For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Thursday 23 January 2014

အစိုးရ၏ ပညာရေးဆွေးနွေးပွဲအပေါ် NNER Working Group ၏ သတင်းထုတ်ပြန်ချက် > “အစိုးရနှင့် ပညာရေးဝန်ကြီးဌာနမှ ပညာရေးအခြေခံမူများ ကြေလည်အောင် မဆွေးနွေးလျှင် NNER အနေဖြင့် ပြတ်ပြတ်သားသား တုံ့ပြန်ဆောင်ရွက်သွားမည်။”


(၁၁.၁.၂၀၁၄)ရက်နေ့တွင် NNER သည် အမျိုးသားပညာရေးမူဝါဒ၊ ဥပဒေများနှင့်ပတ်သက်၍ ပညာရေးမြှင့်တင်မှုအကောင်အထည်ဖော်ရေးကော်မတီ၏ဥက္ကဌ၊ သမ္မတရုံးဝန်ကြီးဦးတင်နိုင်သိန်းနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ထိုတွေ့ဆုံဆွေးနွေးပွဲတွင် အားလုံးပါဝင်နိုင်သော အမျိုးသားပညာရေး ညီလာခံကြီးတစ်ခုကို နိုင်ငံတော်အဆင့်အနေဖြင့် ကျင်းပနိုင်ရန်နှင့် ပညာရေးမြှင့်တင်မှုအကောင်အထည်ဖော်ရေးကော်မတီ၏ မူဝါဒများ၊ ဥပဒေများကို NNER ၏ မူဝါဒများနှင့် ညှိနှိုင်းရန်တို့ကို သဘောတူခဲ့ကြပါသည်။ ထိုသဘောတူခဲ့သည့်အချက်များကို အခြေခံကာ NNER မူဝါဒညှိနှိုင်းရေးအဖွဲ့ဝင်များသည် (၁၉.၁.၂၀၁၄)ရက်နေ့တွင် ဆရာကြီးဦးသန်းဦးအပါအဝင် သမ္မတရုံး၏ ပညာရေး မြှင့်တင်မှုအကောင်အထည်ဖော်ရေးကော်မတီအဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော်အမျိုးသားပညာရေးဥပဒေမူကြမ်းရေးဆွဲရေးကော်မတီဥက္ကဌဒေါက်တာမြဦးတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ထိုဆွေးနွေးပွဲတွင် ထပ်မံသဘောတူခဲ့သည့်အချက်မှာ ရေးဆွဲပြီးသား မူဝါဒနှင့်ဥပဒေများ(သမ္မတရုံးက ဖော်ဆောင်နေသော ပညာရေးမူဝါဒနှင့်ဥပဒေများ၊ ပြည်သူ့လွှတ်တော်အမျိုးသားပညာရေးဥပဒေမူကြမ်းရေးဆွဲရေးကော်မတီ၏ မူဝါဒနှင့်ဥပဒေများ၊ NNER ၏ မူဝါဒနှင့်ဥပဒေများ)ကို Presentation များဖြင့် တက်ရောက်လာသူများကို ရှင်းလင်းပြပြီး မူဝါဒများ နှိုင်းယှဉ်ညှိနှိုင်းပေါင်းစပ်နိုင်ရန် ဖြစ်ပါသည်။
ထို့ကြောင့် (၂၁.၁.၂၀၁၄)ရက်နေ့၊ တက္ကသိုလ်စိန်ရတုခန်းမတွင် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်အစိုးရ၊ ပညာရေးမြှင့်တင်မှုအကောင်အထည်ဖော်ရေးကော်မတီ၏ အမျိုးသားပညာရေးဥပဒေ ၂၀၁၄(မူကြမ်း) ဆွေးနွေးပွဲကို ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေးနိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER) အဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးခဲ့ပါသည်။ သို့သော် သမ္မတရုံးက ဖော်ဆောင်နေသော ပညာရေးမူဝါဒနှင့်ဥပဒေများကိုသာ တက်ရောက်လာသည့် ပြည်သူလူထုကို ချပြဆွေးနွေးခြင်းပြုလုပ်ခဲ့ပြီး ပညာရေးအခြေခံမူဝါဒများကို လုံးဝဆွေးနွေးခွင့်မရရှိခဲ့ပါ...။
ထို့ပြင် တက္ကသိုလ်ဆရာ/ဆရာမအသင်းအပေါ် ဆွေးနွေးပွဲဖိတ်ကြားမှုနှင့် ပတ်သက်သည့် ပညာရေးဝန်ကြီးဌာနက ရေးသားဖော်ပြခဲ့သည့် အသုံးအနှုန်းများကို NNER မှ သဘောမတူပါ....။ ထို့ကြောင့် တာဝန်ရှိသူများအနေဖြင့် တက္ကသိုလ်ဆရာ/ဆရာမအသင်းအပေါ် ဂုဏ်သိက္ခာရှိသည့်၊ အပြုသဘောဆောင်သည့် ပြန်လည်စေ့စပ်ညှိနှိုင်းမှုမျိုးများ လုပ်ဆောင်ရန် NNER မှ တိုက်တွန်းခဲ့ပါသည်။
(၂၂.၁.၂၀၁၄)ရက်နေ့တွင်လည်း ပညာရေးအခြေခံမူဝါဒများကို လုံးဝဆွေးနွေးခွင့် မရရှိခဲ့ပါ။ ဆွေးနွေးပွဲအပြီးတွင် NNER အဖွဲ့ဝင်အချို့နှင့် ဆရာကြီးဦးသန်းဦး၊ ဒေါက်တာမျိုးသိမ်းကြီးတို့ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ထိုဆွေးနွေးပွဲတွင် ၎င်းတို့အနေဖြင့် ကဏ္ဍအလိုက်မူဝါဒများ ဆွေးနွေးပြီးသည့်အခါ ပညာရေးအခြေခံမူဝါဒများကို ပြန်လည်၍ အကြေအလည်ဆွေးနွေးပေးပါမည် ဟူသော သဘောတူညီချက်ကို ရရှိခဲ့ပါသည်။
ထို့နောက် (၂၂.၁.၂၀၁၄)ရက်နေ့၊ ညနေ(၅း၀၀)နာရီ၊ NNER - Working Group အစည်းအဝေး တွင် -
(၁) NNER သည် ပညာရေးအခြေခံမူများကို ဆက်လက်ဆွေးနွေးညှိနှိုင်းနိုင်ရန်နှင့် သည်းခံစိတ်ရှည်လျှက် ရှိကြောင်းကို ပြသနိုင်ရန် ပညာရေးဆွေးနွေးပွဲသို့ ဆက်လက် တက်ရောက်စောင့်ကြည့်လေ့လာကြမည်ဆိုသော သဘောထားကို NNER - Working Group များမှ သဘောတူခဲ့သည်။
(၂) တက္ကသိုလ်ဆရာများသမဂ္ဂသည် ပညာရေးဝန်ကြီးဌာနအနေဖြင့် ဂုဏ်သိက္ခာရှိပြီး အပြုသဘောဆောင်သည့် ပြန်လည်စေ့စပ်ညှိနှိုင်းမှုမျိုးများ မပြုလုပ်မချင်း ပညာရေးဆွေးနွေးပွဲကို မတက်ရောက်ဘဲ သပိတ်မှောက်သွားမည်ဖြစ်သည်။
(၃) ထို့အတူ ကျောင်းသားသမဂ္ဂများနှင့် NNER အဖွဲ့ဝင်အချို့သည်လည်း အစိုးရဘက်မှ ပညာရေးအခြေခံမူများ မဆွေးနွေးမချင်း ပညာရေးဆွေးနွေးပွဲကို မတက်ရောက်ဘဲ သပိတ်မှောက်သွားမည်ဖြစ်သည်။
(၄) NNER အဖွဲ့ဝင်အားလုံးအနေဖြင့်လည်း (၂၅/၂၆.၁.၂၀၀၄)ရက်နေ့အထိ (၂)ရက် ထပ်မံ၍ စောင့်ကြည့်သွားမည်ဖြစ်ပြီး အစိုးရနှင့် ပညာရေးဝန်ကြီးဌာနမှ ပညာရေးအခြေခံမူများကို ကြေလည်အောင် ဆွေးနွေးပေးခြင်းမရှိလျှင် ပြတ်ပြတ်သားသား တုံ့ပြန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အားလုံးသဘောတူ ဆုံးဖြတ်၍ ကြေညာလိုက်ရပါသည်။

ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေးနိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER)

No comments:

Post a Comment