For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Monday 27 January 2014

ခေတ်မီအောင် Institutionalization အကြောင်း ပြောကြည့်မယ်….. >>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

"စစ်အာဏာရှင်စနစ်အကူးအပြောင်းကာလ နှင့် ကိုလိုနီခေတ်အကူးအပြောင်းကာလ" ကို ကျနော့်အနေနဲ့ နှိုင်းယှဉ်စဉ်းစားနေမိတယ်…။
အခုတလော ခေတ်စားနေတဲ့ Institution တွေ အားနည်းလို့ အကူးအပြောင်းကာလမှာ မျှော်လင့်သလောက် မအောင်မြင်ဘူးလို့ အပြုသဘောဆောင်တဲ့ မှတ်ချက်တွေ ပေးနေကြတာလဲ ကြားနေရတော့ ဆက်စပ်စဉ်းစားနေမိတယ်….။
(စကားချပ်။ ။ Institution တွေ အားနည်းအောင် ဘယ်သူတွေ လုပ်ခဲ့တာလဲ.....??? ဆိုတာပါ ဆက်စပ်စဉ်းစားမိပါတော့တယ်… :P)

ကိုလိုနီခေတ်ကနေ လွတ်လပ်ပြီးခေတ် အကူးအပြောင်းကာလမှာ -
(၁) တဖက်က ကိုလိုနီပညာရေးစနစ်ကို အားကျသော အမူအကျင့်များ စွဲနေသေးတဲ့၊ ဓနသဟာယနိုင်ငံများ၏ ကြွယ်ဝချမ်းသာမှုကို အားကျပြီး ထိုအတိုင်း ဆက်နေစေချင်သေးတဲ့၊ (အထူးသဖြင့်) ထိုအမူအကျင့်စွဲနေသေးတဲ့ ပညာတတ်လူတန်းစားတချို့ အနေနဲ့ ထူထောင်နေချင်မယ်လို့ မှန်းဆရတဲ့ အရင်းရှင်စနစ် နဲ့
(၂) အခြားတဖက်က အခြေခံလူတန်းစား (တောင်သူလယ်သမား နဲ့ အလုပ်သမား) အခြေပြုတဲ့ ကွန်မြူနစ်စနစ်တို့ ထိပ်တိုက်တိုးခဲ့စေပေမယ့်…….

ထိုအစွန်း(၂)ဖက်ကြားကို ချိန်ညှိပေးနိုင်ခဲ့တဲ့ ပါလီမန်ဒီမိုကရေစီစနစ် (နောက် ဆိုရှယ်လစ်ဒီမိုကရေစီဘက်ယိမ်းတဲ့စနစ်) က အတိုင်းအတာတခုထိ အောင်မြင်ခဲ့မယ်လို့ မှန်းဆတွေးတာနေမိပါတယ်….။

ကျနော် ဥာဏ်မီသလောက်တွေးတောတာဖြစ်တဲ့အတွက် သမိုင်းဆိုင်ရာတွေကိုတော့ မပြောရဲပါ…။

ယုံကြည်နေမိတာကတော့ -
အင်္ဂလိပ်ကိုလိုနီခေတ်မှာ Institution တချို့ကို အင်္ဂလိပ်တွေ တည်ဆောက်ပေးခဲ့တဲ့အတွက် bureaucratic Institution တွေရယ် နဲ့ Academic Institution တချို့ရယ်က ခိုင်မာနေခဲ့မယ်ဆိုတာ အားလုံးလည်း သိပြီးသား ကိစ္စဖြစ်မယ်ထင်ပါတယ်…။

အင်္ဂလိပ်ကိုလိုနီခေတ်မှာ ငွေကြေးဖောင်းပွမှုနှုန်းကို အတော်အသင့် ထိန်းထားနိုင်တာကြောင့်ကော၊ ဝန်ထမ်းများကို လုံလောက်သောလစာများ ပေးထားနိုင်ခဲ့တာကော၊ ဥပဒေကြောင်းအရ ခိုင်မာစွာ အပြစ်ပေးနိုင်ခဲ့တာကော Corruption (လာဘ်စားမှု) ကတော့ အတိုင်းအတာတစ်ခုအထိ လျှော့နည်းနေမယ်လို့ ခန့်မှန်းရပါတယ်….။
ဒါကြောင့် လွတ်လပ်ပြီးခေတ်ရဲ့ Institution တွေကို ပြန်လည်အသွင်ပြောင်းရတဲ့အခါမှာ -
ကိုလိုနီပညာရေးစနစ်ကို အားကျသောအမူအကျင့်၊ ကျွန်စော်နံနေသော အမူအကျင့်၊ အရင်းရှင်စနစ်ဘက် အစွန်းတဖက်နင်းနေသောအမူအကျင့်...... စတဲ့ အမူအကျင့်များကိုသာ ပြောင်းလဲနိုင်အောင် ကြိုးစားခဲ့ရမယ်လို့ ခန့်မှန်းရပြီး -
အတော်အတန့် ခိုင်မာနေတဲ့ Institutions တချို့ (bureaucratic Institutions လို့ပဲခေါ်ခေါ်) နဲ့ Academic Institution ကတော့ သိပ်ကြိုးပမ်းနေစရာ မလိုပဲ ပါလီမန်ဒီမိုကရေစီခေတ်ကို ထူထောင်ခဲ့နိုင်မယ်လို့ ခန့်မှန်းရမိပါတယ်….။

စစ်အာဏာရှင်စနစ်အကူးအပြောင်းကာလမှာတော့ -
“ဘယ် Institution ကို နမူနာ ပြရမလဲ” ဆိုတာကို ကျနော့်အနေနဲ့ မခန့်မှန်းနိုင်တော့ပါ…။

