖြစ်သူကဆိုးသွမ်းနေ
သည့် ကျွန်တော့်အား   တကယ်
လို့ မင်းသာမိန်းခလေးဖြစ်ခဲ့ရင် ငါဒီ
လောက်စိတ်ညစ်ရမှာမဟုတ်ဘူးဟု
ပြောခဲ့ဖူးပါသည်။ထိုအချိန်က ဖေဖေ
ကလည်းဗျာယောင်္ကျားလေးပါဆို မိန်း
ခလေးဖြစ်မလားဗျ ဟုပြောခဲ့ပါသည်။
အေးပါ ငါကလည်း မဖြစ်နိင်မှန်းသိလို့
တကယ်လို့ လို့ထည့်ပြောရတာပါ ဟု
ဖေဖေကပြောပါသည်။ထိုအချိန်က အ
ဆိုပါ တကယ်လို့ သည်ကျွန်တော်၏
ရင်ကိုရိုက်ခတ်လောက်အောင်မခံစား
ရပဲ တကယ်လို့ ဆိုသည်မှာယုံတမ်းစ
ကားပြောရာ၌ အသုံးပြုရသည့် စကား
စုဟုသာ ထင်မှတ်ထားခဲ့ပါသည်။
       ၂၀၁၄ခုနစ် ဇန်နဝါရီလ(၂၃)ရက်
နေ့လယ်(၁း၀၀)နာရီ အချိန်ကနေပြည်
တော်ရှိလွှတ်တော် အဆောက်အအုံ
တွင်မီဒီယာများ၏မေးမြန်းမှုအား ပြည်
သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက
ပြန်လည်ဖြေကြားရာတွင်  အစ်မကြီး
ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သတ်ပြီ

တော့ တကယ်လို့  အစ်မကြီးသာ သမ္မ
တဖြစ်လာမယ်ဆိုရင်ဘာမှကန့်ကွက်စရာမရှိပါဘူး။ဝမ်းမြောက်ဝမ်းသာစွာ
လက်တွဲသွားမှာပါ  ဟုပြောကြားခဲ့
ကြောင်းသိရသည်။အဆိုပါ စကားများ
အားအပေါ်ယံသုံးသပ်ပါက ဦးရွှေမန်း
ကြီးသဘောထားကြီးမြတ်လေခြင်း၊
ရှာမှရှားတဲ့ စစ်အာဏာရှင်ဟောင်းကြီး
မြန်မာပြည်တော့ ဒုတိယဖိလစ်ပိုင်ဖြစ်
ပဟဲ့ဆိုပြီး ဝမ်းမြောက်ကြည်နူးဖြစ်ကြ
မည်မှာဧကန်မလွဲပင်ဖြစ်သည်။သို့ရာ
တွင် လွှတ်တော်ဥက္ကဌကြီး၏စကားရပ်
များကို တစ်လုံးတစ်ပါဒခြင်းပြန်လည်
နားထောင်ကြည့်ပါက မြန်မာပြည်သူ
များ၏မျော်လင့်ချက်များ ပြိုကြပျက်စီး
တော့မည်မှာကျိန်းသေပေါက်နီးနီးဖြစ်
သည်။ဦးနှောက်ကြီးဥာဏ်ကြီးကြီးဖြင့်
မြန်မာနိင်ငံအား နစ်ပေါင်းများစွာနလံ
မထူနိင်အောင် အုပ်ချုပ်နိင်ခဲ့သော စစ်
ခေါင်းဆောင်ဟောင်းတစ်ဦးအနေဖြင်
သာမန်အရပ်သားနားလည်သော တ
ကယ်လို့ ဟူသည့်ယုံတမ်းစကားအားရမ်း
သမ်း၍ပြောကြားခဲ့ခြင်းမဟုတ်သည်
မှာသေချာနေ၍ဖြစ်သည်။ထို့ကြောင့်
ပြည်သူအများမျော်လင့်တောင့်တနေ
ကြသည့် ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပ
ဒေပုဒ်မ ၅၉ စ တွင်ပါရှိသည့် နိင်ငံတော် သမ္မတ၏အရည်အချင်း
ကန့်သတ်ချက်များသည်ဒေါ်အောင်
ဆန်းစုကြည်သမ္မတ ဖြစ်ခွင့်အားဆက်
လက်၍တားဆီးနေဦးမည်ဖြစ်သကဲ့သို့
တကယ်လို့  နိင်ငံတကာနင့်ပြည်တွင်း
ဖိအားများကြောင့်ပြင်ဆင်ပေးမည်ဆိုလျင်ပင်အကြောင်းကြောင်းသောအ
ကြောင်းများကြောင့်ဒေါ်အောင်ဆန်းစု
ကြည်သမ္မတဖြစ်လိမ့်မည် မထင်
ကြောင်းတင်ပြလိုက်ရပါသည်။
   တကယ်လို့ ကျွန်တော်၏သုံးသပ်
ချက်မှားယွင်းခဲ့ရင်လည်း တောင်းပန်
ပါသည်။ဘာကြောင့်ဟုဆိုသော်.......
တကယ်လို့........။

ပြည်သူတစ်ဦး
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment