For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Sunday 12 January 2014

ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ် အိုင်သပြု အမဲလိုင်စင်ဆီနှင့်ပေါင်း၍ ဥပဒေချိုးဖောက်နေသော မြို့နယ်တာဝန်ရှိဝန်ထမ်းများ >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

အိုင်သပြု အမဲလိုင်စင်ဆီသည် စည်ပင်ဥပဒေအရ တစ်လလျင်
၂၈  ကောင် တစ်ရက်လျင် ပျမ်းမျ တစ်ကောင်နူန်းသာ သက်ခွင့်
ရှိသော်လည်း   တစ်နေ့လျင်  ၅ ကောင်မှ  ၁၅  ကောင်အထိ သတ်ဖြတ်နေခြင်းကို  ကျေးရွာသား ၆၀၀ နီးပါးမှ  လက်မှတ်ထိုး၍  ဧရာဝတီတိုင်း ဒေသဝန်ကြီးချုပ်ထံ တရားဝင် တိုင်ကြားခဲ့သည်။ဒု ရဲတိုင်းမှူး ဦးဆောင်သော   အဖွဲ့ဖြင့်လာရောက်စစ်ဆေးခဲ့သည်
မှာ
၃ လနီးပါး ကြာမြင့်သော်လည်း ယနေ့အချိန်ထိ အရေးယူဆောင်ရွက်ခြင်းမရှိသည်ကို တွေ့ရှိရပါသည်။
လိုင်စင်ရ ပုဂ္ဂိုလ်မှ ယခင်ကအတိုင်း လုပ်ဆောင်နေရာ အိုင်သပြုရွာသားများမှ မည်သို့ဆက်လုပ်ရမည်ကို  စဉ်းစားတိုင်ပင်ရာမှကျောင်းကုန်းမြို့နှင့်ဖျာပုံမြို့တို့မှ  ဇီဝိတဒါန ကျွဲ  နွား အသက်ကယ်အသင်း အကြောင်းကြားသည့်ရာမှ  ၄င်းတို့ကဲ့သို့  အဖွဲ့အစည်းဖွဲ့၍
္ဒဆောင်ရွက်လျင် အဆင်ပြေအောင်မြင်မည်ဟု ယူဆသောကြောင့်၁၂-၁-၂၀၁၄ ရက်နေ့တွင်  အိုင်သပြု အုပ်စု တွင်း ကျောင်းတိုက်
သံဃာတော်များ   နှင့် စိတ်ဝင်စားသည့်ပြည်သူများ  တွေ့ဆုံဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့ကြသည်။ ထိုသို့ ဖွဲ့စည်းရန် အကြိုညှိ နိုင်းသည့် 10-1-2014   ည 8 နာရီခန့်တွင်   စက်ကုန်းကျေးရွာ တာဝန်သိ
ပြည်သူတစ်ဦးမှ လာရောက်ပြီး  ၄င်းရပ်ကွက်အတွင်း၌  နွားသားရေများတင်ရန်  ကား  နံပါတ်  အ/၉၇၇၉   ခြောက်ဘီးတပ်ယဉ် တစ်စီး
ရောက်နေကြောင်းပြောသဖြင့် ရာအိမ်မှူးများနှင့်  စိတ်ဝင်စားသူများ၁၄ ယောက်ခန့် မှ သွားရောက်ကြည်ရာ နွားသားရေ အပြည့်တင်ထားသော ကားအား တွေ့ရှိကြည်။
   သို့အတွက်  အိုင်သပြုဒေသ အုပ်ချုပ်ရေးမှူးနှင့် အိုင်သပြုရဲတပ်ဖွဲ့မြို့နယ်စည်ပင်  တို့ထံသို့ ဖုန်းဖြင့်ဆက်သွယ်၍ အကြောင်းကြားခဲ့
ပါသည်။   
အကြောင်းကြားပြီး နာရီဝက်ခန့်အကြာတွင် အိုင်သပြု ရဲတပ်ဖွဲ့မှစခန်းမှူး နယ်ထိမ်းခေါင်းဆောင်နှင့် အိုင်သပြု နယ်ထိမ်းတို့နှင့်အတူအိုင်သပြုအုပ်စု အုပ်ချုပ်ရေးမှူးေို့ရောက်ရှိလာပြီး  ၄င်းတို့မှ သက်ဆိုင်ရာမြို့နယ် အဖွဲ့အစည်းများသို့ ဆက်သွယ်စုံစမ်းရာ
အရေးယူနိုင်သည့်ပစ်မှူ မဟုတ်ကြောင်းပြောကို  လေးမျက်နှာမြို့နယ် စည်ပင်အရာရှိမှ  ပြောကြားသဖြင့် နွားသားရေသယ်ဆောင်သော ကားအားလွတ်ပေးလိုက်ရပါသည်။
11-1-2014 ညနေ  6:30 ခန့်တွင်  မယင်းရပ်ကွက်တံတားထိပ်ရှိ
လူငယ်များမှ  နွား ၃ ကောင်မောင်းလာသည်ကို  မသင်ကာသဖြင့်
သယ်ယူခွင့် အထောက်အထားများမေးမြန်းရာတွင် ခမောက်စုအမဲ
သားသတ်လိုင်စင်  ဦးမာမွတ်ခမ်း ၏ သားသတ်လိုင်စင်ဆီမိတ္တူကို
ထုတ်ပြပြီး၎င်း၏ ခမောက်စု အမဲသားသတ်ရုံသို့ ပို့ဆောင်မည့်နွား
များဖြစ်ကြောင်း ပြောကြားပါသည်။ ဇီဝိတဒါန ဖွဲ့စည်းရန် ကြိုးစားနေသော သူများရောက်ရှိသွားချိန်တွင်  ၄င်းတို့မှ  ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့်  ပ/ရ အား ဖုန်းဖြင့်အကြောင်းကြားသော်လည်း   မိနစ်  ၄၀ ခန့် မှ ရောက်ရှိလာပြီးနယ်ထိန်းခေါင်းဆောင်မှ ဦး အေဝမ်း မှ
ကျွန်တော်တို့ဖမ်းစီးခြင်းမဟုတ်   ခင်ဗျားတို့ပြည်သူတွေ  ဖမ်းခြင်းသာဖြစ်သည် ။ တရားစွဲလျှင်လည်း တရားရုံး၌ ကျွန်တော်ဖမ်းခြင်းမဟုတ်   ကျွန်တော် မသိဟု ထွက်ဆိုမည့်အကြောင်း   ယခုဒီကို
လာရောက်ခြင်းသည် ဆူပူမှုမဖြစ်စေရန်  လာရောက်ထိမ်းသိမ်းခြင်းသာဖြစ်သည်ဟုအများပြည်သူရှေ့တွင် ပြောကြားခဲ့ပါသည်။
အိုင်သပြုအုပ်စုနေပြည်သူများမှ    ၃ နှစ်သားအရွယ် နွားမတစ်
ကောင်   ၈ နှစ်သား အရွယ် နွားမတစ်ကောင်  ၅ နှစ်သားအရွယ်နွားထီးတစ်ကောင် တို့အားသားသတ်လိုင်စင်ဥပဒေနှင့် မညီညွှတ်
သဖြင့် အရေးယူပေးပါရန် ရပ်ကျေးအုပ်ချုပ်ရေးမှူးအား ဝိုင်းဝန်း
တောင်းဆိုသဖြင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးမှ  မြို့နယ်စည်ပင်သို့
အကြောင်းကြား သော်လည်း  မြို့နယ်စည်ပင်သာယာရေးဦးစီးအရာရှိမှ  သားသတ်
လိုင်စင် ဖြစ်သောကြောင့်  မြို့နယ်တွင်း လွတ်လပ်စွာ သယ်ယူခွင့်
ရှိကြောင်းနှင့်  လက်ရှိဖြစ်ပွားသောနေရာသို့ လာရောက်ရန်
အိုင်သပြု အုပ်ချုပ်ရေးမှူးမှခေါ်သော်လည်း   ပင်ပန်းလို့မလာနိုင်
ကြောင်း မနက်စာနှင့်ညစာကို ပေါင်းစားနေရကြောင်း ပြောပါသည်။
       ၁၀ ရက်နေ့ ည ကဖြစ်ပွားသော ကိစ္စနှင့်ပတ်သတ်၍
အိုင်သပြုအုပ်ချုပ်ရေးမှူးဦးခင်ဇော်နှင့်အိုင်သပြုစခန်းမှူးဦးနေထထွန်း   ဒုရဲအုပ်  ဦးအေဝမ်းနေအောင်နယ်ထိမ်းတပ်သားစိုးအောင် တို့မှ
ထိုကိစ္စအား မြို့နယ်စည်ပင်နှင့်သာသက်ဆိုင်ကြောင်း စည်ပင်ဦးစီးမှူး လာရောက်မှသာ ဆောင်ရွက်ပေးနိုင်မည်ဟုပြောဆိုသည့်အ
တွက်  အိုင်သပြု  ပြည်သူများမှ  စည်ပင်ဦးစီးမှူးအလာကိုစောင့်နေသည့်မှာ   ၁ နာရီ ခွဲခန့် ကြာမြင့်
သည့်အတွက် အိုင်သပြု ပြည်သူများသည် လေးမျက်နှာမြို့နယ်စည်ပင်ဦးစီးမှူး
ရုံးသို့ ည ၁၀း၃၀ ခန့် သွားရောက်ခဲ့ပါသည်။
   ကျွန်တော်တို့ရောက်သောအခါ တာဝန်ချိန်မဟုတ်၍ ဆောင်ရွက်မပေးနိုင်ကြောင်း  ပုဂ္ဂိုလ်ရေးအရ တွေ့ဆုံခြင်းသာဖြစ်ကြောင်း ပြောကြားပါသည်။
11-1-2014  ညတွင်လည်း သားသတ်ရုံသို့ ပို့သည့်နွား ၃ ကောင်အား စည်ပင်ဥ ပဒေနှင့် မညီညွတ်၍ တားစီးပါသော်လည်း သက်ဆိုင်ရာအဖွဲ့အစည်းများမှ အရေးယူဆောင်ရွက်လိုခြင်းမရှိသဖြင့် ရပ်ရွာနှင့်လူမျိုးရေးစိတ်ဝင်စားသူ
များမှ  ထို နွားသားသတ်ကိစ္စများကို  ပြည်သူများရှင်းလင်းသိရှိစေ
ရန် မူဝါဒ  ဥပဒေတစ်ခု ကို ပွင့်လင်းမြင်သာစေရန် အိုင်သပြုကျေးရွာ
ပြည်သူ ပြည်သားများနှင့် ဆွေးနွေးပွဲ တစ်ခုပြုလုပ်ပေးပါရန်
ခရိုင် -မြို့နယ်  များမှ သက်ဆိုင်ရာ တာဝန်ရှိသူများ ကို အကြောင်းကြားအပ်ပါသည်။
      တင်ပြရေးသားသူ  
       ဦးဂုဏ်ရည်စိုး    နှင့်  အိုင်သပြု ဇီဝိတဒါန  လူငယ်များ

 >>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment