For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Saturday 18 January 2014

ကျွန်တော်ဦးလှကျော်(တောင်သူ)မှ သိမ်းဆည်းထားတဲ့မြေယာ ရဲ့လျော်ကြေးနဲ့ သီးနှံနစ်နာကြေးများကို တရားမျှတစွာ ရရှိစေရေးအတွက် လမ်းညွှန်ကူညီမှုပေးပါရန် ယုံ ကြည်အားကိုးမှုနဲ့ ရိုသေလေးစားစွာအသနားခံတင်ပြအပ်ပါတယ် >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”


နိုင်ငံတော်သမ္မတကြီးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ
သနားငဲ့ညှာပေးကြပါ

နိုင်ငံတော်သမ္မတကြီးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများခင်ဗျာ...

   စီမံကိန်းမြေအဖြစ် သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေရဲ့မြေလျော်ကြေးနဲ့ စိုက်ပျိုးခဲ့တဲ့ သီးနှံရဲ့သီး နှံလျော်ကြေးများ ရရှိစေဖို့ လမ်းညွှန်ကူညီဆောင်ရွက်ပေးပါရန် ရိုသေလေးစားစွာ အသနားခံတင်ပြပါ တယ်။
   ကျွန်တော်ဦးလှကျော်၊နိုင်ငံသားစီစစ်ရေးအမှတ် ၈/မကန(နိုင်)၀၂၀၂၁၈(ဘ)ဦးကြည်မောင်သည် အရှေ့ဘက်လားသော် မကွေး-မြင်းကင်းကားလမ်း၊မြောက်ဘက်လားသော် မြစ်ရေတင် ရေမြောင်းလမ်း၊ တောင် ဘက်လားသော် ဘိုးရတနာရေသန့်စက်ရုံလမ်း နဲ့ အနောက်ဘက်လားသော် ရေသန့်စက်ရုံလမ်း မှ မြင်းကင်းကျေးရွာအဝင် ဆက်သွယ်ရာလမ်းတို့ကြားရှိ ကွင်းအမှတ်(၁၆၅၄)၊ဦးပိုင် အမှတ် ၁၂/၁(၁.၉၆ ဧက)၊၁၂/၂(၀.၉၆ဧက)နှင့် ၇(၀.၁၂ဧက)၊ယာမြေ(၃)ကွက်၊စုပေါင်းဧရိယာ(၃.၅၀ဧက)တွင် မိဘဘိုးဘွား များလက်ထက်ကတည်းက တွဲဖက်ပြီးထွန်ယက်စိုက်ပျိုးလာခဲ့ပါတယ်။၁၅-၁-၁၉၈၉ ခုနှစ်မှာ ကျွန်တော် လုပ်ကိုင်ခွင့်ရှိကြောင်း ဖခင်ဖြစ်သူဦးကြည်မောင်မှ လွှဲပြောင်းပေးခြင်းစာချုပ်နဲ့ စာချုပ်ပါသက်သေအဖြစ် တစ်ရွာတည်းနေ ဦးတင်မြင့်နဲ့ ဦးအေးထွန်းတို့လည်း သက်ရှိထင်ရှားရှိပါတယ်။ပြီးတော့ အစိုးရမှစည်း ကြပ်တဲ့ မြေခွန်ပြေစာ(မူရင်း)များကိုလည်း လက်ဝယ်ရှိသူဖြစ်ပါတယ်။
   ကျွန်တော်ဦးလှကျော်လုပ်ကိုင်လျှက်ရှိတဲ့ အဲဒီယာမြေ(၃.၅၀ဧက)ကို ၁၉၈၉ဝန်းကျင်မှာ တပ်မတော် ကသိမ်းယူခဲ့ပြီးနောက် ၂၀၁၃နှစ်ဦးပိုင်းမှာနိုင်ငံတော်သို့ ပြန်လည်ပေးအပ်ခဲ့တယ်လို့ သတင်းကြားရပါ တယ်။အဲဒါကြောင့် မြေစာရင်းဋ္ဌာနမှာ လယ်ယာမြေမှတ်ပုံတင်ပြုလုပ်ရန်အတွက် ပုံစံ(၁)မှာဖြည့်သွင်း လျှောက်ထားခဲ့ပေမယ့် ကြော်ငြာစာပုံစံ(၂)မှာ မတွေ့ခဲ့ရပါ။ဒါပေမယ့် မြို့နယ်မြေစုရင်းဋ္ဌာနရဲ့ ခွင့်ပြုချက် ပေးတဲ့အတွက် လုပ်ကိုင်ခွင့်ရရှိတာကြောင့် ကျေနပ်ဝမ်းသာခဲ့ရပါတယ်။
