For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Monday 20 January 2014

ဧရာဝတီတိုင်း ဒေသကြီး မအူပင် ခရိုင် ပန်းတ နော်မြို့ နယ် အင်းမ ကျေးရွာမှ ထူးဆန်းအံ့ဖွယ် ရေဆန်ပြန်တက်သောကရဝိတ်ဖောင် >>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

ဧရာဝတီတိုင်း ဒေသကြီး မအူပင် ခရိုင်
ပန်းတ နော်မြို့ နယ် အင်းမ ကျေးရွာ
ဂန့်ဂေါ်ကျောင်းတိုက် ဆရာတော်
ရွှေကျင် နိကာယရတ္တညူ မဟာနာယက
ဆရာတော်ကြီး ဘဒ္ဒန္တသုမန ၏ရုပ်ကလာပ်
တော်မှ ကြွင်းကျန်ခဲ့သော ဓာတ်တော်ပြာ
များကို ကရဝိတ်ဖောင် တော်ဖြင့်
ညောင် တုန်းမြို့ နယ် စ က္ကော့ကျေးရွာ
မြစ်ဆိပ်ကမ်းမှ ရေ ကြောင်းအတိုင်း
5-1-2014 ရက်နေ့ ည နေ ၅:၃၀ နာရီတွင်
ဓာတ်တော်ပြာအိုးတင်ဆောင် ထားသော
ကရဝိတ်ဖောင်တော်ကို ရေ ကြောင်းအတိုင်
ဃံဃာတော်များ တပည့် ဒကာ ဒကာမများ
က ရေတွင် ဖောင်တော်ကိုမျောခဲ့ကြပါသည်
ပြာအိုးတင် ဆောင် ထားသောဖောင်
တော်သည် ၃ နာရီအကြာတွင် ဧရာဝတီ
တံတား ( ညောင် တုန်း ) နှင့် ဗိုလ်မြတ်
ထွန်းတံတား တို့၏ အောက်မှဖြတ်သန်းမည်ဟု
ဟုခန့်မှန်းထားသော်လည်း တညလုံးဖြတ်
သန်းခြင်းမရှိဘဲ 6-1-2014 ရက်နေ့ နနက်
၈ နာရီ ခွဲအချိန်တွင် မြစ်ရေ ကြောင်းအ
တိုင်း မျောဆင်းလာပြီးမှ ဧရာဝတီတံတား
(ညောင် တုန်း)တံတား အောက်ခြေနား
ရောက်ခါနီးတွင် တံတားအောက် ရေဆီးအ
တိုင်းမျော ဆင်းမသွားပဲ ရေဆန်သို့
အရိုးပြာတင်ဆောင် ထားသော ကရဝိတ်
ဖောင်တော်ကြီးမှာ ရေဆန် လေဆန်သို့
ဦးခေါင်းပြန်လှည့်ကာ ၄ ဖာလုံခန့် ရေဆန်
လေဆန်ပြန်ပြီး ဆန်တက်ကာ ညောင် တုန်း
မြို့နယ် ရွှေသောင်ယံကျေးရွာ မြစ်ဆိပ်ကမ်း
သို့ အလို အ လျောက်ဆိုက်ကပ်တော်မူခဲ့
သည်ကို တွေ့ရသူ အ ပေါင်းအံ့သြလျက်
ရှိကြပါသည်။
ထို့ကြာင့်ရပ်နီးရပ်ဝေးမှလာရော
က်
ဖူးမျော်ကြည်ညိုသူများပြားလျက် ရှိပြီး
လာရောက်ဖူးမျော်သူ များမှာ ဆိုင် ကယ်
ကားများ ထော်လာဂျီများ ဖြင့် လာရောက်
ကြပြီး တ နေ့လျင် ဖူးမျော်ကြည်ညိုသူ သုံး
ထောင် ကျော်ရှိကြောင်း သိရပြီး နေ့စဉ်
အချိန်ပြည့် သတ်သတ်လွတ် ထမင်း ဟင်း
များဖြင့် ကြွေးမွေးလှူဒါန်းလျက် ရှိပါသည်။
ဆရာ တော်ကြီး၏ အရိုးပြာ ဓာတ်
တော်များကို ရွှေသောင်ယံ ရွာဦးထိပ်တွင်
အေးစေတီတော် အဖြစ်တည်ထား ကိုး
ကွယ်မည် ဖြစ်ပါသည်။

ဆရာတော်၏ ထေရုပ္ပတ္တိအကျဉ်း
...........................................
၁။ ဘဒ္ဒန္တသုမန
၂။ သက်တော် (၈၉)နှစ် ဝါတော် (၆၉)ဝါ
၃။ သီတင်းသုံ ခဲ့သည့်ကျောင်း ဂန့်ဂေါ်
ကျောင်းတိုက် ပန်းတ နော်မြို့နယ်
အင်းမ ကျေးရွာ
၎။ ဖခမည်းတော် ဦးခင်
၅။ မယ်တော် ဒေါ်ဖဲ
၆။ မွေးဇာတိ ဧရာဝတီတိုင်း မြောင်း
မြခရိုင် ဘိုးရွှေမင်းရွာ

လမ်းညွှန်
ဗိုလ်မြတ်ထွန်း တံတားမှ ဆင်း၍ ကားလမ်း
အတိုင်း ၁၀ မိနစ်ခန့် မောင်းလျင်
ဧရာဝတီ ညောင် တုန်းတံတား အောက်
ရွှေ သောင်ယံကျေးရွာသို့ ရောက်ပါသည်။

ညောင် ချောင်းသာ အပမ်းဖြေ ကမ်းခြေ မှ့
ကားနှင့်သွားလျင် ၈ မိုင် ခန့်ဝေးပြီး
ဆိုင် ကယ်ဖြင့် သွားလျင် ဖြတ်လမ်း မှ ၃
မိုင် ခန့် ဝေးပါ သည်။

ကိုမျိုးဆက်
ညောင် တုန်း
 
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။ 

No comments:

Post a Comment