Academic Institution ကတော့ ကျနော်တို့ကိုယ်တိုင် ဖြတ်သန်းလာခဲ့ရတော့ ကျနော်တို့မျိုးဆက် (၁၉၈၉-၂၀၀၇ မျိုးဆက်)အနေနဲ့ အားလုံးအသိပဲ ဖြစ်ပါလိမ့်မယ်….။
ပညာရပ်ဆိုင်ရာမြတ်နိုးမှုကို လိုချင်ပါတယ်ဆိုတဲ့ ကျနော်တို့တတွေ “Academic Institution” (ပညာရပ်ဆိုင်ရာလွတ်လပ်ခွင့်ကို ဖော်ဆောင်နိုင်မယ့် လူမှုအဆောက်အအုံဖွဲ့စည်းမှု) ဘယ်လောက် အတိုင်းအတာအထိ..... ရခဲ့ကြလဲဆိုတာ ပြန်တောင် မပြောချင်တော့ပါဘူး…။

ကဲ….. ထားတော့……….. ထပ်ပြောရအောင် -
Bureaucratic Institution တွေအနေနဲ့ နှိုင်းယှဉ်ရအောင် -
အာဏာရှင်ခေတ်မှာ Bureaucratic Institution လို့တောင် မပြောနိုင်ခဲ့ပါဘူးဗျာ…………….။

စစ်အာဏာရှင်စနစ်တည်ဆောက်မှုမှာ (ကျနော်တို့ခေတ်မှာ) -
(၁) လာဘ်စားမှုတွေကို သေသေချာချာရင်ဆိုင်ရတော့တာပါပဲ ............။
(ဥပမာ- ကျောင်းဆရာမလေးတစ်ယောက်အနေနဲ့ ရာထူးတိုးဖို့အတွက် ကာမလာဘ်ထိုးခဲ့ရတာတွေ၊ ညွှန်ချုပ်ဖြစ်ဖို့အတွက် အဘခေါ်ခဲ့ရတာတွေ၊ သာမန်ရုံးလုပ်ငန်းတွေမှာတောင် သာမန်ပြည်သူတွေအနေနဲ့ ပိုက်ဆံတစ်ထောင်၊ နှစ်ထောင် ပေးခဲ့ရတာတွေကို ဆိုလိုပါတယ်…..)

(၂) ထို Junta Bureaucratic တွေကို အာဏာဖီဆန်ပြီး လမ်းမတွေပေါ်မှာ (ဒါမှမဟုတ်) တရားရင်ဆိုင်ပြီး တရားရုံးတွေပေါ်မှာ အဆုံးစီရင်ခံရရင်တောင်မှ ကိုလိုနီခေတ်ကလို တရားဝင်အာဇာနည်အဖြစ် အသိအမှတ်ပြုခံရမယ့် အသိအမှတ်ပြုမှုမျိုးကို ရနိုင်ခဲ့ရဲ့လားလို့…..
ဆိုတာကို ပြန်စဉ်းစားနေမိပါတယ်………..။

၁၉၈၈ ကနေ ၂၀၀၇ အထိ လူမသိသူမသိ သေးဆုံးခဲ့ရတဲ့ အညတညအာဇာနည်တွေ…….
ဘယ်လောက်ရှိမယ်ဆိုတာ….......
ဒီခေတ် (ဒီမိုကရေစီလို့ ပြောနေတဲ့ခေတ်) မှာ ဘယ်သူမှ အတိအကျ မပြောနိုင်သေးပါဘူး…..။
“အသားထဲက လောက်ထွက်တယ်”…….ဆိုတာ ဘယ်လိုမျိုးလဲ ????????????? ဆိုတာကို....
“တံငါနားနီး တံငါ……… မုဆိုးနားနီး မုဆိုး” ပါပဲဗျာ…………. လို့.......
ဒီနေ့ခေတ်ရဲ့ Institutionalization တွေကို ပြောလိုက်ချင်ပါတယ်……………။

ခိုင်မာတဲ့ Institution မဟုတ်ရင် တချိန်မှာ အသားထဲက လောက်ထွက်မှာပါပဲ…….။
အခုထိတော့ ..........
“Institution တွေဟာ တံငါနားနီး တံငါ……… မုဆိုးနားနီး မုဆိုး” တွေပါပဲ………….။

ကဲ……………….
ကျနော်တို့အနေနဲ့ “လူဆိုတာ ဓမ္မနဲ့ နေဖို့ အမြဲကြိုးစားတယ်” ဆိုတဲ့ အယူအဆကို လက်ခံနိုင်သေးရင်….(ဒါမှမဟုတ်) တချို့တွေကလည်း နေနိုင်ဖို့ ကြိုးစားနေပါတယ်ဗျာ…. လို့ ကျနော်တို့ကို ပြောလာခဲ့ရင်…………..
ကျနော့်အနေနဲ့ အကြံပေးချင်တာကတော့...................

(၁) ဒီမိုကရေစီ အမူအကျင့်ကို ပြောင်းလဲနိုင်သော Institutionalization
(၂) ဓမ္မတရားကို အကောင်အထည်ဖော် (Implementation) နိုင်သော Institutionalization
(၃) တကယ်ကူးပြောင်းနိုင်သော Institutionalization
(၄) Academic Freedom အရ အမျိုးစုံ (ဖင်တပြန်၊ ခေါင်းတပြန်) ဝေဖန်နိုင်သော Democratic Institutionalization ..........................

စသည်တို့ကို တည်ဆောက်ကြပါစို့လို့………………………
ဆုတောင်းရင်း…………………………….။.........။.........။

(Institutionalization အကြောင်း ပြောကြည့်တာပါ….. :P)

ရိုးယံနှိုင်း
(၂၆.၁.၂၀၁၄)

>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment