For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Thursday 23 January 2014

ပအိုဝ့်ကိုယ်ပိုင်ကိုယ်ပိုင်အုပ်ချုပ်ခွင်ရဒေသ၊ ပင်လောင်းမြို့နယ်ပါင်းလောင်း ဒေသမှာအကျင့်ပျက်ဖြတ်စား လာတ်စား၊ အဂတိတလိုက်စား နိုင်ငံတော်ငွေကိုအလွှဲသုံးစားပြုလုပ်ထားသည်များကို အရေးယူပေးပါရန် >>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

       လေးစားအပ်ပါသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နိုင်ငံတော်  သမ္မတကြီး ဦးသိန်းစိန် -အဂတိလိုက်စား မှုတိုက်ဖျက်ရေး ဥက္ကဌ ဒုသမ္မတဒေါက်တာ စိုင်းမောက်ခမ်း -ပြည်သူ လွှတ်တော်ဥက္ကဌ သူရ ဦးရွှေမန်း-တည်ငြိမ် အေးချမ်း ရေး နှင့်တရားဥပဒေစိုးမိုးရေး ဥက္ကဌ ဒေါ်အောင် ဆန်းစုကြည်-လျှပ်စစ်ဝန်ကြီးဌာန ရှမ်းပြည်နယ်တောင်ပိုင်း ပြည်နယ် ၀န်ကြီး ဦးစိုင်းထွန်းရင်နှင့်ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်သောင်း ခင်များ။
     ကျွန်မဟာပအိုဝ့်ကိုယ်ပိုင်ကိုယ်ပိုင်အုပ်ချုပ်ခွင်ရဒေသ၊ပင်လောင်းမြို့နယ်ပါင်းလောင်းဒေသခံတစ်ဦးဖြစ်ပါတယ်။ကျွန်မတို ဒေသခံပြည်သူများသည်ရှေ့ဘိုးဘေးဘီဘင် လက်ထက်ကတည်းက အေးချမ်းရှာဖွေလုပ် ကိုင်လာကြတဲ့ ပြည် သူများ ဖြစ်ကြပါသည်။ လွန်ခဲ့သောခေတ်အဆက်ဆက်က အာဏာရှိ သူများ ရဲ့ညှဉ်းပန်းနှိမ်စက် ဖိနှိပ်အုပ်ချုပ်ခဲ့မှု့ကြောင့် အစစ အရာရာအကြောက်ကြီးပြီး အခုအချိန်အထိအသိဥာဏ်ပညာမှာနိမ့်ပါးခဲ့ရပါသည်။  တာတွေကို အခွင့် ကောင်းယူပြီး ကျွန်မတို့ ဒေသမှာအကျင့်ပျက်ဖြတ်စား လာတ်စား၊ အဂတိတလိုက်စား သူတို့ရဲ့ကျင်လည် ကျက်စားရာနေရာဖြစ်လာ ခဲ့ပါ တယ်။ အထက်ပေါင်းလောင်းဆည် အိမ်ယာမြေလျော်ကြေးတွေနှင့်ပတ်သက်ရင်လည်းကျေးရွာကော်မတီများကအထက် လူကြီးများ နှင် ပူးပေါင်းကာအိမ်မရှိတာကိုအရှိပြပြီးနိုင်ငံတော်ငွေကိုအလွှဲသုံးစားပြုလုပ်ထားသည်မှာ ကျွန်တော်သိ သလောက် ထိန်ပင်ကျေးရွာတွင်ကျပ်သိန်း (၄၀၀)ခန့်၊ဘန်ရင်းရွာတွင်ကျပ်သိန်း ၁၂၀ကျော်နှင့်ဖိုကုန်း၊ရွာမ၊အုတ်သျှစ်ကုန်း၊ ကျောင်းရွာ ကျေးရွာတို့တွင်လည်းအမြောက်အများတွေ့ရပါသည်။ နောက်ပြီးရွာအများစုမှာ လယ်ယာမြေဧက တွေပိုတင်ပြီး ငွေတောင်း ခံခြင်း နှင့်အခြားကိစ္စတွေလည်းရှိခဲ့ပါတယ်။ တာတွေကိုတာဝန်သိစွာဖြင့် ၂/၁/၂၀၁၄ရက်နေ့ကပြုလုပ်တဲ့ထိန်ပင် ကျေးရွာ အစည်း အဝေး တွင် လျှပ်စစ်ညွှန်ကြားရေးမှူးချုပ် ဦးသောင်းဟန် အား အထောက်အထားခိုင် လုံစွာဖြင့် ပြပြီးစုံစမ်း စစ်ဆေး မှု့ပြု လုပ်ပေး ဖို့်တင်ပြရာ တွင်ဖြေရှင်းမပေးပဲ တင်ပြသူ ဒေသခံများအား ပါးရိုက် မည်ဟု ခြိမ်းခြောက်ခဲ့ပါသည်။ သမ္မတကြီးဖော်ဆောင်နေတဲ့လူထုအခြေပြုအုပ်ချုပ်ရေး၊သန့်ရှင်းသော်အစိုးရဖြစ်ပေါ်လာရေးနှင့်လွှဲချော်ခဲ့ရပါတယ်။ အိမ်ယာမြေ တွေလည်း ငွေလျှော်ကြေးရ တဲ့သူက ရပြီး မရတဲ့ သူကမရကြပါဘူး။ အိမ်ယာကွက်တွေဆိုရင်လည်း ၁၀၀ x ၈၀ ပေ ဆိုပေမဲ့ မျက်နှာကြီး ရာ ဟင်းဖတ်ပါဆိုသလို လူကြီး နှင့်နီး စပ်တဲ့သူလောက်ဘဲ ပေပြည့် ရပါတယ်။ ပြီးတော့ ၁၀၀x၈၀ ပေ တစ်ရွာ လုံးရရှိ ကြောင်းလက်မှတ်ရေးထိုးခိုင်းတယ်။ သောက်ရေသုံးရေဆိုရင်လည်း မသန့် ရှင်းတာတစ်မျိုး၊ ပြည့်ဝစွာ မထည့် ပေးတာ တစ်မျိုးပါ။ လူမှုရေးအပိုင်းမှာလည်း အသိဥာဏ် ဖွံ့ဖြိုး မှုနောက်ကျတဲ့အတွက် တစ်ယောက်တစ်ပေါက် နှင့်စည်း လုံးညီ ညွှတ် မှုမရှိကြပါဘူး။ တာတွေဟာလည်း အထက် အုပ်ချုပ် သူလူတန်းစားနှင့်ကော်မတီ တွေရဲ့မမှန်မကန်မရိုးမဖြောင့်စွာ ဆောင်ရွက်ခဲ့ မှု့ကြောင့်ဖြစ်ပါတယ်။ဒါကြောင့်နိုင်ငံတော် သမ္မတကြီး နှင့်နိုင်ငံတော် အကြီး အကဲများက ကျွန်တော်တို့ ဒေသခံ ပြည်သူ များကို ပြည်သူ လူထု ရဲ့အမိအဖဖြစ် သည်နှင့် အညီ မေတ္တာ တရားလက် ကိုင် ထားပြီး အဂတိလိုက်စား မှု့များကို ဖော်ထုတ် အရေး ယူပေး ပေးပါရန် ဒေသခံ ပြည်သူများ၏ ကိုယ်စား အသနားခံ ပန် ကြား အပ်ပါ သည်။
 ဒေါ်ခင်မာရီ                                                                                                            ၁၃/ပလန(နိုင်)၀၂၆၁၈၆                                          ဖိုကုန်းကျေးရွာ၊ထိန်ပင်အုပ်စု၊ပင်လောင်းမြို့နယ်                                                                       ဖုန်း-၀၉၂၅၀၇၈၂၂၅၅,၀၉၄၉၂၀၁၉၉၀

>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။ 

No comments:

Post a Comment