   ယာမြေအတွင်း သီးနှံများထွန်ယက်စိုက်ပျိုးပြီး အောင်မြင်ဖြစ်ထွန်းနေတဲ့အချိန် ၂၀၁၃ခုနှစ်၊နိုဝင်ဘာ (၃)ရက်နေ့မှာ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဋ္ဌာန(တိုင်းဒေသကြီးရုံး)က အောင်မေတ္တာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ ဆင့်ခေါ်ပြီး ယာမြေအတွင်း ရုံးအဆောက်အဦးဆောက်လုပ်တော့မည်ဖြစ်ကြောင်း အကြောင်းကြားသတိပေးမှသာ မိမိရဲ့ ယာမြေကို စီမံကိန်းမြေအဖြစ်ထပ်မံသိမ်းဆည်းခြင်းခံရကြောင်းသိ ရှိရပါတယ်။ဘိုးဘွားစဉ်ဆက်လုပ်ကိုင်စားသောက်လာတဲ့ ယာမြေအတွင်းမှာ မကွေးတိုင်းဒေသကြီး၊ အလုပ်သမားဆက်ဆံရေးရာဦးစီးဋ္ဌာနရုံးတည်ဆောက်ရန်အတွက် မကွေးခရိုင်မြေနေရာချထားပေးရေး ကော်မတီရဲ့ ၂-၆-၂၀၁၃ ရက်စွဲပါ၊စာအမှတ်-၄/၄၈/ဦး ၄(၂၅၇၂)ဖြင့် ခွင့်ပြုချက်ချထားပေးခဲ့ကြောင်း စုံစမ်းသိရှိရပါတယ်။အဲဒီနောက် ၂၀၁၄ခုနှစ်၊ဇန်နဝါရီ(၁)ရက်မှာ အဆောက်အဦးများဆောက်လုပ်တော့ မည်ဖြစ်ကြောင်း သတိပေးစာရောက်ရှိလာပြီး ခရိုင်မြေနေရာချထားရေးကော်မတီခွင့်ပြုထားတဲ့ ၂-၆-၂၀၁၃ ရက်နေ့မှ ၆ လကျော်ကြာပြီးကာမှသာ ၂၀၁၄ခုနှစ်၊ဇန်နဝါရီ ၂ ရက်နေ့မှစ၍ရုံးမြေနေ ရာပန္နက်ရိုက်ခြင်းများပြုလုပ်လာပါတယ်။နောက်ရက်များမှာ မြေတူးခြင်း၊သဲ အုတ် ကျောက်ကားများ ဝင် ရောက်ခြင်းများကြောင့် သီးနှံနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရပါတယ်။ထွန်ယက်လုပ်ကိုင်လျှက်ရှိတဲ့ ယာမြေ ကို သိမ်းဆည်းပြီးစီမံကိန်းအဆောက်အဦးများဆောက်လုပ်နေတဲ့အတွက် ကျွန်တော့်မှာ မိသားစုစား ဝတ်နေရေးအတွက် တောင်သူအဖြစ်လုပ်ကိုင်စားသောက်ရန် အခက်အခဲများစွာဖြစ်ပေါ်လျှက်ရှိပါတယ်။
   ကျွန်တော်ဦးလှကျော်ဟာ မိရိုးဖလာတောင်သူလုပ်ငန်းကလွဲပြီး အခြားအသက်မွေးဝမ်းကြောင်းလုပ် ငန်းများကို မလုပ်ကိုင်တတ်ပါ။စီးပွားရေးအလို့ငှာလည်း အရင်းအနှီးမရှိပါ။ကျွန်တော့်မှာ ပိုင်ဆိုင်မှုအဖြစ် ယာမြေကလေးသာလုပ်ကိုင်စားသောက်ရန်ရှိပါတယ်။နိုင်ငံတော်မှ ဖွံ့ဖြိုးရေးအစီစဉ်တစ်ရပ်အနေဖြင့် သိမ်းယူဆောင်ရွက်နေခြင်းအပေါ် တစ်စုံတစ်ရာကန့်ကွက်ခြင်းမပြုလိုပေမယ့် သိမ်းဆည်းထားတဲ့မြေယာ
ရဲ့လျော်ကြေးနဲ့ သီးနှံနစ်နာကြေးများကို တရားမျှတစွာ ရရှိစေရေးအတွက် လမ်းညွှန်ကူညီမှုပေးပါရန် ယုံ ကြည်အားကိုးမှုနဲ့ ရိုသေလေးစားစွာအသနားခံတင်ပြအပ်ပါတယ်။
ဦးလှကျော်(တောင်သူ)၈/မကန(နိုင်)၀၂၀၂၁၈
မယ်လှတောင်အုပ်စု။မြင်းကင်းကျေးရွာ။မကွေးမြို့နယ်။မကွေးတိုင်းဒေသကြီး။ဖုန်း-၀၉ ၂၅၆၃၁၂၇၁၅



 
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment