For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Thursday 30 January 2014

"ဒေါပုံမှာ အကြွေးမရလို့ ရိုက်တာ ဒီလိုတဲ့" >>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

ရန်ကုန်တိုင်းဒေသကြီး၊ဒေါပုံမြိ
ု့ နယ်၊ယမုံနာ(၁)ရပ်ကွက်တွင် လွန်ခဲ့သည့် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလက မခင်မျိုးကြွယ်ဆိုသူအကြွေးရှင်မှ မစန်းစန်းမြင့် ဆိုသူ ချေးဌားသုအား အချိန်နည်းနည်းရွေ့ပေးရန်တောင်းဆိုခြင်းကို အသနားခံခြင်းကို လက်မခံပဲ အသင့်ပါလာသော လက်နှိပ်ဓာတ်မီးဖြင့် ဆင့်ရိုက်သော်ကြောင့် မစန်းစန်းမြင့် ခေါင်းကွဲသွေးသံရဲရဲနှင့် ယမုံနာ(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသို့ချက်ချင်းတိုင်ကြားခဲ့သည့် အဖြစ် ဖြစ်ပွားခဲ့သည်။ မည်သို့အကြောင်းမျိုးနဲ့ပဲဖြစ်စေ လူတစ်ဖတ်သားကို သွေးထွက်သံယို ဖြစ်စေခြင်းသည် ဥပဒေနှင့်မလွတ်ကင်းပါ။ မစန်းစန်းမြင့်မှ အရိုက်ခံရသောကြောင့် ဝေဒနာပျင်းထန်စွာ ခံစားရပြီး အမှန်တရားအတိုင်း ဥပဒေအတိုင်း ဖြစ်စေချင်သော်ကြောင့် လျော်ကြေး(လာညှိသောငွေ) များကို လက်မခံပဲ တရားစွဲဆိုခဲ့သည်။ရိုက်တဲ့သူ မခင်မျိုးကြွယ်ကလည်း ပိန်ပိန်ပါးပါးဖြစ်တဲ့ မစန်းစန်းမြင့်ကိုရိုက်လိုက်လို့ နာသွားသည့်လက်ကို ဆရာဝန်ပြ ဘာဖြစ်ပါတယ် ညာဖြစ်ပါတယ် အကြောင်းပြပြီး တရားပြန်လည်စွဲဆိုထားပြန်သည်။အရိုက်ခံရသော မစန်းစန်းမြင့်မှာ ယမုံနာ(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ဇော် နှင့် ရာအိမ်မှူး ဆယ်အိမ်မှူးများ၏ ကူညီဖေးမမူနှင့်သာ တရားရင်ဆိုင်နေရပါသည်။ အရိုက်ခံရပြီးချင်း အမူကို ဒေါပုံ ရဲစခန်းသို့ ဆယ်အိမ်မှူးများကိုယ်တိုင် လိုက်ပြီး တိုင်တန်းခဲ့သော်လည်း သေလောက်သည့်ဒဏ်ရာ မဟုတ်....ဟန်ဆောင်နေတာ မဟုတ်လား....ဟူသည့် မေးခွန်းများအား တာဝန်ရှိ ရဲဝန်ထမ်းတစ်ဦးမှ သွေးသံရဲရဲ နှင့် အရိုက်ခံရသူ မစန်းစန်းမြင့်ကို မေးခွန်းထုတ်ခဲ့လေသည်။ရိုက်တဲ့သူ မခင်မျိုးကြွယ် ဆိုသူသည် ရပ်ကွက်အတွင်း တွင် ယခင်က လူတစ်ဦးကို အောက်ပိုင်းသေသည့်တိုင်အောင် ရိုက်ခဲ့ဖူးသည့် ပစ်ချက်ရှိသောလူတစ်ဦးလည်းဖြစ်သည်။ဒီဇင်ဘာလထဲက တိုင်ကြားသောအမူကို ဇန်န၀ါရိလ ၂၀၁၄ မှ တရားရုံးတင်ခဲ့သည်။အရိုက်ခံရသူ မခင်မျိုးကြွယ်မှာ ကံအဆိုးလွန်နေသော်ကြောင့်ဖြစ်မည် တရားရုံးသို့ရောက်ပြန်သော်လည်း ထို ရိုက်တဲ့သူ မခင်မျိုးကြွယ် က ရိုက်တဲ့အချိန်တွင် တကယ်မရှိသော ၄င်းအမအား...ရုံးသို့ခေါ်ပြီး သက်သေ၀င်လုပ်ခိုင်းပါလေရော။တရားသူကြီးမှလည်း သက်သေတွေအားအပြည့်အစုံမစစ်ဆေးရသေးဘဲ မစန်းစန်းမြင့်အား...ဖမ်းလို့တောင်ရနေပြီနော် လို့ ပြောဆိုခဲ့သည်ဟု သိရသည်။၂၉.၁.၂၀၁၄ ယမန်နေ့ မှာတော့ တရားရုံးမှ မစန်းစန်းမြင့် အရိုက်ခံရချိန်တွင် ရိုက်တဲ့အချိန် တကယ်မရှိသော မခင်မျိုးကြွယ်၏ အမဆိုသူကို နပန်းဝင်လုံးပါသည်ဟု မခင်မျိုးကြွယ်ဘက်မှ သက်သေ ဖြစ်သူပြောဆိုသော်ကြောင့် မစန်းစန်းမြင့်၏ ခင်ပွန်းဖြစ်သူမှ မဟုတ်ကြောင်း ၄င်း အဲ့နေရာတွင်မရှိကြောင်း ကျွန်တော်တို့ သက်သေတွေစစ်တဲ့နေ့ ကျသိရမှာပါ ဆိုပြီး အမှန်အတိုင်းပြောဆိုခဲ့လေသည်။မစန်းစန်းမြင့်သည်ဆင်းရဲနွမ်းခြာ သူတစ်ဦးဖြစ်သော်ကြောင့် ရှေ့နေလည်းမဌားနိုင် ဒါလို့ အခမဲ့စေတနာထားလိုက်ပေးသည့် ရှေ့နေ့တွေကိုအကူအညီတောင်းထားရလေသည်။မစန်းစန်းမြင့်သွေးသံရဲရဲနှင့် အုပ်ချုပ်ရေးမှူးရုံးသို့ ရောက်လာသဖြင့် မစန်းစန်းမြင့်ဘက်မှ သက်သေများသည် ဆယ်အိမ်မှူး ရာအိမ်မှူးများဖြစ်သည်။မစန်းစန်းမြင့်အား ဆယ်အိမ်မှူး (အမျိုးသမီးရေးရားအဖွဲ့ဝင်) ဒေါ်ကြူကြူစိန်(ဒေါ်စု) ၊ဒေါ်ခင်နွှဲ့ရီ ၊ဒေါ်သောင်းဟန် ဆိုသည့် ဆယ်အိမ်မှူးများမှ စေတနာထားမေတ္တာဖြင့်ကူညီပေးထားရသည်။ ၂၉.၁.၂၀၁၄ တရားရုံးက နှစ်ပတ်အကြာတွင် ရုံးချိန်း ထပ်ပေးလိုက်ပြန်လေသည်။
ဆယ်အိမ်မှူးများ

>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment