For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Tuesday 28 January 2014

မကွေး၊မင်းဘူးခရိုင် ဥပဒေအထက်တွင်ရှိနေသူများအား အရေးယူပေးပါရန်တိုင်ကြားခြင်း >>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

သို့
        အယ်ဒီတာခင်ဗျား                                                                                                                                          ၁၆-၁-၂၀၁၄
ဥပဒေအထက်တွင်ရှိနေသူများအားအရေး
ယူပေးပါရန်တိုင်ကြားခြင်း
၁။မကွေး၊မင်းဘူးခရိုင်ထဲမှာအဆိုးဆုံးတရားရုံးဖြစ်နေပါသည်၊ရဲအက်ဥပဒေဖြင့်ဖမ်းဆီးခံရသူများတွင်ငွေပေးလိုက်နိုင်သူမှာ
ဒဏ် ငွေ၅၀ိပါ၊ မပေးနိုင်သူများကတော့ထောင်(၇)ရက်ပါ၊
၂။စလင်းတရားရုံးရာကြီးအမှုအမှတ် ၂၈၀/၂၀၁၃ပြစ်မှုပုဒ်မ ၃၂၆
ကိုတော့ငွေပေးနိုင်အား ကောင်းသဖြင့် ဒဏ်ငွေ ၁၀၀၀ိ/-ချပါသည်၊
ရာကြီးအမှုအမှတ်၂၁၁/၂၀၁၃၊ပြစ်မှုပုဒ်မ ၃၂၆
ကိုတော့အလုပ်ကြမ်းနှင့်ထောင်ဒဏ်(၅)နှစ်ပါ၊
ငွေပေးရင်ထောင်ဒဏ်အစားဒဏ်ငွေ၊ငွေမပေးရင်ထောင်ဒဏ်များများချနေပါသည်။အချို့ဥပဒေပုဒ်မ
၃၂၆ ကို ၃၂၃ ပြောင်းပြီး ထောင်မချဘဲအာမခံသူများဖြင့် လွှတ်ပေးပါသည်၊
ဥပဒေပုဒ်မချင်းတူသော်လည်း ချမှတ်သည့် ပြစ်ဒဏ်မှာဘာကြောင့်
အများကြီးကွာဟနေသည်မှာတရားစီရင်ရေးမှာ တရားသူကြီးနှင့် ဥပဒေအရာရှိတို့၏
လက်ဝယ်လုပ်ပိုင်ခွင့်ပေးထားသဖြင့်လုပ်စားနေကြခြင်းဖြစ်ပါသည်။ဥပဒေကိုလက်တစ်လုံးခြားမလုပ်ပါ၊
ပြောင်ပြောင် တင်းတင်းသာလုပ်ပါသည်။
၃။တရားသူကြီးများအား ကြပ်မတ်စစ်ဆေးနေသည့်အဖွဲ့မရှိပါ၊ဥပဒေ၏အထက်တွင်
မည်သူမှမရှိစေရဟူသောမူအရ
၎င်းတို့အားလုပ်ပိုင်ခွင့်များကို၎င်းတို့လုပ်ချင်သလိုလုပ်ခွင့်ပေးထားသလိုဖြစ်နေပါသည်။
ပြောင်းလဲလာသောစနစ်များအပေါ်လိုကနာနိုင်မှုအနည်းဆုံးဖြစ်နေပါသည်
၎။မြို့နယ်တရားသူကြီးဦးဇော်မင်းထွဋ်သည် မြို့ပေါ်တွင်
အိမ်ဌားနေခြင်းစရိတ်နှင့် စားစရိတ်များမှာ ၄င်းအတွက်
ကုန်ကျမှုများရှိသော်လည်းစလင်းမွေး/ရေဘဏ်မှလစဉ်ငွေလွှဲပေးမှုများအားစစ်ဆေးကြည့်ပါက
လစာဝင်ငွေနှင့် အပို ရငွေ (မတရားရရှိငွေ)တို့ကိုသိရှိနိုင်မည်ဖြစ်ပါသည်။
၅။မြို့နယ်ဥပဒေအရာရှိ ဒေါ်တင်မာလွင်မှာလည်း မိသားစုဖြင့်
စလင်းမြို့ပေါ်ရပ်ကွက်တစ်ခုတွင်လုံးချင်းအိမ်ဌားရမ်း
နေထိုင်ပါသည်၊အလုပ်အကိုင်မရှိသောယောက်ကျားရှိနေပြီးအခြားဌာနဆိုင်ရာများမတတ်နိုင်သည့်နှုန်းများဖြင့်ဌားရမ်းနေထိုင်နေခြင်း၊သူဌေးတစ်ဦးပမာသုံးစွဲနိုင်ခြင်းမှာ၎င်း၏မသမာမှုကြောင့်ငွေရယူနေခြင်းအပေါ်သိရှိနိုင်မည်ဖြစ်ပါသည်
စလင်းတရားရုံးမှလိုက်နိုင်လျှင်လိုက်သလိုချမှတ်ထားသည့်ပြစ်ဒဏ်များကိုလေ့လာကြည့်နိုင်ပါသည်-
(၁)အမှုအမှတ်၂/၁၃ရဲအက်၄၇ဒဏ်ငွေ၅၀ိ/-
(၂)အမှုအမှတ်၂/၁၃ရဲအက်၄၇ထောင်(၇)ရက်
(၃)အမှုအမှတ်၅၃/၁၃ရဲအက်၄၇ဒဏ်ငွေ၅၀ိ/-
(၄)အမှုအမှတ်၅၆/၁၃ရဲအက်၄၇ထောင်(၇)ရက်
(၅)အမှုအမှတ်၇၆/၁၃ရဲအက်၄၇ဒဏ်ငွေ၅၀ိ/-
(၆)အမှုအမှတ်၉၀/၁၃ရဲအက်၄၇ထောင်(၇)ရက်
(၇)အမှုအမှတ်၁၀၅/၁၃ရဲအက်၄၇ဒဏ်ငွေ၅၀ိ/-
(၈)အမှုအမှတ်၁၁၀/၁၃ရဲအက်၄၇ထောင်(၇)ရက်
(၉)အမှုအမှတ်၁၁၅/၁၃ရဲအက်၄၇ဒဏ်ငွေ၅၀ိ/-
(၁၀)အမှုအမှတ်၁၂၁/၁၃ရဲအက်၄၇ထောင်(၇)ရက်
၆။အမှုအမှတ်၄၈/၁၃ပုဒ်မ၃၂၆တရားခံဦးပိုက်ကိုထောင်(၃)နှစ်ချပြီးအမှုအမှတ်၁၂၉/၁၂ပုဒ်မ၃၂၆တရားခံသိန်းဇော်ကိုထောင်(၉)လသာချခြင်း၊ငွေမလိုက်နိုင်သည့်အမှုအမှတ်၂၁၁/၁၃ပုဒ်မ၃၂၆အမှုမှကျောင်းသူမမွန်မွန်ကျော်ကိုတော့
ထောင်(၅)နှစ်ချမှတ်ခြင်း။
၇။(၁၀)တန်းကျောင်းသူတစ်ဦးအပေါ်ဥပဒေအရသက်ညှာခွင့်မပေးဘဲငွေနောက်ကိုလိုက်နေကြသူများကိုအရေးယူပေးပါရန်တင်ပြတိုင်ကြားပါသည်။
စလင်း၊ဆင်ဖြူကျွန်းမြို့သူမြို့သားများ
 
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
 

No comments:

Post a Comment