For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Saturday 25 January 2014

ndf သတင်းထုတ်ပြန်ချက် ၃-၂၀၁၄ >>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

Network of Myanmar American Association ဥက္ကဌ         NDF ပါတီခေါင်းဆောင်များနှင့်တွေ့ဆု
         ရန်ကုန်မြို့သို့ ရောက်ရှိနေသော အမေရိကန်နိုင်ငံအခြေစိုက် Network of Myanmar American Association ဥက္ကဌ ဦးအောင်မင်းနိုင်သည် ၂၄-၁-၂၀၁၄ ရက်နေ့ နံနက် ၁၁း၀၀နာရီတွင် အနောက်မြင်းပြိုင်ကွင်း လမ်းရှိ အမျိုးသားဒီမိုကရေစီအင်အားစုပါတီဌာနချုပ်သို့ လာရောက်၍ ပါတီခေါင်းဆောင်များနှင့် တွေ့ဆုံကာ လက်ရှိအခြေအနေများကို ဆွေးနွေးခဲ့ပါသည်။
         ထိုဆွေးနွေးပွဲသို့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီဥက္ကဌ ဦးခင်မောင်ဆွေ၊ ပါတီဒုခေါင်းဆောင် ဦးတိုးပို၊ ဒုဥက္ကဌ ဦးစိန်လှဦး၊ အတွင်းရေးမှူး(၁) ဦးကြည်သန်း၊ အတွင်းရေးမှူး(၂) ဦနေမင်းကျော်၊ ရုံးအုပ်ချုပ်ရေး မှူး ဦးတိုးတိုး တို့ တက်ရောက်ခဲ့သည်။
         ဦးအောင်မင်းနိုင်က Network of Myanmar American Association အမေရိကန်နိုင်ငံတွင် ဖွဲ့စည်းရ ခြင်း၊ ထို့အဖွဲ့၏ လုပ်ဆောင်နေမှုများနှင့် မြန်မာနိုင်ငံအပြောင်းအလဲအပေါ် ရှုမြင်ပုံများ၊ ကူညီနိုင်မည့် အခန်းကဏ္ဍ များ၊ NDF ပါတီအပေါ် ထားရှိသည့်သဘောထားများကို ဆွေးနွေးခဲ့ပြီး NDF ပါတီခေါင်းဆောင်များက NDFပါတီ ခေါင်းဆောင်များက ပါတီပေါ်ပေါက်လာရခြင်း အကြောင်းရင်း၊ ၂၀၁၀ ရွေးကောက်ပွဲဖြတ်သန်းပုံနှင့် မဲ မသမာမှု များ၊ ပါတီ၏လွှတ်တော်တွင်းလွှတ်တော်ပ လုပ်ဆောင်နေမှုများ၊ ပါတီ၏လျှောက်လှမ်းမည့်လမ်းစဉ်များကို ပြန် လည်ရှင်းလင်းပြောကြားခဲ့ပြီး တွေ့ဆုံပွဲသည် နေ့လည် ၁၂း၃၀ နာရီတွင် ပြီးဆုံးခဲ့ကြောင်း သတင်းထုတ်ပြန် အပ် ပါသည်။
     
INNOVATIVE RESEARCH အဖွဲ့ NDFပါတီအကြောင်း သုတေသနပြုလုပ်
         ၂၄-၁-၂၀၁၄ ရက်နေ့ နေ့လည် ၁း၀၀နာရီတွင် ဒေါက်တာအောင်ရဲထွဋ်တင် ဦးဆောင်သော  The Innovative Research အဖွဲ့သည် အနောက်မြင်းပြိုင်ကွင်းလမ်းရှိ NDFပါတီဌာနချုပ်သို့ လာရောက်၍ ပါတီ၏ သမိုင်းကြောင်း၊ စည်းရုံးလှုပ်ရှားမှုအခြေအနေများ၊ လွှတ်တော်တွင်းလွှတ်တော်ပ ဆောင်ရွက်နေမှုများကို လာရောက်၍ သုတသနပြုမေးမြန်းခဲ့သည်။
         ထို့တွေ့ဆုံပွဲသို့ ပါတီအတွင်းရေးမှူး(၂) ဦးနေမင်းကျော်နှင့် ရုံးအုပ်ချုပ်ရေးမှူး ဦးတိုးတိုး တို့ တက်ရောက် ခဲ့ပြီး မေးမြန်းချက်များကို ပွင့်ပွင့်လင်းလင်း ဖြေကြားခဲ့သည်။ ပါတီ၏သမိုင်းကြောင်း၊ လှုပ်ရှားမှုများနှင့် လွှတ်တော်တွင်း၊ လွှတ်တော်ပလုပ်ဆောင်မှုများတွင် ရင်ဆိုင်နေရသော အခက်အခဲများ၊ ဒီမိုကရက်တစ်အင်အား စုများ စည်းလုံးညီညွတ်ရေးအတွက် ဆောင်ရွက်နေမှုများ၊ ပါတီ၏ အခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာအချက် ၆၆ ချက်၊ ၂၀၁၅ အတွက် ပါတီအနေဖြင့် ပြင်ဆင်ထားမှုများကို ဖြေကြားခဲ့ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

   

ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် (FDA) အတွင်းရေးမှူးအဖွဲ့ အစည်းအဝေးပြုလုပ်
         ၂၀-၁-၂၀၁၄ ရက်နေ့ နေ့လည် ၁၂း၀၀ နာရီတွင် ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် (FDA) အတွင်းရေးမှူးအဖွဲ့ ပထမအကျြိမ် အစည်းအဝေးကို အနောက်မြင်းပြိုင်ကွင်းလမ်းရှိ NDF ပါတီဌာနချုပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။
         ထိုအစည်းအဝေးသို့  FDA အတွင်းရေးမှူးအဇွဲ့ဝင်များဖြစ်ကြသော ဦးမျိုးညွန့်(ဒီမိုကရေစီနှင့်ငြိမ်း ချမ်းရေးပါတီ)၊ ဦးအောင်ကြီး(မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ)၊ ဦးကြည်သန်း  (အမျိုးသားဒီမို ကရေစီအင်အားစုပါတီ )၊ တို့ တက်ရောက်ခဲ့ကြသည်။  FDA ဖွဲ့စည်းပုံ၊ သဘာပတိအဖွဲ့ ဖွဲ့စည်းပုံနှင့် ရွေးချယ်ပုံ၊ အတွင်းရေးမှူးအဖွဲ့ ဖွဲ့စည်းပုံနှင့် လိုအပ်သော လုပ်ငန်းကော်မတီများ ဖွဲ့စည်းပုံများကို  ဆွေးနွေးခဲ့ကြသည်။  
         ထိုဆွေးနွေးချက်များကို လာမည့်  FDAအစည်းအဝေးတွင် အတည်ပြုချက်ရယူမည် ဖြစ်ကြောင်း သိရှိ ရပါသည်။

ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် (FDA)
သဘာပတိအဖွဲ့ဝင်များ
၁။      ဦးစောထွန်းအောင်မြင့်          ကရင်ပြည်သူ့ပါတီ
၂။      ဦးလှမြင့်                                 ညီညွတ်သောဒီမိုကရက်တစ်ပါတီ
၃။      ဒေါ်သန်းသန်းနု                          ဒီမိုကရက်တစ်ပါတီ(မြန်မာ)
၎။      ဦးစိုးမောင်                       ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီ
၅။      ဦးစိန်လှဦး                       အမျိုးသားးဒီမိုကရေစီအင်အားစုပါတီ

အတွင်းရေးမှူးအဖွဲ့
၁။      ဒေါ်ချယ်ရီဇာထူ                         ချင်းတိုးတက်ရေးပါတီ
၂။      ဦးမျိုးညွန့်                       ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီ
၃။      ဦးသောင်းလွင်                  မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ
၎။      ဦးအောင်ကြီး                    မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ
၅။      ဦးကြည်သန်း                    အမျိုးသားဒီမိုကရေစီအင်အားစုပါတီ




 >>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။ 

No comments:

Post a Comment