For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Monday 20 January 2014

ဌာနတစ်ခုမှာ လုပ်ကိုင်နေကြပုံလေးကို အနည်းငယ်ဆွေးနွေးလိုပါတယ်။ >>>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

ဌာနတစ်ခုမှာ လုပ်ကိုင်နေကြပုံလေးကို အနည်းငယ်ဆွေးနွေးလိုပါတယ်။ ဒီနေရာမှာ ပုဂ္ဂိုလ်ရေးကို ပြောလိုတာမဟုတ်ပါ။ လုပ်ထုံးလုပ်နည်းကိုသာ တင်ပြလိုတာပါ။ မကွေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ရဲ့ အခွန်ကောက်ခံပုံလေးပါ။ အခွန်ခေါင်းစဉ်ကတော့ အန္တရာယ်ဖြစ်ရန်ရှိသည့် လုပ်ငန်းလုပ်ကိုင်ခွင့်အတွက် ပေးရန်ရှိတဲ့လိုင်စင်ခွန်ပါ။ ဒါပေမဲ့ နာရီပြင်ဆိုင် ဖွင့်ထားတဲ့ မိတ်ဆွေတစ်ယောက်ပြောဖူးတယ်။ သူ့ဆိုင်လည်း ဒီခေါင်းစဉ်အောက်ပါမှာပါတယ်။ နာရီကလွင့်စင်ထွက်လာမဲ့ စပရင်က ပတ်ဝန်းကျင်ကို အန္တရာယ်ပေးနိုင်လို့ထင်ပါရဲ့တဲ့။ ခေါင်းစဉ်ကတော့ ထားပါတော့ ယခင့်ယခင်က စက်ဆုတ်ဖွယ်ရာသောဆိုတဲ့ စကားလုံးထည့်ထားတာနဲ့စာရင် မဆိုးပါဘူး။ အခွန်နှုန်းထားအနေနဲ့လည်း reasonable ဖြစ်တယ်လို့ဆိုနိုင်ပါတယ်။ ဒါပေမဲ့ မကွေးခရိုင်အတွင်းက တစ်ခြားမြို့တွေနဲ့နှိုင်းယှဉ်လိုက်ရင် ၂ ဆမကများနေတယ်လို့လည်း ပြောကြပါတယ်။ ဒါနဲ့ပတ်သက်လို့ အေးချမ်းဖြိုးလို့ခေါ်တဲ့ခေတ်က လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံတဲ့အစည်းအဝေးတစ်ခုမှာ ထွေ/အုပ် ဦးစီးအရာရှိတစ်ယောက်က မကွေးမြို့နယ် စည်ပင်ကို (က)အဆင့် သတ်မှတ်ထားတာကြောင့် စည်ပင်ခွန်ကို (က)အဆင့်ပြည့်မီအောင် ကောက်ခံရတာလို့ပြောတာ ကြားသိမှတ်သားခဲ့ရဖူးပါတယ်။ ပမာဏကတော့ သိန်းထောင်ဂဏန်းပါ။ တိတိကျကျမမှတ်မိတော့ပါဘူး။ အခွန်ကို (က)အဆင့်ပြည့်မီအောင် ကောက်ပြီး လုပ်ဆောင်စရာတွေကိုတော့ (က)အဆင့်ပြည့်မီအောင်လုပ်ဆောင်သလားဆိုတာကတေ့ မေးခွန်းထုတ်စရာပါ။ အနည်းငယ်လောက်တော့ တင်ပြပါဦးမယ်။ ဥပမာ လမ်းအများစုမှာ လမ်းမီးတွေရှိသလား။ လမ်းမီးတွေ အချိန်မှန် အပိတ်အဖွင့်လုပ်သလား။ ရေမီတာတပ်ထားတဲ့ သီးသန့်ရေတိုင်တွေမှာ ရေအမြဲလာသလား။ ထားပါတော့ အမြဲမလာနိုင်ပေမဲ့ ပုံမှန်လာသလား။ ကျွန်တော်သိသလောက်ကတော့ ရေမီတာတွေရှိပေမဲ့ ရေမရကြပါဘူး။ ရေမလာရင် မီတာမတက်ပါဘူး။ မီတာမတက်ပေမဲ့ ရေမီတာခကတာ့ ပုံမှန်ဆောင်နေကြရပါတယ်။ အများစုကတော့ ကိုယ်ပိုင်အ၀ီစိတွင်း တူးပြီးဖြေရှင်းနေကြရပါတယ်။ ကိုယ်ပိုင်တွင်းတူးဖို့ အဆင်မပြေတဲ့ အိမ်တွေကတော့ နီးစပ်ရာရေရောင်းတဲ့အိမ်ကနေ တွန်းလှည်း(သို့မဟုတ်) ပိုက်နဲ့ ၀ယ်သုံးရပါတယ်။ အိမ်တိုင်းအိမ်တိုင်းအ၀ီစိတွင်းတူးခြင်းရဲ့ အကျိုးသက်ရောက်မှုကတော့ လျှပ်စစ်ဓာတ်အား မလုံလောက်မှုဆိုတာ ဖြစ်လာတာပါပဲ။ နောက်ပြီး ကန်သာရပ်ကွက် (အေ)(ဘီ)(စီ-၁) အုပ်စု မေတ္တာလမ်းနဲ့ သစ္စာလမ်းကြားမှာ ရေနံထွက်ပါတယ်။ ဆိုလိုတာက ဓာတ်ဆီ၊ ဒီဇယ်ဆီချက်လို့ရတဲ့ရေနံမဟုတ်ပါဘူး။ မိန်းရေပိုက်ထဲကို မြောင်းပုပ်ရေတွေဝင်နေပြီး ရေပေးဝေတဲ့အခါမှာ အဲဒီရေပိုက်ထဲက မြောင်းပုပ်ရေတွေရောပြီးထွက်လာတဲ့ ရေနံတွေပါ။ ရေလာပြီဆိုရင် အဲဒီမြောင်းပုပ်ရေနောက်ရေနံတွေကို ဘေးကိုဖွင့်ထုတ်ထားရပါတယ်။ နာရီဝက်ကျော်လောက်ထားပြီးမှ ရေကြည်ထွက်ပါတယ်။ ဒါပေမဲ့ အနံ့က မပျောက်ပါဘူး။ အဲဒီရေတွေက သောက်သုံးဖို့ဝေးစွ၊ ချိုးရေ၊ ဆေးကြောရေဖြစ်သုံးတာတောင် ကျန်းမာရေးအတွက် မကောင်းနိုင်ပါဘူး။ ဒီ ရေနံထွက်တဲ့ကိစ္စကို ယခင်အစိုးရလက်ထက်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ကို ရေနမူနာနဲ့ တင်ပြဖူးတယ်လို့ကြားဖူးတယ်။ အဲဒီအချိန်တုန်းကတော့ လုံးဝရေဖြတ်ခံလိုက်ရတယ်လို့ ကြားလိုက်ရတယ်။ ယခု ကိုယ်ပိုင်အ၀ီစိတွင်းတူးနိုင်တဲ့အိမ်တွေအနေနဲ့လည်း အိမ်ဝိုင်းကျဉ်းကျဉ်းလေးတွေမှာ တူးရတဲ့အတွက် ကျန်းမာရေးဆိုင်ရာစံချိန်စံညွှန်းတွေနဲ့ ကိုက်ညီမှုမရှိနိုင်ပါဘူး။ နောက် မြေအောက်ရေထိန်းချုပ်တဲ့စနစ်မရှိတော့ အလွန်အကျွံထုတ်ယူသုံးစွဲနေတဲ့အတွက် Ecosystem ပေါ်မှာ အကျိုးသက်ရောက်မှုရှိလိမ့်မယ်ထင်ပါတယ်။
အခွန်ဘက်ကိုပြန်လှည့်ကြည့်ရအောင်
အခွန်ကောက်ခံတဲ့အခါမှာ Mobile ပေါ့။ အကြီးတန်းစာရေးတွေပဲပါမယ်ထင်ပါတယ်။ ဆိုင်ကယ်နဲ့ ၂ ယောက် ၃ ယောက် တစ်တွဲလှည့်ပတ်ကောက်ခံပါတယ်။ စည်းစနစ်ကျနမှုသိပ်မရှိလှပါဘူး။ Random သဘောမျိုး တွေ့ရာဆိုင်တွေ လုပ်ငန်းတွေကို ကောက်ခံသွားတာပါ။ ဒါနဲ့ပတ်သက်လို့ 2004 ခုနှစ်လောက်က ကျွန်တော့်ဆိုင်ကို ၂ ခါလာကောက်ခဲ့ဖူးပါတယ်။ သူတို့ဆီမှာ ဆောင်ပြီးတဲ့ဆိုင်နဲ့ မဆောင်ရသေးတဲ့ဆိုင် မှတ်သားခဲ့တာမျိုးရှိပုံမပေါ်ပါဘူး။ အဲဒီတုန်းက ကျွန်တော်ပြေစာမပြနိုင်ရင် ထပ်ပေးရမယ့်ပုံပါဘဲ။  အခုလည်းပဲ ဒီသဘောမျိုးတွေဆန်ဆန်ပါဘဲ။ အရှိန်အ၀ါရှိတဲ့သူတွေဆို ပြောဆိုလွှတ်လိုက်လို့ မကောက်ဝံ့တော့ပါဘူး။ ကျွန်တော့် မိတ်ဆွေမီဒီယာသမားတစ်ယောက်ဆိုလည်း လုပ်ငန်းလုပ်ထားတယ်။ သူ့ဆိုင်ကိုဆိုင်ခွန်လာကောက်တယ်။ သူကလည်း ဆောင်မယ်ပေါ့။ လောလောဆယ် ဆောင်စရာပိုက်ဆံမပြည့်ဘူး။ နောက်တစ်ခါလာရင်ဆောင်မယ်ပြောလိုက်တယ်။ မီဒီယာသမားမှန်းသိသွားလို့ထင်ပါရဲ့။ နောက်တစ်ခေါက်လာမကောက်တော့ဘူးလို့ပြောဖူးတယ်။
အများစုကတော့ ဘဏ်နဲ့အလုပ်လုပ်ချင်ကြတယ်။ ဘဏ်ချလန်တောင်းတယ်။ ပေးလို့မဖြစ်ဘူးပြောတယ်။ အကြောင်းပြချက်က မခိုင်လုံဘူး။ ရုံးကိုသွားဆောင်မယ်ဆိုတော့လည်း မဆောင်ပါနဲ့ပြောတယ်။ သူတို့ဆီမှာပဲဆောင်ရမယ်ပြောတယ်။ ပေးဆောင်တဲ့အခါမှာလည်း ပြေစာမှာ 40000 ကျပ်ရေးရင် 41000 ကျပ်ပေးရပါတယ်။ ပြေစာများစုမှာ အမှုဆောင်အရာရှိလက်မှတ်မပါပါဘူး။ ကောက်ခံသူရဲ့ အမည်နဲ့ ရထူးမပါပါဘူး။ ကောက်ခံသူရဲ့ initial လောက်ပဲပါပါတယ်။ ဒီလိုဖြစ်ကတတ်ဆန်းပြေစာနဲ့ အခွန်ဆောင်ရတာ ခိုင်လုံမှုရှိမရှိ/နိုင်ငံတော်ဘဏ္ဍာခေါင်းစဉ်ထဲရောက်မရောက် ဆိုတာ မေးခွန်းထုတ်စရာပါ။ ဒီခေတ် ဒစ်ဂျစ်တယ်ပုံနှိပ်စက်တွေ ပေါနေတဲ့အချိန်မှာ ဒီလိုပြေစာမျိုးတွေက နေရာတိုင်းမှာ အမြန်ရိုက်လို့ရနိုင်ပါတယ်။ သူတို့ကောက်ခံနေတဲ့စနစ်က ပွင့်လင်းမြင်သာမှုမရှိပါဘူး။ လူတိုင်းအိမ်တိုင်းဟာ စည်ပင်ခွန်တွေ အရပ်ရပ်အခွန်တွေ ထမ်းဆောင်ရမယ့်တာဝန်ရှိကြပါတယ်။ ထမ်းဆောင်ချင်လာအောင် ဌာနဆိုင်ရာတွေအနေနဲ့ ပညာပေးဖို့၊ ကောက်ခံတဲ့နေ့ရာ သုံးစွဲတဲ့နေရာမှာပွင့်လင်းမြင်သာမှုရှိဖို့ လိုအပ်မယ်လို့ ယူဆပါတယ်။ နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်ရဲ့ သမ္မတသက်တမ်းတစ်လျှောက်လုံးမှာလည်း good governance, clean government ဆိုတာ အမြဲပြောနေတဲ့စကားပါပဲ။ ပြည်သူ့လစာကို စားနေတဲ့ ပြည်သူ့ဝန်ထမ်းတွေအနေနဲ့ ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှု၊ တာဝန်ယူမှုတွေရှိမှုတွေရှိမှ နိုင်ငံတော်သမ္မတရဲ့ လမ်းညွှန်ချက်နဲ့ကိုက်ညီမှာဖြစ်ပါတယ်။

ကိုဒေါင်း(မကွေး)
 >>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။


No comments:

Post a Comment