For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Tuesday 7 January 2014

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ် အမာမြို့နယ်ခွဲ ဆိပ်မ ကျေးရွာ ပြည်သူ့များ၏ဆန္ဓကိုမျက်ကွယ်ပြုနေသည့်ဖြစ် ရပ် >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

 ကျွန်တော်တို့ရွာသည်ဧရာဝတီတိုင်းဒေသ
ကြီး ဖျာပုံမြို့နယ် အမာမြို့နယ်ခွဲ ဆိပ်မ ကျေးရွာ
ဖြစ်ပါသည် ဖျာပုံသို့ဆက်သွယ်ထားသော    
ကျုံကဒွန်း အမာ ကားလမ်းမ ပေါ်တွင် တည် ရှိ  
ပြီးစည်ကား၍သာယာမှုရှိပါသည်  
       အဆိုပါကားလမ်းမှ ရွာတွင်းသို့ဝင် သည့်   
ှလမ်းများကိုရွာသူရွာသားများမှမိမိတို့အသိစိတ်
ဖြင့် ကိုယ့်အားကိုကိုးပြီးအပင် ပန်းခံကာမြေကြီး
များသယ်ဖို့၍ ပြုပြင် ထားခြင်းကြောင့်လမ်းများ မ ပြေပြစ်ညီညာ၍
ကောင်းမွန်နေသော်လည်း ကုန်တင် ကားများ  
လိုင်းကားကြီးများမှ ရွာတွင်းကိုမောင်းဝင်ကြပြီး
ကျဉ်းမြောင်းလှသည့်ရွာတွင်းလမ်းပေါ်တွင်                                                          ရပ်၍ဂိတ်ထိုးပြီးလူနှင့်ကုန်ပစ္စည်းများအတင်         
      အချ ပြုလုပ်နေကြသဖြင့် လမ်းပိတ်ဆို့ခြင်းများ  
ဖြစ်ပြီး ရွာတွင်းဝယ်မောင်းနှင် သွားလာနေကြ သည့်အခြားသောယာဉ်များ ဆိုင် ကယ်များဖြင့်   နံနက်ပိုင်းနှင့် ည နေခင်းများတွင်ကျောင်းသား
ကျောင်းသူမျာအတွက် ယာဉ်အန္တရာယ်စိုးရိမ့်
နေကြရပါသည်        
       ထို့အပြင် ရွာတွင်းကိုကားများအရှိန်ဖြင့်  
မောင်းဝင်နေခြင်းကြောင့်ကျွန်တော်တို့ရွာသား  
များစုပေါင်းပြုပြင် လုပ်ကိုင် ထားသောလမ်းတွေ
မှာလည်းကျင်းများ ချိုင့်များဖြစ်ပြီးယိုယွင်းပျက်စီး  
နေပါသည်  သို့ဖြစ်၍ကျေးရွာအုပ်ချုပ်ရေးမှူးထံ
ရွာသားများမှ တင်ပြခဲ့သော်လည်း အုပ်ချုပ်ရေး
မှူး၏ပြောဆိုမှုကိုကားသမား များသည်လိုက်နာ
မှုမရှိကြောင်းသိရှိရပါသည်
ီး       ထို့ကြောင့် ၁၃.၁၁.၃၀၁၃ ရက်နေ့တွင်
မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တိုင်းဒေသကြီးလွှတ်
တော်ကိုယ်စားလှယ်တို့ ဆိပ်မ ကျေးရွာကိုလာ
ရောက်စဉ်အဆိုပါကိစ္စများအား ရပ်မိရပ်ဖများ
နှင့်ကျေးရွာအ ထောက်အကူပြုအဖွဲ့များမှတင်
ပြကြပြီး ယာဉ်များရပ်နားသင့်သည့်နေရာကို  
လည်းအကြံပြုတင်ပြလျှက်လိုက်ပြခဲ့ပါသည်    
      တင်ပြမှုအရမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တိုက
ယခုကိစ္စတွင် ရွာသားများ၏ဆန္ဒကိုခံယူပြီး  
အများဆန္ဒအတိုင်းဆောင် ရွက်ပေးရန် ကျေး    
ရွာအုပ်ချုပ်ရေးမှူးအားညွှန်ကြားခဲ့ပါသည်    
      ညွှန်ကြားသည့်အတိုင်းပင် ၁၉.၁၁.၂၀၁၃
ရက်နေ့မှာ ကျေးရွာအုပ်ချုပ်ရေးမှူးမှ တစ်အိမ်
တစ် ယောက်ဖိတ်ကြားပြီး အများဆန္ဒကိုမဲပေး၍
ဆောင် ရွက် ရာတွင် မဲထည့်သူ ၁၆၇.ဦးအနက်
၁၃၀.ဦးတို့မှ ကားများရွာတွင်းကိုဝင်ရောက်ပြီး
ဂိတ်ထိုးရပ်နားခြင်းကိုသ ဘောမတူကြောင်း  
မဲထည့်ဆန္ဒပြုကြပါသည်  သို့ဖြစ်၍အများဆန္ဒ    အတိုင်းသက်ဆိုင် ရာအာဏာပိုင် များမှဆောင်
ရွက်ပေးလိမ့်မည်ဟု ယုံကြည်ထားသော်လည်း
ယနေ့အချိန်ထိတစ်စုံတစ် ရာဆောင် ရွက်ပေး
ခြင်းမရှိသလို ကားသမားများကလည်းမည်သူ့  
ကိုမှဂရုမစိုက်ဘဲကြယ်လောင် စွာဟွန်းတီးပြီး  
ရွာတွင်းကိုဝင် ထွက်နေကြပါသည်
      ပြည်သူများ၏ဆန္ဒကိုခံယူပြီးမှ ယခုလိုမျိုး  
မျက်ကွယ်ပြုနေခြင်းသည် ဒီမိုက ရေစီလမ်း  
ကြောင်းကိုသွားနေသည့်နိုင် ငံတော်အစိုးရအ
ပေါ်ကျေးလက်နေပြည်သူများ၏ယုံကြည်ကိုး  
စားမှုကိုထိခိုက်စေပါသည်  
     သို့ဖြစ်ပါ၍ ယခုဖြစ် ရပ်သည်ကျေးလက်  
ဒေသတစ်ခု၏သေးငယ်သောကိစ္စလေးဖြစ်    
သော်ငြားလည်း ဒီမိုက ရေစီစနစ်ကိုဖေါ်ဆောင်
နေချိန်မျိုးမှာမဖြစ်သင့်ပါ၍ သက်ဆိုင် ရာလူကြီး
မင်းမျာ်း ဖြစ် ရပ်မှန်ကိုသိရှိနှိုင် ပါရန်နှင့် ပြည်သူ
များ၏ဆန္ဒကိုဆောင် ရွက်ပေးနှိုင် ပါရန်လေးစား
စွာဖြင့်တင်ပြအပ်ပါသည်  

                          ရွာသူရွာသားများ  
                         ဆိပ်မ ကျေးရွာ   
 
 
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။    
 

No comments:

Post a Comment