For Users
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html
Download ဆွဲနည်း
Download ဆွဲနည်း
Download ဆွဲနည်း
Tuesday 14 January 2014
အုပ်ချုပ်ရေးပိုင်းသို့ တိုင်ကြားရခြင်း >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”
၁.၁၂.၂၀၁၃ ညနေပိုင်းခန့် က ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့ နယ် ယမုံနာ(၁)ရပ်ကွက်တွင်ထစ်ခနဲရှိ
ရိုက်သည့်နေရာတွင်နာမည်ကြီးနေပြီး ငွေးတိုးချေးစား သူ မခင်မျိုးကြွယ်ဆိုသူ အမျိုးသမီး က ၄င်းထံချေးငွေယူထားသူ မစန်းစန်းမြင့် ကို အတိုးငွေ ၃ သိန်း ရှိသည်ကို ၅ သိန်းတောင်းကာ ခင်ပွန်းဖြစ်သူနေမကောင်းနေ၍ မပေးနိုင်သေးကြောင်း အနူးအညွတ်တောင်းပန်သော မစန်းစန်းမြင့်အား ၄င်းမခင်မျိုးကြွယ် ဆိုသူနှင့်အတူပါလာသော မောင်ဖြစ်သူ က မစန်းစန်းမြင့်၏ခေါင်းကို ကိုင်ပေးထားပြီး မခင်မျိုးကြွယ် က လက်တွင်ပါလာသော ဓာတ်မီးနှင့် အားပြင်းစွာ ဆင့်ရိုက်ကာ အရိုက်ခံရသူ မစန်းစန်းမြင့်ခမျာ ပိန်ပိန်ပါးပါးလည်းဖြစ် ကျန်းမာရေးလည်းမကောင်းသူဖြစ်၍ ခန္ဒာကိုယ်ဝဝတောင့်တောင့်တင်းတင်းနှင့် မခင်မျိုးကြွယ် ၏ မညှာမတာရိုက်ချက်ကြောင့် ခေါင်းတွင်သွေးများထွက်လာသည်ပင်ကွဲအက်လာသောကြောင့် ခေါင်းတစ်ခုလုံးပူထူလာ၍ မခံနိုင်သည့်အဆုံး အတင်းရုန်းကန်ထွက်ပြေးပြီး ယမုံနာ ၁ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ ခေါင်းတွင်သွေးသံရဲရဲနှင့် ငိုကာ လာရောက်တိုင်ကြားအသိပေးပြောကြားခဲ့ပါသည်။
 အရိုက်ခံရပြီးနောက်တစ်နေ့  ၂.၁၂.၂၀၁၃ ညနေပိုင်းအချိန်တွင် မစန်းစန်းမြင့်ခမျာ နာကျင်ကိုက်ခဲနေပြီး ခံစားရသောဝေဒနာမသက်သာ၍ ထိုအချိန်မှာပဲချက်ချင်း ဦးနှောက်နှင့်အာရုံကြော ဆေးရုံ ကို တင်လိုက်ရပါသည်။ထိုဆေးရုံတွင် အရေးပေါ်လူနာများ အလွန်များနေ၍ ဒဏ်ရာမသက်သာသော်လည်း ၃ ရက်သာ ဆေးရုံတွင်ဆေးကုသခွင့်ရခဲ့ပြီး အပြင်တွင်ဆေးဆက်လက်ကုသနေရပါသည်။
   အခုတော့ မစန်းစန်းမြင့်အားရိုက်သော အရိုက်မင်းသမီး မခင်မျိုးကြွယ် က အရိုက်ခံရသူမစန်းစန်းမြင့်အား တရားပြန်လည်စွဲဆိုထားပါသည်။မစန်းစန်းမြင့်ကိုရိုက်ရလို့ နာသွားသည့်လက်နှင့် အမှန်မဖြစ်သည့် ခေါင်းမူးပါတယ်ဆိုပြီး ဆရာဝန် လက်မှတ်တွေနှင့်ပြန်တရားစွဲဆိုထားပါသည်။ ထိုရိုက်သူမခင်မျိုးကြွယ်နေထိုင်သော ယမုံနာ ၁ ရပ်ကွက်အုပ်ချုပ်ရေးမှူးထံလာရောက်တိုင်ကြားခြင်းမရှိဘဲ ဒေါပုံရဲစခန်းမှပြန်လည်တရားစွဲခဲ့သည်။
   ၇.၁.၂၀၁၄ ရက်တွင် အမူ စတင်စစ်ဆေးမည်ဖြစ်ပါသည်။
  နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်၏ လမ်းညွှန်ချက်နှင့်အညီ ရပ်ကွက်အေးချမ်းသာယာရေး ၊တရားဥပဒေစိုးမိုးရေး၊ အချုပ်အခြာအာဏာတည်တံခိုင်မြဲရေး ဟူသည့်ပြဌန်းချက်နှင့်အညီ ရပ်ကွက်နေပြည်သူတွေကို ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ မှ နေ့ ညမပျက် ကာကွယ်စောင့်ရှောက်နေကြပါသည်။
   ဒေါပုံမြို့ နယ် ၊ယမုံနာ ၁ ရပ်ကွက် ၊ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ ကို မျက်စိထဲမထားဘဲပိုက်ဆံချမ်းသာမူတစ်ခုတည်းဖြင့်ခေတ်ဟောင်းအတိုင်း ပြုမူနေကြပါသည်။
သို့  /
     နိုင်ငံတော်သမ္မတရုံး နှင့်
     ပြည်သူ့ လွှတ်တော်ရုံး၊
     ရန်ကုန်တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူး
     ရန်ကုန်တိုင်းဒေသကြီး        
     ခရိုင် အုပ်ချုပ်ရေးမှူး
     ရန်ကုန်တိုင်းဒေသကြီး မြို့ နယ်
     အုပ်ချုပ်ရေးမှူး
     မြန်မာနိုင်ငံရဲတပ်ဖွဲ့ 
     ပြည်ထဲရေးဝန်ကြီး
     ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ မှူး
     ရန်ကုန်တိုင်းဒေသကြီး ခရိုင်ရဲတပ်ဖွဲ့ မှူး
     ရန်ကုန်တိုင်းဒေသကြီး မြို့ နယ်ရဲတပ်ဖွဲ့ မှူး
တိုင်ကြားသူ/
       ဒေါ်ကြူကြူစိန် (ခ) ဒေါ်စု
       ဆယ်အိမ်မှူး (အမျိုးသမီရေးရာအဖွဲ့ ဝင်)
       ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့ နယ် ၊
       ယမုံနာ (၁) ရပ်ကွက် ။ 
>>>>>>>>>>>>>>>>>>>>>
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
No comments:
Post a Comment