For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Friday 17 January 2014

"အရိုက်လည်း ခံရ ၊ တရားလည်း ပြန် အစွဲ ခံရ 'ငွေများ တရား နိုင် ''ခေတ် မရှိတော့ဘူးဟု ယုံကြည်မိ၍ အကူအညီအမြန်ဆုံးပေးပါရန် ရိုသေလေးစားစွာတိုင်ကြားအပ်ပါသည်။ >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

"အရိုက်လည်း ခံရ ၊ တရားလည်း ပြန် အစွဲ ခံရ ဒေါ်စန်းစန်းမြင့်၏ဘ၀" ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်၊ ယမုံနာ (၁) ရပ်ကွက် အတွင်းမှာ နေထိုင်သည့် အသိအမှတ်ပြုလက်မှတ်မရှိ ငွေတိုးချေးစားသူ မခင်မျိုးကြွယ် ဆိုသူမှ ငွေချေးဌားထားသူ မစန်းစန်းမြင့်ဆီသို့ သွားပြီး အတိုး(၃) သိန်း ရှိသည်ကို (၅) သိန်းတိုးတောင်းကာ ခဏလောက်ဆိုင်းငံ့ပေးစေချင်သည်နှ
င့် ခင်ပွန်းဖြစ်သူနေမကောင်းလို့ ကိုယ်ချင်းစာပြီး အချိန်ခဏလေးစောင့်ဖို့ တကယ်ပြန်ဆပ်ပါမည်ဟု ငွေချေးဌားသူ မစန်းစန်းမြင့်မှ ငွေတိုးချေးပေးသူ မခင်မျိုးကြွယ် ကို ပြန်လည် ပြော့ပတောင်းဆိုခဲ့ပါသည်။ ထိုသို့ အသနားခံ တောင်းပန်နေသည့် မစန်းစန်းမြင့်အား ချက်ချင်းမဆပ်နိုင်သည့်အတွက် မခင်မျိုးကြွယ်မှ အတူပါလာတော့ မောင်တော်သည့် အမျိုးသားတစ်ဦးနှင့် ထိုအမျိုးသားမှ မစန်းစန်းမြင့်ရဲ့ ခေါင်းကို ကိုင်ချုပ်ပေး မခင်မျိုးကြွယ်မှ အသင့်ပါလာတဲ့ သံလက်နှိပ်ဓာတ်မီးနဲ့ ၆ ချက် ၇ ချက်လောက် ဆင့်ရိုက်လိုက်လေသည် ။မစန်းစန်းမြင့်ခမျာ လူကပိန်ပိန် ရောဂါကလည်းရှိ အသက်လည်းကြီးနေသူမို့ ခန္ဒာကိုယ်က၀၀ အားပါ မာန်ပါနှင့်ရိုက်ထည့်လိုက်တော့ မခင်မျိုးကြွယ်ရဲ့ ရိုက်ချက်ကြောင့် ခေါင်းတစ်ပြင်လုံး သွေးများစီးပြီး တစ်ခေါင်းလုံးပူထူမူထုံကျင်မူအပြည့် နာကျင်ကိုက်ခဲလာရင်း နာသည့်ဒဏ်ကိုမခံစားနိုင်သည့်အဆုံး ၄င်းတို့နှစ်ယောက်ရိုက်နေသည့်ထံမှ အတင်းရုန်း ထွက်ပြေးပြီး ချက်ချင်းဆိုသလိုပင် ၄င်းနေထိုင်ရာ ဒေါပုံမြို့နယ် ၊ ယမုံနာ (၁) ရပ်ကွက် အုပ်ချုပ်ရေးရုံးသို့သွားရောက်အကူအညီတောင်းခံခဲ့သည်။ သွေးသံရဲရဲနှင့်ငိုယိုအကူအညီလာတောင်းသော မစန်းစန်းမြင့်အား ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ ဆယ်အိမ်မှူး ရာအိမ်မှူး များက မစန်းစန်းမြင့်ဘက်မှ ကိုယ်ချင်းစာနာစိတ်ဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးအောင်နိုင်ဇော်၏ တာဝန်ပေးချက်အရ ဆယ်အိမ်မှူးများမှ မစန်းစန်းမြင့်အားခေါ်ဆောင်ပြီး ဒေါပုံမြို့နယ် အမှတ်(၁) ရဲစခန်းသို့သွားရောက်တိုင်ကြားပေးခဲ့သည်။သို့ရာတွင် ယမုံနာ(၁)ရပ်ကွက် ဆယ်အိမ်မှူးများ ရာအိမ်မှူးများသည် နိုင်ငံတော်မှလခ(လုပ်အားငွေ) ပေးအပ်ခြင်းမခံရသော်လည်း မိမိ၏ရပ်ကွက်အပေဓကောင်းစေချင်သည့်စိတ်နှင့်တ၀န်ယူလုပ်ဆောင်ခြင်းဖြစ်သောကြောင့် ဒုက္ခရောက်နေသော မစန်းစန်းမြင့်အတွက် ရဲစခန်းသို့အကူအညီတောင်း တိုင်ကြားခဲ့သော်လည်း ရောက်ရောက်ခြင်းပဲ ဒေါပုံရဲစခန်းမှ တာဝန်ရှိသူများမှ ဒဏ်ရာရသူကို သေလောက်တဲ့ဒဏ်ရာမဟုတ်ကြောင်း ဟန်ဆောင်နေခြင်း ဖြစ်ကြောင်း သွေးသံရဲရဲနှင့်မစန်းစန်းမြင့်အား ပြောဆိုခဲ့လေသည်။သွေးတွေစီးကျနေတာကပဲ မှားသလိုလို။အကူအညီတောင်းလို့မရသော်ကြောင့် ဆယ်အိမ်မှူးများကသာ မစန်းစန်းမြင့်အား ရဲစခန်းမှ အမြန်ဆုံး ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့သည်။ဦးခေါင်းတွင် အက်ရာများနှင့် ကွဲအက်သွားသည့်အတွက် သုံးချက်ချုပ်ခဲ့ရပြီး နာကျင်မူဝေဒနာခံစားခဲ့ရသည်။ မစန်းစန်းမြင့်မှ အနေဆင်းရဲသော်လည်း အမှန်အတိုင်းဖြစ်စေလိုသော်ကြောင့် အမူဖွင့်ထားပါသည်။ရိုက်ခဲ့သော မခင်မျိုးကြွယ်ဆိုသူမှလည်း မစန်းစန်းမြင့်အားရိုက်ခဲ့ရလို့ နာကျင်သွားသည့် လက်ကိုအကြောင်းပြ ခေါင်းကိုအကြောင်းပြီး ပြန်လည်တရားစွဲဆို ထားလေသည်။ထိုသို့ပြန်လည်တရားစွဲဆိုခြင်းမှာလည်း မခင်မျိုးကြွယ်နေထိုင်သော ဒေါပုံမြို့နယ် ၊ ယမုံနာ (၁) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး သို့ လာရောက်အသိပေး တိုင်ကြားခြင်းမရှိဘဲ ဒေါပုံရဲစခန်းမှ ပြန်လည်တရားစွဲဆိုခဲ့သည်။၎င်းအမှူမှာ အပြစ်မဲ့ပြည်သူတစ်ဦး ဖြစ်သည့် မစန်းစန်းမြင့်အား အချူပ်၊ထောင်သို့ မပါရလေအောင် ဆယ်အိမ်မှူးတစ်ဦးလည်းဖြစ် အမျိုးသမီးရေးရာအဖွဲ့ ဝင်တစ်ဦးလည်းဖြစ်သူ ဒေါ်ကြူကြူစိန် က ရဲစခန်းအာမခံ၊တရားရုံးအာမခံတို့ ကို မစန်းစန်းမြင့်ဘက်မှ စေတနာဖြင့် ကူညီပေးထားရပါသည်။
၇.၁.၂၀၁၄ ရက်တွင် အမူ စတင်စစ်ဆေးမည်ဖြစ်ပါသည်။
နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်၏ လမ်းညွှန်ချက်နှင့်အညီ ရပ်ကွက်အေးချမ်းသာယာရေး ၊တရားဥပဒေစိုးမိုးရေး၊ အချုပ်အခြာအာဏာတည်တံခိုင်မြဲရေး ဟူသည့်ပြဌန်းချက်နှင့်အညီ ရပ်ကွက်နေပြည်သူတွေကို ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ မှ နေ့ ညမပျက် ကာကွယ်စောင့်ရှောက်နေကြပါသည်။
ဒေါပုံမြို့ နယ် ၊ယမုံနာ ၁ ရပ်ကွက် ၊ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ ကို မျက်စိထဲမထားဘဲပိုက်ဆံချမ်းသာမူတစ်ခုတည်းဖြင့်ခေတ်ဟောင်းအတိုင်း ပြုမူနေကြပါသည်။
သို့ ဖြစ်ပါ၍ ကျွန်မ ဆယ်အိမ်မှူး ဒေါ်ကြူကြူစိန် နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ ကို အမြန်ဆုံးကူညီပေးပါ ရန်နှင့် ''ငွေများ တရား နိုင် ''ခေတ် မရှိတော့ဘူးဟု ယုံကြည်မိ၍ အကူအညီအမြန်ဆုံးပေးပါရန် ရိုသေလေးစားစွာတိုင်ကြားအပ်ပါသည်။ တိုင်ကြားသူ/

ဒေါ်ကြူကြူစိန် (ခ) ဒေါ်စု
ဆယ်အိမ်မှူး (အမျိုးသမီရေးရာအဖွဲ့ ဝင်)
ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့ နယ် ၊
ယမုံနာ (၁) ရပ်ကွက် ။ 
 
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။        

No comments:

Post a Comment