For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Monday 13 January 2014

နေ့စားပညာရေးဝန်ထမ်းတစ်ဦး၏ ရင်ဖွင့်စကား >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

ကျွန်ုပ်သည်၂၀၁၃-သြဂုတ်လတွင် ခန့်ထား ခြင်းခံ
ရတဲ့ နေ့စားပညာရေးဝန်ထမ်းတစ်ဦး
ဖြစ်ပါတယ်။ တစ်နေ့၂၇၀၀နှုန်းနဲ့တစ်လ
ကိုအများဆုံး ၅၉၄၀၀ရရှိပြီး သီတင်းကျွတ်နှင့်ဒီဇင်ဘာလတို့တွင်
၄၅၀၀၀ ဝန်းကျင်လောက်ရပါတယ်။
စနေ-တနင်္ဂနွေ ဆိုနေ့စားဖြစ်တာကြောင့် လစာမရပါဘူး။ဒါကိုကျွန်ုပ်နားလည်ပါတယ်။
    ဒေသခံများကိုခန့်ထားတယ်ဟုဆို
ပေမယ့်တာဝန်ကျရာကျောင်းနဲ့နေရပ်မှာ
ကားခတစ်သောင်းကုန်မှရောက်တဲ့ခရီးပါ။
ကျောင်းမှာနေစရာမလုံလောက်၍နေ့စာ
ဝန်ထမ်းများမှာနီးစပ်ရာမှာဌားနေကြရပါတယ်။
ရတဲ့လစာနဲ့လောက်ငအောင်လစဉ်ချွေတာ
သုံးပါတယ်။ကိုယ်ဝါသနာပါရာအလုပ်ကို
စေတနာထားပြီးနှေ့စဉ်လုပ်နေရတာ
ကြောင့်ဘယ်လိုဘဲဖြစ်နေစေကာမူပျော်
ပါတယ်။
      ဝါသနာအရင်းခံပြီးတာဝန်ထမ်းဆောင်
ကြတဲ့နေ့စားများမှာအတွေ့အကြုံ/သင်တန်း
မရှိကြသူများပါတယ်။သို့ပေမယ့်ကျရာဇာတ်ရုပ်မှာ
ကြိုးစားပြီးလှအောင်ကကြပါတယ်။အာ
လုံးနဲ့လည်းအဆင်ပြေအောင်နေကြရ
ပါတယ်။
        မူလတန်းပြဆရာတွေအားလုံးမော်
ဂျူးဆွေးနွေးပါတယ်။မော်ဂျူးကိုတစ်
ပတ်မှာကျောင်းဖွင့်ရက်၃ရက်ဆွေးနွေး
ရပါတယ်။နေ့စားများအတွက်တော့အတွေ
အကြုံ/ပညာများရရှိစေပါတယ်။
      ထိုဆွေးနွေးပွဲမှာတစ်ချို့ဆရာမများ
အတွက်ကျောင်းဖွင့်ရက်မှာလုပ်တာ
အဆင်မပြေဖြစ်ပါတယ်တဲ့(အကြောင်း
အမျိုးမျိုးကြောင့်)။အဲဒါနဲ့ဘဲကျောင်း
ပိတ်ရက်မှာဆွေးနွေးကြပြန်ပါတယ်။
အဲဒီမှာလည်းကျောင်းပိတ်ရက်မှာအဆင်
မပြေလို့တချို့ဆရာမများကမလာဘူး။
       ထိုမော်ဂျူးမှာသေသေချာချာထိထိ
ရောက်ရောက်သာလေ့လာမည်ဆိုလျှင်
ကျောင်းသားအရည်အချင်းနှင့်ဆရာမ
များအရည်အသွေးတိုးတတ်စေမှာအသေ
အချာပါ။ သို့သော်အတွေ့အကြုံမရှိသူ
များအတွက်တော့လမ်းပြပေးဖို့တော့
လိုအပ်နေမှာပါဘဲ။ဘာအတွေ့အကြုံမရှိ
သူများဆီကဆွေးနွေးချက်ကိုတောင်း
နေမှတော့ကျောက်ခဲရေညှစ်နေသလို
ပါဘဲ။ဖိအားများလာတော့တချို့ကမော
ဂျူးဆိုရှောင်လာကြပါတယ်။
    တခြားကျောင်းများနဲ့အုပ်စုဆွေးနွေး
ပွဲမှာယှဉ်တဲ့အခါအရည်အချင်းကကွာခြား
တာတွေ့ရပါတယ်။ထိုကျောင်းမှာမော်
ဂျူးကိုဘယ်လိုလုပ်သလဲမေးတဲ့အခါ
အားရမိပါတယ်။တကယ့်ကိုထိရောက်ပါတယ်။ရှေ့ကဦးဆောင်သူကလည်းခေါင်း
ဆောင်ကောင်းပီသသလိုနောက်လိုက်များ
ကလည်းလက်တွေ့လုပ်ဆောင်ကြပါတယ်။
       ကျွန်ုပ်တို့ကျောင်းမှာလည်းထိရောက်
တဲ့မော်ဂျူးဆွေးနွေးမှုဖြစ်စေချင်ပါတယ်။
မော်ဂျူးဆိုတာကျောင်းဖွင့်ရက်မှာဘဲပြု
လုပ်ရပြီးသင်ကြားမှေုအတွေ့အကြုံတို့
ကိုဆွေးနွေးပြင်ဆင်ရတာဖြစ်ပါတယ်
          အခုတော့တစ်ယောက်ကကျောင်း
ဖွင့်ရက်မှာလုပ်စေချင်/တစ်ယောက်က
ကျောင်းပိတ်ရက်မှာလုပ်စေချင်နဲ့မော်
ဂျူးသာပြီးဆုံးတော့ပါမည်။မော်ဂျူးမှာ
လူကမစုံတာများလာတော့ မလာတဲ့သူ
ကိုလစာဖြတ်တယ်။်မော်ဂျူးက
ပြီးဆုံးလို့စာမေးပွဲဖြေရတော့မည်။ 
    မော်ဂျူးကိုဘယ်%လောက်အောင်
မြင်ပါသလေဲ????ဘာတွေတိုးတတ်သွား
ပါသလဲ????မော်ဂျူးကိုကျောင်းပိတ်
ရက်လုပ်ပြီးမလာတဲ့နေ့စားကိုကျောင်း
ဖွင့်ရက်ထဲကဖြတ်တာတရားမျှတပါ
သလား????ရတဲ့လစာကိုလောက်အောင်
မနည်းနေနေရတဲ့နေ့စားဆီက ပိုက်ဆံ
ဖြတ်သင့်ပါသလား????(စနေ/တနင်္ဂနွေ
အစကတည်းကလစာမရတာ)
 အထက်ကညွှန်းကြားတဲ့အတိုင်းတခြား ကျောင်းများနည်းတူသေချာစွာအစကတည်းကလုပ်ဆောင်သင့်ပါတယ်။
ဒါမှသာလျှင်မိမိကျောင်းက ဆရာ/ဆရာမ
အရည်အသွေးတိုးတတ်လာနိုင်ပြီး
ကျောင်းသားများမှာလည်းသင်ယူမှု
အတတ်ပညာကောင်းများကိုရရှိနိုင်မှာ
ပါ။အားလုံးအတွက်အကျိုးကျေးဇူး
များရရှိစေမှာပါ။
      မည်သုတစ်ဦးတစ်ယောက်ကိုမှထိ
ခိုက်နစ်နာစေခြင်း/ရည်ရွယ်ခြင်းမရှိပါ။
ကျွန်ုပ်တို့ကျောင်းရှိဆရာ/ဆရာမများ
ကျောင်းသား/ကျောင်းသူများအတွက်
တိုးတတ်ကောင်းမွန်စေခြင်းများကိုသာ
လိုလားပါသည်။
 
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
 
 

No comments:

Post a Comment