မပြောတော့ဘူးလို့ဆုံးဖြတ်ထားေ
ပမဲ့ရင်ထဲမှချိလို့ပါ။ဆီးဂိမ်း ကာလမှာလိုင်းတွေကnetwork signal တက်မလာတဲ့အထိကိုဆိုးခဲ့တာပါ။ဆီး ဂိမ်းကျင်းပရေးဌာနတွေအတွက်လိုင်းတွေတော်တော်များများဖဲ့ပေးခဲ့ ရတာလေ။ဒါတောင်ပြည်ပmediaတစ်ဦး ကအင်တာနက်လိုင်းဆိုးတဲ့အကြောင်း မှတ်ချက်ပေးခဲ့သေးတယ်။သတင်းတွေ ဖတ်ရပါတယ်။japanကမြန်မာ့ဆက်သွယ် ရေးကဏ္ဍအတွက်ကူညီတဲ့အကြောင်း၊ MPTရဲ့အကျိုးတူMEC TELကအကြီးအကဲကလဲZTEနဲ့ပေါင်းပီး 3Gကနေ4Gကူးပြောင်းမဲ့အကြောင်း၊ ဇန်န၀ါရီ၅ရက်နေ့ကဒုဝန်ကြီးကလဲတာ ၀ါတိုင်တွေတိုးချဲ့မယ့်အကြောင်း တကယ့်ကိုသတင်းကောင်းတွေပါ။ခုလော လောဆယ်တော့0kb/s speed metersနားမှာပဲဝဲနေတယ်လေ။လိုင်း ကောင်းတဲ့ညနက်ထိစောင့်သုံးရလို့ မျက်လုံးတွေလဲဟောက်ပက်ပက်ဖြစ်ေ နပီ။ဘာပဲဖြစ်ဖြစ်ဒီသတင်းတွေကအော်ရီဒူးတို့တယ်လီနောတို့ဝင်လာစဉ် ကဖုန်းပြောဆိုခတစ်မိနစ်၂၅ကျပ်၊ အင်တာနက်ချိတ်ဆက်ပီးသားsim cardတစ်ကဒ်၁၅၀၀ကျပ်ထက်မပိုသောနှု န်းထားနဲ့3Gကွန်ယက်ဖြန့်ကျက်မယ် ဆိုတဲ့သတင်းလောက်usersတွေရဲ့နား မှာမချိုမြိန်ဘူး။ပီတိမဖြစ်ဘူး။ ဟုတ်တယ်လေ,တစ်မိနစ်၂၅ကျပ်ဆိုတဲ့ ပြည်ပကန်ပဏီရဲ့စကားကမြန်မာပြည် သူပြည်သားတွေကိုထားတဲ့စေတနာကကျ က်သရေရှိလိုက်တာ။သူတို့လိုခုမှ စမယ်လူကတောင်ဒီနှုန်းထားနဲ့လုပ်ေ ပးနိုင်ပါတယ်ဆိုရင်MPTကကောဒီနှု န်းထားနဲ့လုပ်မပေးနိုက်ဘူးလား။ေ ခ်ါလိုက်ရင်ဆက်သွယ်မှုပြင်ပ၊call ended၊call has been lost၊ပြောလို့မှ၅မိန်စ်မပြည့်ေ သးဘူးဖုန်းကျ၊ညဘက်ဆိုရင် serviceကောင်မလေးသံတောင်အအေးမိ သလိုအစ်တစ်တစ်နဲ့၊အဲဒီအတွက်တစ် မိနစ်၅၀ကျပ်ပါ။ဘာပဲဖြစ်ဖြစ် usersများလာလို့လိုင်းကျပ်တယ်။ basic building,gateway,bandwidth,, cabelsတွေတာဝါတိုင်တွေ အတွက်အချိန်လိုတယ်ဆိုတာသိပါတယ်။ ဒါပေမဲ့အချိန်စောင့်စရာမလိုတဲ့ ၅၀ကျပ်မှ၂၅ကျပ်၊၂ကျပ်မှ၁ကျပ်၊ ၄ကျပ်မှ၂ကျပ်ကူးပြောင်းရေးကိုေ တာ့ကုမ္မဏီချင်းညှိုနှိုင်းပီးလု ပ်ကျရင်ဖြစ်နိုင်မယ့်ကိစ္စပါဗျာ။ ပြည်သူတွေကိုစေတနာရှိတယ်ဆိုရင်ေ ပါ့။ကျနော်တို့ကရွေးချယ်ခွင့် မရှိတဲ့coustomersတွေပါ။လက်ဖက် ရည်ဆိုင်တွေ၊စတိုးဆိုင်တွေလိုဒီ ဆိုင်serviceမကောင်းဟိုဆိုင်လု ပ်လို့မရပါဘူး။ရွာကသူငယ်ချင်းေ တွထိုင်းပြန်၊မလေးပြန်တွေပြော ပတာဟိုမှာsim cardတကဒ်ကိုဈေးပေါပေါနဲ့ဝယ်လို့ ရကြောင်းအင်တာနက်ထပ်ဖွင့်ခပေး စရာမလိုကြောင်း၊balanceကုန်သွား ရင်ဌာနကပြန်ချေးလို့ရကြောင်း၊ youtube direct flashကြည့်လို့ရကြောင်း၊ facebookအကောင့်လွယ်ကူစွာဖွင့် ရကြောင်းsystem update လုပ်၍ရကြောင်း,free service timeတွေရှိကြောင်း,ဟုတ်ပါတယ်။သူ တို့ဟိုနိုင်ငံမှာonlineပေါ် ကမဆင်းကြတာတွေ့ခဲ့ရတောဟုတ်မှာပဲ လို့တွေးမိပါရဲ့။ရွာမှာတုန်းကေ တာ့တောင်သူ။ထန်းသမားတွေပဲလေ။ဒီေ တာ့ကျနော်အပြုသဘောနဲဝေဖန်အကြံ ပုချင်တာကဒီတိုင်းကြီးဖြစ်မလာေ သးတာတွေမပြောပါနဲ့။ခုလောလောဆယ်ြ ဖစ်နိုင်မဲ့serviceကြေးလျှော့ချ ကောက်ခံဘို့ပါ။ပြည်သူပြည်သားတွေ ကMPTအပေါ်မှာသစ္စာရှိကြပါတယ်ဗျ။ အရှုံးပြနေတဲ့လျှပ်စစ်ဝန်ကြီးဌာ နတောင်ဆန္ဒပြကြသေးတာ။Coca Colaလို့ရေရှိရင်အချိုရည်ဖြစ်တဲ့ ကုမ္မဏီတောင်Top Tenစာရင်းမှာပါတစ်ချက်မပါတစ်ချ က်နဲ့။miscrosoftလို၊facebookလို၊googleဆက်သွယ်ရေးတွေကသာထိပ်မှာရှိနေပုံကိုထောက်ရင်MPTကြီးတော့ အရှုံးမပြလောက်ဘူးထင်ပါတယ်။အပြု သဘောနဲ့ဝေဖန်အကြံပေးတာပါ။MPTရဲ့ အခက်အခဲတွေကိုနားလည်ပါတယ်။ပြည် သူတွေကိုစေတနာထားပေးပါ။
ကိုပြည့်
nayzawaung.mtl@gmail.com
ကိုပြည့်
nayzawaung.mtl@gmail.com
>>>>>>>>>>>>>>>>>>>>>
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:
Post a Comment