For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Monday 13 January 2014

လုပ် ရ တော့ ညာလက် ဝတ်က တော့ ဘယ်လက် ကြံ့ခိုင်ရေးပါတီ စည်းရုံးရေးမှူးများ >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

ကျွန်တော်က တော့ ဧရာဝတီတိုင်း မြို့နယ်
တမြို့ က ရပ်ကျေးစည်းရုံးရေးမှူးတဦးပါ။
ကျွန်တော်ဟာ ပါတီပေါ်မှာ တာဝန်ကျေစွာ
သစ္စာရှိရှိနဲ့ အထက်မှပေးအပ်တဲ့အလုပ်မှန်
သမျ မညီးမညူလုပ်ကိုင်ပေးခဲ့ပါတယ်။
ကျွန်တော်တို့ ရပ်ကျေးစည်းရုံးရေးမှူး
ဆိုတဲ့ လူတွေရဲ့ စိတ်ဓာတ်ဟာ ဘယ်ပါတီ
ကပဲဖြစ်ဖြစ် နိုင် ငံချစ်စိတ်နဲ့ လုပ်ကိုင်
ဆောင် ရွက်ပေးနေခြင်းဖြစ်ပါတယ်။ ကျွန်
တော်တို့အတွက် မိသားစုအတွက် အခွင့်ရေ
ယူဖို့မဟုပ်ပါဘူး။
ယ နေ့တိုင် လည်းအထက်ကဘာ
အခွင့်လမ်းမှမ ပေးခဲ့ပါဘူး ပေးရင် လည်း
ယူမယ့် လူတွေမဟုပ်ပါဘူး။
ကျွန်တော်တို့ ရပ်ကျေးစည်းရုံးရေးမှူး
များဟာ ကိုယ် ထမင်းကိုစား ကိုယ်စရိတ်
ကို အကုံကြခံပြီး ပြည်သူ့အတွက် အနစ်နာ
ခံ အလုပ် လုပ်ပေးနေကြသူတွေပါ။
ဝန်ထမ်းက အချိန်တန် ရင် လစာထုတ်
မိသားစုအတွက် အ ထောက်ပန့် ပေးနိင်
တယ်။
ကျွန်တော်တို့မှာက အသဲကြားကမဲ
တပြားရဖို့ မည်သူတဦးတ ယောက်မှ
ထောက်ပန့်မှုမရှိပဲ တိုင်းပြည်အတွက်အလု
ပ် လုပ်ပေးနေကြသူတွေပါ။
ရရှိလာတဲ့မဲတပြားကလည်း ကျွန်တော်
တို့အတွက်မဟုပ်ဘူး လွှတ်တော်ကိုယ်စား
လှယ်လုပ်မဲ့လူများအတွက် ဝန်ကြီးလုပ်မဲ့သူ
များအတွက် သမ္မတဖြစ်မဲ့သူများအတွက်
အောက်ခြေမှာ ပြည်သူတဦးမဲတပြားရဖို့အ
သေအလည်း စည်းရုံးကြရတာပါ။
ရပ်ကျေးစည်းမှူးတွေဟာ အောက်ခြေ
မှာ ၇၀%ရာခိုင်းနုန်းသောပြည်သူများ
နဲ့ ထိ
တွေ့ဆက်ဆံရသူတွေပါ။
ပြည်သူကိုစည်းရုံးရတဲ့နေရာမှာ
လွယ်မယ်ထင်သလားဗျာ အထက်ကလူကြီ
များဆင်းပြီးစည်းရုံးကြည့်ပါ ရ တော့ရမယ်
လူကြီးများဘေးမှာ အခွင့်ကောင်းယူပြီး စီး
ပွားရှာမယ့်လူ အဖွဲ့အစည်းကို ခုတုံးလုပ်ပြီး
ကိုယ်ကျိုးရှာမယ့်မိသားစု အနွယ်ဝင် လူ
နည်းစု စီကပဲ စေတနာမပါတဲ့ မဲပဲရလိမ့်မယ်
ခုဆို ပါတီတိုင်း ပါတီဝင် ဖောင်တွေရရှိဖို့
ကြိုးစားနေကြတယ်။
၂၀၁၅ အတွက်အနိင် ရ ရှိရေးပြင် ဆင်ကြိုးစားနေကြတယ်။
ဒီထဲမှာကျွန်တော်တို့လည်းအပါဝင် ပဲလေ
ပြောချင် တာကဒီမိုက ရေစီမရင့်ကျက်
သေးသော ကျွန်တော်တို့ပြည်သူများကို
စည်းရုံးကြည့်ပါ လွယ်မယ်ထင် သလားလို့
ပါတီကို ဝင် ဖို့ စိတ်ဝင် စားမှု့ နည်းကြပါ
တယ် မဲပေးမယ့် အချိန်မှာသာ ပြည်သူ
တွေဟာ သူတို့အပေါ်ကောင်းတဲ့ပါတီကို မဲ
ပေးသွားကြလိမ့်မယ်ဗျာ။
ကျွန်တော်တို့ အောက်ခြေစည်းရုံးရေးမှူး
တွေဟာ တကယ့် အရေးပါသူတွေပါ လွှတ်
တော် ကိုယ်စားလှယ် လုပ်မဲ့သူများကို ပြည်
သူတွေမသိပါဘူး အောက်ခြေမှာ ရှိတဲ့
စည်းမှူးများကိုသာ ပြည်သူအများစုသိပြီး
ကောင်းရင် ကောင်းသလို မဲထဲ့သွားကြတာ
ဒီတော့ ပါတီတိုင်းအတွက် အောက်ခြေမှာ
ရှိတဲ့ ရပ်ကျေးစည်းမှူးတွေ အ ရေးကြီးပါတ
ယ်။
ရပ် ကျေးစည်းမှူးများကောင်းမှ ပါတီမျာ့း
အနိင် ရမှာဖြစ်ပါ တယ်။
ခု တော့ အောက် ခြေက စည်းမှူးတွေ
က ဘယ်နေရာမှလူ ရာမဝင် သလို ဖြစ်လာ
ရတယ်ဗျာ။

အားလုံး စဉ်းစားကြည့်ပါ ပြည်သူကလည်း
သူတို့ အပေါ် ကောင်းတဲ့ ပါတီကိုသာ မဲပေး
ကြမှာသဘာဝပဲ
ခု ကျွန်တော်တို့ ရပ်ကျေးစည်းမှူး
များ ကြေကွဲ ခံစားရ တာတွေဖြစ်လာရတယ်
ဘာလဲဆိုရင် ပြည်သူတွေအတွက် လိုအပ်
တဲ့ လမ်းများ တံတားများ ဆေးရုံ ဆေး
ခန်းများ စာသင် ကျောင်းများ ရရှိ အောင်
ကျွန် တော်တို့  ကြိုးစားစွာတင်ပြ တောင်းခံ
ကြတယ် ရလည်း ရပါတယ်။
ဒါပေမယ့် ရလာတဲ့ အခါကြ ပြန်တော့
လည်း ကျွန်တော်တို့ တင်ပြသူတွေ မသိ
လိုက် ရဘူး ပြည်သူမျာူး မျက်ဝါး
ထင် ထင် တွေ့မြင် ရမဲအခွင့် ရေးမျိုးကြ
တော့ ကျွန်တော်တို့ ကြိုးစားပန်းစားတင်ပြ
သူများ အခွင့် ရေးမရကြဘူး
ကျွန် တော်တို့ တင်ပြလို့ ရရှိလာတဲ့ပြည်
သူ့အတွက် အခွင့် လမ်းများကို ကျေးရွာ အ
ထောက်ကူ ပြု အဖွဲ့ တွေက အစဉ်သင့်
ကောက်စားရုံပဲ ဒီတော့ ၂၀၁၅ မှာ
ရွေးကောက်ပွဲ နိင် ချင် ရင်တော့ အခု
လူကြီးမင်းများ အားကိုးတဲ့ အ ထောက်ကူ
ပြု အဖွဲ့ များကိုသာ မဲဆွယ် စည်းရုံး ခိုင်း
တော့ ဗျို့ ကျွန်တော်တို့ ရပ်ကျေးစည်း
မှူးများဟာ ပါတီမှာ မလိုအပ်တော့ဘူးလို့
သုံးသပ်မိတယ်ဗျာ။
စဉ်းစားကြည့် ပါ ကျွန်တော်တို့ ရပ်ကျေး
စီးမှူးများ တင်ပြ လို့ ပြည်သူ့ အတွက် ရရှိ
လာတဲ့ အခွင့် လမ်းများကို ကိုယ်တိုင်
ပြည်သူ ကိုချပြချင် တယ် ဒါမှလည်း ပြည်
သူကို စည်းရုံးရ တာ ကျွန်နော်တို့ အတွက်
အစဉ် ပြေမှာ ပေါ့
ခုတော့ ချပြခွင့် လေးတောင် မရဘူး
ဒီတော့ စည်းမှူးဆို တဲ့ ကျွန်တော်တို့ တွေ
က ဘာဆက်လုပ် ရမှာလည်း အ တောင်း
သက်သက်နဲ့ ပြည်သူကို အ သေအလဲစည်း
ရုံးပေးဖို့ သက်သက်ပဲလား။
ကျွန် တော့် ရဲ့ တင်ပြ ရေးသားမှု ကို
အောက်ခြေမှာ ရှိတဲ့ စည်းမှူးတိုင် သိကြ
မှာပါ ။
ဒီတော့ ဒီမျ လောက်ပဲ ရေးတော့မယ်
ဆက်ရေး ရင် ရေးလို့ ဆုံးမှာ မဟုပ်ဘူး
တကယ် ပါတီအတွက် အလုပ် လုပ်သူ
စည်းမှူးများဆို သိကြမှာပါ။
အလုပ် မလုပ်ပဲ ပါတီမှာ ဖောရှော လုပ်နေ
ကြသူများ ဆို သိမှာမဟုပ်ပါဘူး။
အလုပ် လုပ်သူများ နဲ့ မလုပ်သူများကွာ
တယ် သုံးသပ်လို့ ရတယ်
၉.၁.၂၀၁၅ ရက်နေ့ က မအူပင် တိုးရွှေဝါ
ခန်းမမှာ ပါတီဥက္ကဌ ကြီး သူရ ရွှေမန်းလာ
စဉ်က ပြည်ခိုင်ဖြိုး အဖွဲ့များ အားနည်းချက်
အားသာချက်များကို ထပြီးတင်ပြတာတွေရှိ
တယ် ။ အဲဒီတင်ပြသူတွေကို သုံးသပ်ကြည့်
ပါ။ တင်ပြသူတွေဟာ စားပွဲပေါ် မှာ စာတင်
ပြီးစာကို ကြည့် ပြောတယ်။
တကယ် အလုပ် လုပ်သူသာဆိုလျင်
ကိုယ်လုပ်နေတဲ့ အ တွေ့ အကြုံ အလွတ်
တန်းပြောနိုင် ရမယ်လေ။
ပါတီ ဥက္ကဌ ကြီး သာသာလေးပဲအလွတ်
တလုံးခြင်း ပြောသွားတယ်ဗျာ။
လူကြီးမို့ ပြောနိုင် တာမဟုပ်ဘူး တကယ်
တိုင်းပြည်အတွက် အလုပ် လုပ်ပေးလို့ တ
ကယ် ပြောနိုင် တာလို့ ကျွန် တော်က တော့
သုံးသပ်တယ်ဗျာ။
ဥပမာ စာကျက်သူဟာ စာရတယ်
စာ မကျက်တဲ့ သူဟာ စာမရဘူး စာရချင်
ရောင် ဆောင် တာပဲရမယ် စာမေးပွဲ ဖြေရင်
ကျတာပဲ
ဒီသ ဘောပဲပေါ့ ဗျာ
ဥက္ကဌ ကြီး ပြောသွားတယ် လေ
ကျုပ် တို့လူတွေဟာ တဦးချင်း မှာလည်း
အရည် အချင်း ရှိတယ် အဖွဲ့ လိုက်လည်း
အရည် အချင်းရှိ တယ် စေတနာလည်း ရှိ
တယ် ထောက်ပံ့ မှုလည်း ရှိတယ်
ဘာလို သေးလည်း တကယ် အလုပ် လုပ်
ဖို့ သာလို တာပါ။
ဒီသ ဘော ဥက္ကဌ ကြီးပြောသွားတာပဲ
ဟုပ်တယ် ဗျ တကယ် အလုပ် လုပ်ဖို့ပဲ လို
တာ ပြည်ခိုင်ဖြိုး အ နေဖြင့် အောက်ခြေ မှာ
ရှိတဲ့ ရပ်ကျေးစည်းမှူးများ တကယ်သာ
အလုပ် လုပ် ရင် ပြည်သူများ ကလည်း
အသဲကြားက မဲတပြားကို စေ တနာပါ ပါ
တကယ် ထည့် ကြ မှာ့
တို့ အစိုးရ နဲ့ တို့ ပါ တီက ပြည်သူ့
အတွက် ဖွံဖြိုး ရေးတွေတကယ် လုပ်ပေးနေ
တာ ပြည်သူ ကလည်းသိနေပြီးသားပါ
အချိန်တန် ရင် မဲထည့် ပေးမှာပါ လို့
အ တွေးနဲ့ ရေသာခို အ ချောင် နေပြီး ဟို
လူကြီးအားကိုး သလိုလို ဒီလူကြီး အားကိုး
သလိုလို မဲဆန္ဒနေရာ တွေက တော့ ရှံးသွား
မှာပဲ လေ။
ရှံးတဲ့ နေရာတွေကို လူကြီးများစိတ် မ
ကောင်းကြဘူး တချို့ လူကြီးများဆို ရင် ရှုံး
တဲ့ နေရာက ပြည်သူများကို အထင်တောင်
လွဲ ကြတယ်။
ဘယ်လို အထင် လွဲလည်းဆို ရင် ငါတို့က
တော့ကွာ ဖွံဖြိုးရေး တွေ လမ်းတွေ တံတား
တွေကျောင်း တွေဆောက် ပေးလိုက် ရတာ
အချိန် တန်တော့ ပြည်သူများကမဲမထည့်
ကြဘူး ဆိုပြီး ပြည်သူလွန် တယ်လို့ ထင် နေ
ကြ တဲ့ လူကြီးပိုင်း တွေလည်း ရှိနေကြတ
ယ်။
တကယ် တော့ ပြည်သူ တွေက မလွန်ပါ
ဘူး ပြည်သူ တွေဘက် ကမှန်တယ်လို ပြည်ခိုင်ဖြိုး ခိုင် ဖြိုး စည်းမှူး တဦးအ နေဖြင့် 
ရဲရဲပြောရဲပါတယ်။
လို နေတာ တကယ် အလုပ် လုပ်တဲ့
စည်းမှူး တွေပါ။
မဲထည့် ရမဲ့ပြည်သူဘက်က တွေးကြည့်
ပေါ့ဗျာ
ဥပမာ အလှူခံ နှစ်ဦးလာတယ် မည်သူ့
ကိုလှူလှူ ရမယ့် ကုသိုလ်ကအတူတူပဲ
အိမ်ရှေ့ လမ်းပေါ်က အလှူလှမ်းခံတဲ့ လူနဲ့
အိမ်ပေါ်လာပြီးအလှူခံတဲ့လူ ဘယ်သူ့လှူ
မလည်း လှူလည်းလှူချင် တယ်ဗျာ။
ဒီသ ဘောပဲပေါ့ အိမ် ပေါ်ရောက်လာတဲ့
အလှူခံခွက် ထဲပဲ ထည့်မှာပေါ့။
မြန်မာဗျ မြန်မာ ကို့အပေါ် ကောင်းကောင်း
မ ကောင်းကောင်း အနီးဆုံးလူကို ပဲ ရုံတာ
ဗျ ။
ဒီတော့ ကျွန်တော့် ရဲ့ နောင် တော်များ
ဖြစ်ကြ တဲ့ ရပ်ကျေးစည်းမှူးများ အ နေဖြင့်
စိုင်းထီးဆိုင် သီချင်းလို အနီးဆုံးလူ ဖြစ်
အောင် ကြိုးစားကြပါ မြန်မာပြည်မို့ပြောတာ
ပါ။
မြန်မာ့ စိတ်ဓာတ်ကို ခင် ဗျတို့ သိကြပါတ
ယ်နော်။
ပြောသာ ပြောရတယ် စည်းရုံးရေးမှူးအ
ပေါင်းတို့ ခင် ဗျာ ကျွန် တော်ကိုယ် တိုင်
တောင် ဖောရှော စည်းရုံးရေှးမှူး ဖြစ်ခြင် နေ
ပါပြီ ဘာကြောင့်လဲ မေးဦးမလား
အထက်စာပိုဒ် တွေမှာ ပြောခဲ့သလို ကျွန်
တော် တို့အစိုး ရနဲ့ ကျွန်တော်တို့ ပါတီ အ
ထက် လူကြီးတွေက ကျွန်တော်တို့ အောက်
ခြေ မှာရှိတဲ့ ၇၀% ရာခိုင်းနှုန်း သောပြည်သူ
ကို ထိတွေ့ရတဲ့ ရပ်ကျေး စည်းမှူး တွေကို
အ လေးအနက် ထားလို့လား အာဏာ
တည်မြဲ ရေးနဲ့ လုပ် ပိုင် ခွင့် ရရှိ ရေးအတွက်
ုပြည်သူကိုအ သေအလည်းစည်းရုံးခိုင်းပြီး
ပါတီဝင် အင် အားရရှိရေးသာ ခိုင်းနေတာ။
ပြည်သူကိုလက်တွေ့ ဖွံ ဖြိုးရေး တွေနဲ့ ချပြ
ရမဲ့ နေရာကြ တော့ ကျွန်တော် တို့ရပ် ကျေ
းစည်းမှူးများကို ချောင် ထိုးပြီး
ထင် သာမြင် သာတဲ့ ဖွံ့ဖြိုးရေး လုပ်ငန်
းတွေမှာ ကြ တော့
အ ထောက်ကူ ပြု အဖွဲ့ တွေနဲ့ အုပ်ချုပ်ရေ
းအဖွဲ့ တွေပဲ လုပ်ကိုင် နေရ တယ်။
ဒီတော့ ကျုပ်လည်းပဲ ပါးနပ်စွာနဲ့ ရေသာ
ခို တော့မယ်ဗျာ။
မြန်မာပြည်ကပြည်သူ ၇၀ ရာခိုင်
နှုန်းသောပြည်သူများရဲ့ လက်သုံးစကား
အတိုင်းပဲ ကျုပ်က တော့သွားတော့မယ်ဗ်ျို့
ဘယ်ပါတီနိုင် နိုင် ဘယ်အစိုးရ တတက်
တက်ကွာ ကိုယ်လုပ်မှကိုယ်စားရတာပါတဲ့
ဒါ အောက်ခြေမှာရှိတဲ့ပြည်သူများရဲ့ လက်
သုံးစကားပဲ အဲဒီလိုပြည်သူတွေကို စည်း
ရုံးရတဲ့ ကျုပ်တို့ အောက်ခြေမှာ ရှိတဲ့ စည်း
ရုံးရေးမှူးတွေ ကိုယ့်ဘဝ ကို သနားသင့်ပြီ
နော်။
ကိုယ့်ထမင်း ကိုစား ကိုယ့်စရိတ် ကိုကုန်
ကြခံ ၁ လကို ၂ ကြိမ် အစည်းဝေးတက်
၁၀ မိုင် လောက်ဝေးတဲ့ ရပ်ကျေးစည်းမှူး
တွေဆိုရင် ဆိုင် ကယ်မရှိလို့ ငှားစီးရရင်
တခေါက်ကို ဆိုင် ကယ်ဆီဖိုး နဲ့ ကယ် ရီခ
၇၀၀၀ နဲ့ အထက်မှာ ရှိတယ်။
ထောက်ပံ့ တာတော့ ကျေးဇူး တင် စရာ
ပါပဲ ရပ် ကျေးစည်းမှူး ၅ ဦး ကို တလကို
တ သောင်းစီ ထောက်ပန့် တယ် ဆိုင် ကယ်
ဆီဖိုးလောက်ပဲရှိတယ်။
ဒီကြားထဲ အမဲဖြတ်သလို ထောက်ပန့်
ကြေးလေးကို ဝိုင်းဖြတ် လိုက်တာ။
သတင်းစာဖိုးက အစ ဂျာနယ်ဖိုးကအ
လယ် ရုံးမှာ လိုတဲ့ ပစ္စည်ဝယ်ဖို့နဲ့ သဘာဝ
ဘေး ဖိုးက အဆုံးပေါ့ ဗျာ။
အဲဒီမှာ ထောက်ပန့် ကျေးလေး ဘယ်
ပြောက်သွားမှန် မသိလိုက်ဘူး။
ဒီတော့ ကံကောင်းပြီး ကျန်ခဲ့တဲ့
ထောက်ပန့်ကျေးလေးတွေကို ဘီယာတ
ခွက်စာရတယ်ကွဆိုပြီး လက်သီးလက်
မောင်းတန်းလို့ ဘီယာဆိုင် မှာ အပ်ပြစ်ခဲ့
တယ်။
ဘီယာဆိုင် မှာအပ်တာစိတ်ချရတယ်
ငရဲပြည်ကြမှပြန် တောင်းတော့ မယ်ကွ
ဆိုတဲ့ ကော်လန်ကတုံးနဲ့ ပဆိုး အစိမ်းကွက်
တွေနဲ့ ကျုပ်တို့လူ တွေကြီပဲ
တလမှာ နှစ်ခါ ထဲပါဗျာ။
ကျုပ် အမြဲမပါဘူး နော် ပါခဲ့တဲ့အခါမျိုးလဲ
ကိုယ့် ပိုက်ဆံနဲ့ကိုပဲ ၁၉၉၃ အသင်းဘဝထဲ
က ကိုယ်ထမင်းကိုစားပြီး လုပ်လာခဲ့တာဗျာ
ထောက်ပန့်ကြေးပေးတာ လပိုင်းပဲရှိသေး
တယ်လေ။
ခတ်နေတာကလည်း ဘီယာတခွက်
စာဖိုးကျန်တဲ့ ငွေကို မက်ပြီး ၁၅ ရက်နေ့ အ
စည်းဝေးဆို လူ ခန်းလုံးပြည့်ပဲဗျာ။
ဒါလည်းဖြစ်သင့် ပါတယ် ကိုယ့်လုပ်အား
လေဗျာ တကျပ်ဆို ရင် တောင် တန်ဖိုးရှိ
တယ် ဘီယာ သောက်လိုက် ရင်တောင်
ပိုပြီး မူးသွားသလိုပဲ ကိုယ့် လုပ်အားကိုဗျ။
ကျွန်တော်တို့ စည်းမှူး ဘဝ က လုပ် ရ
တော့ အကြီး တွေနော် ။ ကျုပ်တို့ စည်းရုံး
ရေးမှူးတွေသာမရှိရင် လွှတ်တော်ကိုယ်
စားလှယ်ဆိုတာလည်းရှိလာမှာ မဟုပ်ဘူး
ဝန်ကြီးချုပ်ဆို တာလည်းပေါ်လာမှာ မဟုပ်
ဘူး သမ္မတဆိုတာလည်းရှိလာမှာမဟုပ်ဘူး
ဒီမိုက ရေစီနိုင် ငံ ဆိုတာလည်းဖြစ်လာမှာ
မဟုပ်ဘူး။
မဟုပ်ဘူးလို့ဘယ်သူပြောမလဲ
တကယ်ကို တိုင်းပြည်အတွက် အ ရေးပါသူ
တွေစည်းမှူးတွေဟာ လုပ် ရ တော့ လူ လူ
ချင်း စီးရုံးရတဲ့ အခပ် အခဲဆုံးလုပ် နော်။
ကို ထမင်းကိုစားပြီးလုပ်တာနော်
ဘယ်သူမှ အတင်းအကျပ်ခိုင်းတာမဟုပ်ဘူး
ဝါသနာ အနစ်နာ စေတနာ ဘီစပိုးကြောင့်
လုပ်တာ ဒီလို လူမျိုးရှိမှ အခွင့်ထူးခံလူတမ်း
စားတွေအတွက် အစဉ် ပြေမှာ ဒါသဘာဝ
က ဖန်ဆင်းထားတာ။


ကျုပ်တို့စည်းမှူးတွေက ဒါတွေကိုသိ
လျက်နဲ့လုပ်နေတာ ပြောမထွက်တာ
မ ပြောရက်တာဗျာ။

အာဏာရပါတီ ကျုပ်တို့ ပြည်ခိုင် ဖြိုး
စည်းမှူး တွေတောင် ဒီလို ခံစား နေရတာ
အခြားပါတီ စည်းမှူးတွေ ကျုပ် တို့ ထက် ပို
ပြီးခံစားရမယ်လို့ တွေးမိပါတယ်။
လုပ်က တော့ညာလက် ဝတ်က တော့
ဘယ်လက် ကျုပ်တို့ အဖြစ်က အဲဒီလို ဖြစ်
တယ် နော်။



မိတ်ဆွေ အ ပေါင်းတို့ ခင် ဗျာ
ကျုပ် ရဲ့ စာသားများကို မီဒီယာများမှာ
ဖြန့် ဝေစေချင် ပါတယ်။
အပန်းမကြီးရင် ဖြန့်ဝေ ပေးကြပါ နော်။


လေးစားစွာဖြင့်
မောင်ကေသာရာဇာ
 

 >>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
 

No comments:

Post a Comment